သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-တ႐ုတ္ ဆက္ဆံေရး ကုစားဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္း


တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi။ (ႏိုဝင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

သမၼတေဟာင္း Donald Trump လက္ထက္ အဆင္မေျပျဖစ္ခဲ့ရတဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျပန္လည္ ကုစားဖို႔ ႏွစ္ဘက္ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ ျပဳလုပ္ဖို႔ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေပါင္းစုံ ဆက္ဆံေရးက ႏိုင္ငံတစ္ႏိုင္ငံကို တျခားႏိုင္ငံေတြက ပစ္မွတ္ထားဝန္းရံ ပိတ္ဆို႔ၿပီး အုပ္စုဖြဲ႕တဲ့ ႏိုင္ငံေရးမ်ိဳး မဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။

တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Wang Wenbin ကလည္း တ႐ုတ္ႏိ္ုင္ငံအေနနဲ႔ ႏိုင္ငံတကာဆက္ဆံေရးမွာ ေဆြးေႏြးညိွႏိႈင္းမႈေတြနဲ႔ ကိုင္တြယ္ေျဖရွင္းသြားမယ္လို႔ ဒီကေန႔ပဲ ေျပာခဲ့ပါတယ္။

"တ႐ုတ္၊ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြဟာ ကမာၻ႔ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္မႈ၊ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ႀကီးပြားခ်မ္းသာေရးကို ေဆာင္က်ဥ္း ထိန္းသိမ္းရာမွာ အေရးႀကီးတဲ့ အင္အားစုေတြ ျဖစ္ပါတယ္။ ႏိုင္ငံေပါင္းစုံ ဆက္ဆံေရးကို အတူပူးတြဲ က်င့္သုံးေစာင့္ထိန္းသင့္ပါတယ္။ ႏိုင္ငံေပါင္းစုံ ဆက္ဆံေရးရဲ႕ အႏွစ္သာရ အဓိပၸါယ္က ကမာၻ႔အေရးကိစၥေတြကို ညႇိႏႈိင္းေဆြးေႏြး တိုင္ပင္မႈကတဆင့္ ကိုင္တြယ္တာ ျဖစ္ပါတယ္။" လို႔ ေျပာခြင့္ရ WANG WENBIN က ေျပာပါတယ္။

ထရမ့္ အစိုးရလက္ထက္ တ႐ုတ္ႏိုင္ငံကို ကန္႔သတ္ ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္ခ်က္ေတြက ထိခိုက္မႈေတြ ျဖစ္ေပၚစေတာေၾကာင့္ တ႐ုတ္ ကုန္ပစၥည္းေတြအေပၚ သြင္းကုန္ခြန္ စည္းၾကပ္ထားမႈကို ဖယ္ရွားဖို႔နဲ႔ တ႐ုတ္ နည္းပညာလုပ္ငန္းကို ဖိႏွိပ္ခ်ဳပ္တာေတြကို စြန္႔လႊတ္ဖို႔ကိုလည္း တ႐ုတ္ ႏိုင္ငံေတာ္ ေကာင္စီဝင္လည္းျဖစ္ ႏိုင္ငံျခားေရး ဝန္ႀကီးလည္း ျဖစ္သူ Wagn Yi က ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္တို႔အေနနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ အေရးႀကီးတဲ့ အက်ိဳးစီးပြားေတြကို ေလးစားဖို႔၊ တ႐ုတ္ႏိုင္ငံရဲ႕ ျပည္တြင္းေရး စြက္ဖက္ေနတာေတြကို ရပ္ဆိုင္းဖို႔နဲ႔ ထိုင္ဝမ္ လြတ္လပ္ေရး ေတာင္းဆိုေနတဲ့ ခြဲထြက္ေရးဝါဒီေတြနဲ႔အတူ အခက္အခဲ ျဖစ္ေအာင္လုပ္ေနတာေတြကို ရပ္ဆိုင္းဖို႔ကိုလည္း သူက ေတာင္းဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြထဲ အေမရိကန္တို႔က ႏွစ္ဘက္ ေတြ႕ဆုံ ေဆြးေႏြးေရးအဆင့္အားလုံးကို ျဖတ္ေတာက္ ရပ္ဆိုင္း ျဖစ္ခဲ့တယ္လို႔လည္း အသင့္ျပင္ထားတဲ့ မိန္႔ခြန္းကို ဖတ္ၾကားရာမွာ Wang Yi က ထည့္သြင္း ေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်-တရုတ် ဆက်ဆံရေး ကုစားဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

သမ္မတဟောင်း Donald Trump လက်ထက် အဆင်မပြေဖြစ်ခဲ့ရတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် ကုစားဖို့ နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လည်စတင် ပြုလုပ်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံပေါင်းစုံ ဆက်ဆံရေးက နိုင်ငံတစ်နိုင်ငံကို တခြားနိုင်ငံတွေက ပစ်မှတ်ထားဝန်းရံ ပိတ်ဆို့ပြီး အုပ်စုဖွဲ့တဲ့ နိုင်ငံရေးမျိုး မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin ကလည်း တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဒီကနေ့ပဲ ပြောခဲ့ပါတယ်။

"တရုတ်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကြီးပွားချမ်းသာရေးကို ဆောင်ကျဉ်း ထိန်းသိမ်းရာမှာ အရေးကြီးတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံ ဆက်ဆံရေးကို အတူပူးတွဲ ကျင့်သုံးစောင့်ထိန်းသင့်ပါတယ်။ နိုင်ငံပေါင်းစုံ ဆက်ဆံရေးရဲ့ အနှစ်သာရ အဓိပ္ပါယ်က ကမ္ဘာ့အရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုကတဆင့် ကိုင်တွယ်တာ ဖြစ်ပါတယ်။" လို့ ပြောခွင့်ရ WANG WENBIN က ပြောပါတယ်။

ထရမ့် အစိုးရလက်ထက် တရုတ်နိုင်ငံကို ကန့်သတ် ထိန်းချုပ်ဖို့ လုပ်ဆောင်ချက်တွေက ထိခိုက်မှုတွေ ဖြစ်ပေါ်စတောကြောင့် တရုတ် ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် စည်းကြပ်ထားမှုကို ဖယ်ရှားဖို့နဲ့ တရုတ် နည်းပညာလုပ်ငန်းကို ဖိနှိပ်ချုပ်တာတွေကို စွန့်လွှတ်ဖို့ကိုလည်း တရုတ် နိုင်ငံတော် ကောင်စီဝင်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ Wagn Yi က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်တို့အနေနဲ့ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို လေးစားဖို့၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး စွက်ဖက်နေတာတွေကို ရပ်ဆိုင်းဖို့နဲ့ ထိုင်ဝမ် လွတ်လပ်ရေး တောင်းဆိုနေတဲ့ ခွဲထွက်ရေးဝါဒီတွေနဲ့အတူ အခက်အခဲ ဖြစ်အောင်လုပ်နေတာတွေကို ရပ်ဆိုင်းဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေထဲ အမေရိကန်တို့က နှစ်ဘက် တွေ့ဆုံ ဆွေးနွေးရေးအဆင့်အားလုံးကို ဖြတ်တောက် ရပ်ဆိုင်း ဖြစ်ခဲ့တယ်လို့လည်း အသင့်ပြင်ထားတဲ့ မိန့်ခွန်းကို ဖတ်ကြားရာမှာ Wang Yi က ထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG