[Zawgyi/Unicode]
ေတာင္တ႐ုတ္ပင္လယ္ထဲမွာ တ႐ုတ္ႏုိင္ငံက သူပိုင္တယ္လို႔ေၾကညာထားတဲ့ ကၽြန္းေတြနားကေန အေမရိကန္ ေရတပ္သေဘၤာတစ္စင္း ဒီကေန႔ ျဖတ္ေမာင္းခဲ့ပါတယ္။
ပိုင္ဆုိင္မႈအျငင္းပြားေနတဲ့ ေရျပင္နယ္နိမိတ္ထဲမွာ တ႐ုတ္က သူပိုင္နယ္ေတြအျဖစ္ ေၾကညာထားတာကို အေမရိကန္က စိန္ေခၚၿပီး လြတ္လပ္စြာ ေရေၾကာင္းသြားလာခြင့္ကို ျပသတဲ့သေဘာပဲျဖစ္ပါတယ္။
USS Russell ဖ်က္သေဘၤာဟာ "Spratley ကၽြန္းစုေတြနားမွာ ႏုိင္ငံတကာဥပေဒနဲ႔အညီ ေရေၾကာင္းသြားလာခြင့္နဲ႔ လြတ္လပ္ခြင့္ကို က်င့္သံုးလုပ္ေဆာင္ခဲ့ပါတယ္။" လို႔ အေမရိကန္ အမွတ္ ၇ ေရတပ္ဖြဲ႔က ေျပာပါတယ္။
အဲဒီကၽြန္းစုအားလံုးကုိ ပိုင္တယ္လုိ႔ တ႐ုတ္ကေၾကညာထားၿပီး ဘ႐ူႏုိင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ တိုင္ဝမ္နဲ႔ ဗီယက္နမ္တို႔ကလည္း ကၽြန္းစုရဲ႕ တစိတ္တပိုင္း ဒါမွမဟုတ္ အားလံုးကုိ ပိုင္တယ္လို႔ အၿပိဳင္ေၾကညာထားတာပါ။
သဘာဝအရင္းအျမစ္ ေပါႂကြယ္ဝတဲ့ ေတာင္တ႐ုတ္ပင္လယ္တြင္း နယ္ေျမေတြကို သူပိုင္အျဖစ္ တ႐ုတ္ကေၾကညာထားတဲ့ကိစၥဟာ ဆက္ဆံေရး ပိုၿပီးယိုယြင္းလာေနတဲ့ အေမရိကန္နဲ႔ တ႐ုတ္ၾကားမွာ အဓိကကိစၥရပ္တစ္ခု ျဖစ္လာေနတာပါ။
ကုန္သြယ္ေရး၊ COVID-19 ကပ္ေရာဂါ ဘယ္ကစခဲ့သလဲဆိုတဲ့ကိစၥ၊ ေဟာင္ေကာင္အေရး၊ တိုင္ဝမ္အေရးနဲ႔ ဝီဂါမြတ္ဆလင္ေတြအေပၚ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြေၾကာင့္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး အဆင္မေျပျဖစ္ေနတာပါပဲ။
အက်ဳိးစီးပြား အၿပိဳင္ျဖစ္ေနတဲ့ ကိစၥရပ္ေတြနဲ႔ပတ္သက္လို႔ တ႐ုတ္ႏုိ္င္ငံဟာ အိမ္နီးခ်င္းႏုိင္ငံေတြအေပၚ အႏုိင္က်င့္ဖို႔ ႀကိဳးစားေနတယ္ဆုိၿပီး အေမရိကန္က ျပစ္တင္႐ႈတ္ခ်ထားပါတယ္။
အေမရိကန္ဟာ ေဒသတြင္းမွာ မတည္မၿငိမ္ျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတယ္၊ သူတုိ႔အဆိုအရ ျပည္တြင္းေရးကိစၥေတြကို ဝင္စြက္ေနတယ္ဆိုၿပီး တ႐ုတ္ႏုိင္ငံဘက္ကလည္း ထပ္တလဲလဲ ျပစ္တင္ ေျပာဆိုထားပါတယ္။
[Unicode Version]
အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်ထဲ ကန်ရေတပ်သင်္ဘောဖြတ်မောင်း
တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံက သူပိုင်တယ်လို့ကြေညာထားတဲ့ ကျွန်းတွေနားကနေ အမေရိကန် ရေတပ်သင်္ဘောတစ်စင်း ဒီကနေ့ ဖြတ်မောင်းခဲ့ပါတယ်။
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နိမိတ်ထဲမှာ တရုတ်က သူပိုင်နယ်တွေအဖြစ် ကြေညာထားတာကို အမေရိကန်က စိန်ခေါ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ပြသတဲ့သဘောပဲဖြစ်ပါတယ်။
USS Russell ဖျက်သင်္ဘောဟာ "Spratley ကျွန်းစုတွေနားမှာ နိုင်ငံတကာဥပဒေနဲ့အညီ ရေကြောင်းသွားလာခွင့်နဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးလုပ်ဆောင်ခဲ့ပါတယ်။" လို့ အမေရိကန် အမှတ် ၇ ရေတပ်ဖွဲ့က ပြောပါတယ်။
အဲဒီကျွန်းစုအားလုံးကို ပိုင်တယ်လို့ တရုတ်ကကြေညာထားပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း ကျွန်းစုရဲ့ တစိတ်တပိုင်း ဒါမှမဟုတ် အားလုံးကို ပိုင်တယ်လို့ အပြိုင်ကြေညာထားတာပါ။
သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တွင်း နယ်မြေတွေကို သူပိုင်အဖြစ် တရုတ်ကကြေညာထားတဲ့ကိစ္စဟာ ဆက်ဆံရေး ပိုပြီးယိုယွင်းလာနေတဲ့ အမေရိကန်နဲ့ တရုတ်ကြားမှာ အဓိကကိစ္စရပ်တစ်ခု ဖြစ်လာနေတာပါ။
ကုန်သွယ်ရေး၊ COVID-19 ကပ်ရောဂါ ဘယ်ကစခဲ့သလဲဆိုတဲ့ကိစ္စ၊ ဟောင်ကောင်အရေး၊ တိုင်ဝမ်အရေးနဲ့ ဝီဂါမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး အဆင်မပြေဖြစ်နေတာပါပဲ။
အကျိုးစီးပွား အပြိုင်ဖြစ်နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် အနိုင်ကျင့်ဖို့ ကြိုးစားနေတယ်ဆိုပြီး အမေရိကန်က ပြစ်တင်ရှုတ်ချထားပါတယ်။
အမေရိကန်ဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်၊ သူတို့အဆိုအရ ပြည်တွင်းရေးကိစ္စတွေကို ဝင်စွက်နေတယ်ဆိုပြီး တရုတ်နိုင်ငံဘက်ကလည်း ထပ်တလဲလဲ ပြစ်တင် ပြောဆိုထားပါတယ်။