သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ရေလက်ကြား ကန်စစ်သင်္ဘော ဖြတ်သန်းမှု တရုတ်ကန့်ကွက်


(Zawgyi/Unicode)

တိုင်ဝမ်ရေလက်ကြားကနေ အမေရိကန် စစ်သဘောၤကြီး ၂ စင်း ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးဝါးဝါး အနှောက်အယှက်ပေးရာရောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန်စစ်သဘောၤတွေ တိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားတာကို သိရှိရပြီး ဒါကို တရုတ်အစိုးရက အနီးကပ်စောင့်ကြည့်နေသလို လုံးဝ ကန့်ကွက်ကြောင်းလည်း Mandarin ဘာသာနဲ့ပြောသွားတာပါ။ ဒါ့အပြင် ဘယ်လို ခြိမ်းခြောက် ရန်စမှု မျိုးကို မဆို တုန့်ပြန်ဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။

တိုင်ဝမ်ရေလက်ကြားမှာ ကြာသပတေးနေ့က အမေရိကန်စစ်သင်္ဘော၂ စင်း ဖြတ်သန်းမောင်းနှင်ခဲ့တာ ဖြစ်ပြီး ဒါဟာ ဒီလအတွင်း အမေရိကန်က ဒုတိယအကြိမ် ဖြတ်သန်းတာ ဖြစ်ပါတယ်။ အဲဒီတုန်းက တရုတ်က ဒီလမ်းကြောင်းအတိုင်းပဲ လေယာဉ်တင်သင်္ဘော Shandong ဦးဆောင်တဲ့ ရေတပ်သင်္ဘော အုပ်စုတစု စေလွှတ်ခဲ့တာပါ။

တိုင်ဝမ်ကို တရုတ်က သူပိုင်နယ်နိမိတ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး အမေရိကန်က တိုင်ဝမ်ကို လက်နက်ရောင်းချတာနဲ့ တိုင်ဝမ်ရေလက်ကြားမှာ စစ်သင်္ဘောတွေမောင်းနှင်တာကို တရုတ်က မကျေနပ်ပဲ ၂ နိုင်ငံ ဆက်ဆံရေးမှာပါ အဆင်မပြေမှုတွေ ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်


.............


(Unicode)





XS
SM
MD
LG