သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္တပ္ လႈပ္ရွားမႈေၾကာင့္ ေရလက္ၾကားမွာ ထိုင္ဝမ္ တပ္ခ်


ထုိင္ဝမ္ေရတပ္ စစ္သေဘၤာအခ်ဳိ႕။ (ဧၿပီ ၁၃၊ ၂၀၁၈)

(Zawgyi / Unicode)

တ႐ုတ္ ေလယာဥ္တင္သေဘၤာ Shandong ဦးေဆာင္တဲ့ ေရတပ္သေဘၤာ အုပ္စုတစု တနဂၤေႏြေန႔က ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းေမာင္းႏွင္ ဝင္ေရာက္လာတာေၾကာင့္ ထိုင္ဝမ္တို႔က ေရတပ္နဲ႔ ေလတပ္ တပ္ဖြဲ႔ေတြကို ေစလႊတ္ခ်ထားခဲ့ပါတယ္။

အေမရိကန္ စစ္သေဘၤာတစင္း အဲဒီေရလက္ၾကားကို ျဖတ္ေမာင္းအၿပီး ေနာက္တရက္မွာ တ႐ုတ္ေရတပ္ကသေဘၤာေတြ ျဖတ္သန္းေမာင္းႏွင္တာပါ။

ၿပီးခဲ့တဲ့ႏွစ္ ဒီအခ်ိန္ေလာက္ပဲ တ႐ုတ္ေရတပ္ ေလယာဥ္တင္သေဘၤာအျဖစ္ စတင္အသုံးျပဳခဲ့တဲ့ Shandong နဲ႔အတူ တျခားစစ္သေဘၤာ ၄ စင္း တ႐ုတ္ႏုိင္ငံေျမာက္ပိုင္း Dalian ဆိပ္ကမ္းကေန ၾကာသပေတးေန႔က ထြက္ခြာၿပီးတဲ့ေနာက္ ထိုင္ဝမ္ေရလက္ၾကားကို အခုလို ျဖတ္သန္းဝင္ေရာက္ခဲ့တာလို႔ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္သေဘၤာေတြရဲ႕ လႈပ္ရွားမႈကို ေစာင့္ၾကည္ဖို႔နဲ႔ တပ္ဖြဲ႔ေတြ အဆင္သင့္​ရွိေစဖို႔ စစ္သေဘၤာ ၆ စင္းနဲ႔ ေလတပ္ ေလယာဥ္ ၈ စီးကို ေစလႊတ္ခဲ့တယ္လို႔ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္ ေလယာဥ္တင္သေဘၤာေတြ အခုလို ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းေမာင္းႏွင္တာ ပထမဆုံးအႀကိမ္ မဟုတ္ေပမယ့္ ဒီတႀကိမ္ကေတာ့ ႏွစ္ဖက္ဆက္ဆံေရး တင္းမာေနခ်ိန္မွာ ျဖတ္သန္းေမာင္းႏွင္ခဲ့တာ ျဖစ္ပါတယ္။

ဒီမိုကေရစီနည္းနဲ႔ ကိုယ္ပိုင္ သီးျခားလြတ္လပ္စြာ အုပ္ခ်ဳပ္ေနတဲ့ ထိုင္ဝမ္ကို တ႐ုတ္တို႔က သူတို႔ရဲ႕နယ္ေျမအျဖစ္ သတ္မွတ္ထားတာပါ။

ထိုင္ဝမ္ကၽြန္းအနား တ႐ုတ္ေလတပ္ ေလယာဥ္ေတြ ပ်ံသန္းေမာင္းႏွင္တာ အပါအဝင္ တ႐ုတ္တို႔ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြအေပၚ ထိုင္ဝမ္တို႔က ထပ္တလဲလဲ ကန္႔ကြက္ေနေပမယ့္ တ႐ုတ္တို႔ကေတာ့ တိုင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေနတာလို႔ ေျပာပါတယ္။

တနဂၤေႏြေန႔က ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တဲ့ တ႐ုတ္ ေလယာဥ္တင္သေဘၤာအုပ္စုက ေတာင္ဘက္ပိုင္းကို ဆက္လက္ ေမာင္းႏွင္သြားတယ္လို႔ ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာေပမယ့္ တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ မွတ္ခ်က္တစုံတရာ ျပန္လည္ေပးတာ မရွိပါဘူး။

စေနေန႔ကေတာ့ ဒီႏွစ္ထဲ ၁၂ ႀကိမ္ေျမာက္အျဖစ္ အေမရိကန္ေရတပ္ စစ္သေဘၤာတစီး ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းေမာင္းႏွင္ခဲ့တာမွာ အဲဒီသေဘၤာေနာက္ကို ေနာက္ေယာက္ခံ လိုက္ခဲ့တယ္လို႔ တ႐ုတ္တို႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

တရုတ်တပ် လှုပ်ရှားမှုကြောင့် ရေလက်ကြားမှာ ထိုင်ဝမ် တပ်ချ

တရုတ် လေယာဉ်တင်သင်္ဘော Shandong ဦးဆောင်တဲ့ ရေတပ်သင်္ဘော အုပ်စုတစု တနင်္ဂနွေနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင် ဝင်ရောက်လာတာကြောင့် ထိုင်ဝမ်တို့က ရေတပ်နဲ့ လေတပ် တပ်ဖွဲ့တွေကို စေလွှတ်ချထားခဲ့ပါတယ်။

အမေရိကန် စစ်သင်္ဘောတစင်း အဲဒီရေလက်ကြားကို ဖြတ်မောင်းအပြီး နောက်တရက်မှာ တရုတ်ရေတပ်ကသင်္ဘောတွေ ဖြတ်သန်းမောင်းနှင်တာပါ။

ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ပဲ တရုတ်ရေတပ် လေယာဉ်တင်သင်္ဘောအဖြစ် စတင်အသုံးပြုခဲ့တဲ့ Shandong နဲ့အတူ တခြားစစ်သင်္ဘော ၄ စင်း တရုတ်နိုင်ငံမြောက်ပိုင်း Dalian ဆိပ်ကမ်းကနေ ကြာသပတေးနေ့က ထွက်ခွာပြီးတဲ့နောက် ထိုင်ဝမ်ရေလက်ကြားကို အခုလို ဖြတ်သန်းဝင်ရောက်ခဲ့တာလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည်ဖို့နဲ့ တပ်ဖွဲ့တွေ အဆင်သင့်ရှိစေဖို့ စစ်သင်္ဘော ၆ စင်းနဲ့ လေတပ် လေယာဉ် ၈ စီးကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ် လေယာဉ်တင်သင်္ဘောတွေ အခုလို ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်တာ ပထမဆုံးအကြိမ် မဟုတ်ပေမယ့် ဒီတကြိမ်ကတော့ နှစ်ဖက်ဆက်ဆံရေး တင်းမာနေချိန်မှာ ဖြတ်သန်းမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် သီးခြားလွတ်လပ်စွာ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်တို့က သူတို့ရဲ့နယ်မြေအဖြစ် သတ်မှတ်ထားတာပါ။

ထိုင်ဝမ်ကျွန်းအနား တရုတ်လေတပ် လေယာဉ်တွေ ပျံသန်းမောင်းနှင်တာ အပါအဝင် တရုတ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် ထိုင်ဝမ်တို့က ထပ်တလဲလဲ ကန့်ကွက်နေပေမယ့် တရုတ်တို့ကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာလို့ ပြောပါတယ်။

တနင်္ဂနွေနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တရုတ် လေယာဉ်တင်သင်္ဘောအုပ်စုက တောင်ဘက်ပိုင်းကို ဆက်လက် မောင်းနှင်သွားတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပေမယ့် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကတော့ မှတ်ချက်တစုံတရာ ပြန်လည်ပေးတာ မရှိပါဘူး။

စနေနေ့ကတော့ ဒီနှစ်ထဲ ၁၂ ကြိမ်မြောက်အဖြစ် အမေရိကန်ရေတပ် စစ်သင်္ဘောတစီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့တာမှာ အဲဒီသင်္ဘောနောက်ကို နောက်ယောက်ခံ လိုက်ခဲ့တယ်လို့ တရုတ်တို့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG