သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားဖြတ်သန်းမှု တရုတ်ဝေဖန်


USS Mustin ပဲ့ထိန်းတပ် ဒုံးဖျက်သင်္ဘော။ (သြဂုတ် ၁၈၊ ၂၀၂၀)
USS Mustin ပဲ့ထိန်းတပ် ဒုံးဖျက်သင်္ဘော။ (သြဂုတ် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်ဝမ်ရေလက်ကြား ဖြတ်မောင်းလာတဲ့ အမေရိကန် စစ်သင်္ဘောတစင်းကို တရုတ်စစ်ဘက်က နောက်ယောက်ခံ လိုက်ကြည့်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ပြောနေသူတွေကို မြှောက်ပေးတဲ့လုပ်ရပ်အဖြစ် တရုတ်ဘက်က အမေရိကန်ကို ဝေဖန်အပြစ်တင်ခဲ့ပါတယ်။

တရုတ်အနေနဲ့ ထိုင်ဝမ်ဟာ သူတို့ပိုင်နက်နယ်မြေ ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချပေးတာ၊ အခုလို အမေရိကန် စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းမှုတွေကြောင့် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုတင်းမာလာစေပါတယ်။

USS Mustin ပဲ့ထိန်းတပ် ဒုံးဖျက်သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းဥပဒေအရ ပုံမှန်လုပ်ရိုးလုပ်စဉ်အနေနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်မောင်းခဲ့တာ ဖြစ်တယ်လို့ အမေရိကန်ရေတပ်ဘက်က တုံ့ပြန်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ပိုင်းဖြတ်ထားတဲ့အတိုင်း အခုလို ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်သွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်မှုကတော့ ဒီနှစ်ထဲ ၁၂ ကြိမ်မြောက်ဖြစ်ပါတယ်။

တရုတ်စစ်ဘက်ကတော့ ဝေဟင်ကရော ရေပြင်ကပါ ဒီစစ်သင်္ဘော ဖြတ်သန်းမောင်းနှင်မှုကို နောက်ယောင်ခံ စောင့်ကြပ်ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်လွတ်မြောက်ရေး ခွဲထွက်သမားတွေကို မြှောက်ပေးသလိုဖြစ်တဲ့ ဒီလုပ်ရပ်ဟာ ထိုင်ဝမ်ကျွန်းရဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ တရုတ်ဘက်က ဆိုထားပါတယ်။

ထိုင်ဝမ်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဒီအမေရိကန်သင်္ဘော တောင်ဘက်စွန်းပိုင်းကို ဖြတ်ခုတ်မောင်းသွားတာ ထိုင်ဝမ်ဘက်ကလည်း စောင့်ကြည့်ခဲ့ပြီး ဒါဟာ ပုံမှန်ပါပဲလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)










XS
SM
MD
LG