သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝက္ကလီစာေတြနဲ႔ ပစ္ေပါက္ၾကတဲ့ ထိုင္ဝမ္အမတ္ေတြရဲ႕ ရန္ပြဲ 


(Zawgyi/Unicode)

ထိုင္ဝမ္မွာေတာ့ အေမရိကန္ဝက္သားနဲ႔ အမဲသားတင္သြင္းခြင့္ျပဳမဲ့ မူဝါဒအေျပာင္းအလဲကို ဆန္႔က်င္တဲ့အမတ္ေတြနဲ႔ ေထာက္ခံတဲ့အမတ္ေတြအၾကား ထိုးႀကိတ္တာနဲ႔ ဝက္အူေတြနဲ႔ေပါက္တာေတြ ရုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္ Su Tseng-shang အေနနဲ႔ ဒီဥပေဒျပဳအမတ္ေတြကို ဒီဝက္သား တင္သြင္းခြင့္မူဝါဒဆိုင္ရာ ပံုမွန္မူဝါဒေရးရာ ရွင္းလင္းဖို႔ရွိခ်ိန္မွာ၊ KMT လို႔လူသိမ်ားတဲ့ အတိုက္အခံ အမ်ိဳးသားေရးပါတီ အမတ္ေတြက ဝက္ကလီစာေတြနဲ႔ ပစ္ေပါက္ၿပီး ဝိုင္းပိတ္ဆို႔ခဲ့ရာကေန မေန႔က ခုလိုျဖစ္ခဲ့တာပါ။

ခုလိုပိတ္ဆို႔မူအေပၚ အစိုးရပါတီအမတ္ေတြဘက္ကလည္း ရပ္တန္႔ပစ္ဖို႔ႀကိဳးပမ္းရာကေန အျပန္အလွန္ထိုးႀကိတ္မူေတြျဖစ္ၿပီး လြတ္ေတာ္ထဲ ဝရုန္းသုန္းကားျဖစ္ခဲ့ရပါတယ္။

ဒီလြတ္ေတာ္ထိုးႀကိတ္ပြဲထဲမွာ အစိုးရပါတီ DPP ဒီမိုကေရစီတိုးတက္ေရးပါတီ အမတ္တစ္ဦးကဆိုရင္ အတိုက္အခံပါတီ KMT ကူမင္တန္အမတ္တဦးကို လႊတ္ေတာ္ၾကမ္းျပင္ေပၚလဲက်တဲ့အထိ နပန္းလံုး တိုက္ခိုက္ခဲ့ပါတယ္။

တကယ္ေတာ့ ထိုင္ဝမ္အစိုးရအေနနဲ႔ ကာလၾကာရွည္ပိတ္ပင္ထားခဲ့တဲ့ ဒီ အေမရိကန္က ဝက္သားနဲ႔ အမဲသားတင္ပို႔မူကို အရင္က လာမဲ့ဇန္နဝါရီမွာ ရုတ္သိမ္းဖို႔ရွိခဲ့ရာကေန၊ အခုၾသဂုတ္လမွာ ျပန္ရုတ္သိမ္းေပးခဲ့တာပါ။

ခုလိုရုတ္သိမ္းခဲ့တာက အေမရိကန္နဲ႔ မၾကာခင္ ညိႈႏိႈင္းဖို႔ရွိလာႏိုင္တဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္မတိုင္ခင္၊ ကနဦးေျခလွမ္းအျဖစ္ ေလ်ာ့ေပါ့ေပးလိုက္တာလို႔ သံုးသပ္မူေတြရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

ထိုင်ဝမ်မှာတော့ အမေရိကန်ဝက်သားနဲ့ အမဲသားတင်သွင်းခွင့်ပြုမဲ့ မူဝါဒအပြောင်းအလဲကို ဆန့်ကျင်တဲ့အမတ်တွေနဲ့ ထောက်ခံတဲ့အမတ်တွေအကြား ထိုးကြိတ်တာနဲ့ ဝက်အူတွေနဲ့ပေါက်တာတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-shang အနေနဲ့ ဒီဥပဒေပြုအမတ်တွေကို ဒီဝက်သား တင်သွင်းခွင့်မူဝါဒဆိုင်ရာ ပုံမှန်မူဝါဒရေးရာ ရှင်းလင်းဖို့ရှိချိန်မှာ၊ KMT လို့လူသိများတဲ့ အတိုက်အခံ အမျိုးသားရေးပါတီ အမတ်တွေက ဝက်ကလီစာတွေနဲ့ ပစ်ပေါက်ပြီး ဝိုင်းပိတ်ဆို့ခဲ့ရာကနေ မနေ့က ခုလိုဖြစ်ခဲ့တာပါ။

ခုလိုပိတ်ဆို့မူအပေါ် အစိုးရပါတီအမတ်တွေဘက်ကလည်း ရပ်တန့်ပစ်ဖို့ကြိုးပမ်းရာကနေ အပြန်အလှန်ထိုးကြိတ်မူတွေဖြစ်ပြီး လွတ်တော်ထဲ ဝရုန်းသုန်းကားဖြစ်ခဲ့ရပါတယ်။

ဒီလွတ်တော်ထိုးကြိတ်ပွဲထဲမှာ အစိုးရပါတီ DPP ဒီမိုကရေစီတိုးတက်ရေးပါတီ အမတ်တစ်ဦးကဆိုရင် အတိုက်အခံပါတီ KMT ကူမင်တန်အမတ်တဦးကို လွှတ်တော်ကြမ်းပြင်ပေါ်လဲကျတဲ့အထိ နပန်းလုံး တိုက်ခိုက်ခဲ့ပါတယ်။

တကယ်တော့ ထိုင်ဝမ်အစိုးရအနေနဲ့ ကာလကြာရှည်ပိတ်ပင်ထားခဲ့တဲ့ ဒီ အမေရိကန်က ဝက်သားနဲ့ အမဲသားတင်ပို့မူကို အရင်က လာမဲ့ဇန်နဝါရီမှာ ရုတ်သိမ်းဖို့ရှိခဲ့ရာကနေ၊ အခုသြဂုတ်လမှာ ပြန်ရုတ်သိမ်းပေးခဲ့တာပါ။

ခုလိုရုတ်သိမ်းခဲ့တာက အမေရိကန်နဲ့ မကြာခင် ညှိုနှိုင်းဖို့ရှိလာနိုင်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်မတိုင်ခင်၊ ကနဦးခြေလှမ်းအဖြစ် လျော့ပေါ့ပေးလိုက်တာလို့ သုံးသပ်မူတွေရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG