သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် အဖမ်းအဆီး မျက်မြင်တဦးရဲ့ ပြောပြချက်


Protesters take part in a demonstration against the military coup in Naypyidaw on February 22, 2021. (Photo by STR / AFP)
Protesters take part in a demonstration against the military coup in Naypyidaw on February 22, 2021. (Photo by STR / AFP)

{{Zawgyi/Unicode}}

နှစ် ၅လုံး လှုပ်ရှားမှု လုပ်တာနဲ့ပတ်သတ်လို့ နေပြည်တော် ဆန္ဒပြပွဲကို နေရာ ၃နေရာမှာ ရဲ နဲ့ စစ်သားတွေက နိုမ်နင်းခဲ့ပါတယ်။

ရာဇဌာနီအဝိုင်းနားကနေ ပျဉ်းမနားပြန်ဖို့လုပ်နေချိန် မှာ ရေဗူးတို့ ထမင်းဝေသူတွေ နဲ့ ဆန္ဒပြသူတွေကိုဖမ်းဆီးခဲ့ပါတယ်။

နောက်ထပ်တနေရာမှာလည်း ပျဉ်းမနားပြန် သပိတ်စစ် ကြောင်းနောက်လိုက်ပြီး နောက်ကနေ ဆန္ဒပြလူတွေကိုဖမ်းခဲ့ပါတယ်။ ဒါအပြင် ပျဉ်းမနားနာရီစင်နီးမှာလည်းဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။

ည ၉ခွဲထိ စာရင်းက လူပေါင်း ၁၉၃၊ ဆိုင်ကယ် ၂၈၈၊ ကား ၈စီးဖမ်းသွားတယ်လို့ စာရင်းထွက်လာပါ တယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသမီးတွေအများဆုံးပါတယ်လို့သိရပါတယ်။

အမျိုးသမီးဦးရေတော့သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးသိရှိထားတဲ့ ပျဉ်းမနားဒေသခံ ဦးဝင်းကို ဗွီအိုအေသတင်းထောက် မမေခ က မေးမြန်းထားပါတယ်။

မမေခ ။ ။ အခုညဖက်ဆိုတော့ ဆရာတို့သိပြီလားလို့ ။ ဘယ်လောက်လောက်များဖြစ်သွားလဲရှင့်။

ပျဉ်းမနားဒေသခံ ဦးဝင်း ။ ။ အခု ပထမ ၁၉ ၃ယောက်ပေါ့နော်။ ဒါပေမဲ့ အခု ၁၉ ၂ နဲ့ ၁၉ ၃ က တခုခုဖြစ်နေတယ်။ ပစ္စည်းကတော့ ၂၈၈ ဆိုင်ကယ်က။ ကားက ၈ စီး။ အဲလိုတော့ သတင်းရထားပါတယ်။

မမေခ ။.။ တချို့နေရာမျိုးမှာ အမျိုးသမီးတွေပျောက်တာမျိုး လူမှုကွန်ယက်တွေမှာ တွေ့တယ်။ အမျိုးသမီးတွေက ဘယ်အရွယ်တွေလဲ။ သူတို့တွေရဲ့ အခြေအနေကော ဆရာတို့ဘယ်လိုများသိထားလဲရှင့်။

ပျဉ်းမနားဒေသခံ ဦးဝင်း ။ ။ အမျိုးသမီးတွေကိုတော့ အတော်များများက ရဲတပ်ရင်း ၂ဝ မှာလို့ကြားတယ်။ ရဲတပ်ရင်း ၂ဝ ဆိုတာ နေပြည်တာ် ပုပ္ပသီရီ နဲ့ ဥတ္တရကြားပေါ့နော်။

မမေခ ။ ။ အမျိုးသမီးဘယ်နှစ်ယောက်လောက်များ

ပျဉ်းမနားဒေသခံ ဦးဝင်း ။. ။ လူငယ်နဲ့ အမျိုးသမီးဆိုများလိမ့်မယ်။ ၃ဝ အောက်ပေါ့နော်။ စာရင်းအရဆိုလို့ရှိရင် မိတ်ဆွေတွေရဲ့ အဖွဲ့အစည်းထဲက အကုန်လုံးပေါ့။ မိတ်ဆွေတွေကောပေါင်းလိုက်လို့ရှိရင် အမျိုးသမီးက ရာခိုင်နှုန်း အထူးသဖြင့် လူငယ်က ၃ပုံ ၂ပုံလောက်ပါတယ်။ အတိအကျနာမည်တွေမသိပေမဲ့ အမျိုးသမီးများတယ်။ ကျန်တဲ့အသက်အရွယ်ကတော့ တပုံလောက်ပဲပါတယ်။

မမေခ ။. ။ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ သူတို့တွေဘယ်လိုဆက်လုပ်သွားမယ်လို့ ဆရာတို့ကြားထားတာရှိလဲရှင့်။ ထောင်တွေပို့သွားမှာတို့ နောက်ပြီးတော့ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လွှတ်ပေးဖို့ကော ဆရာတို့ဘာများကြားထားတာရှိလဲရှင့်။

ပျဉ်းမနားဒေသခံ ဦးဝင်း ။.။ ကျနော်တို့အရင် အတွေ့အကြုံအရပေါ့သပြေကုန်းမှာ ဖမ်းမိသွားတဲ့ ကျောင်းသားလူငယ်တွေကို သွားပြီးဖိအားပေးတဲ့အခါမှာ ချက်ချင်းပြန်လွှတ်ပေးခဲ့တာရှိတယ်။ အသက်မပြည့်တဲ့လူငယ်တွေပေါ့နော်။ ကျောင်းနေတဲ့သူတွေကို ပြန်လွှတ်တယ်။ နောက်ပြီးတော့ ကျန်တဲ့သူတွေကို အမှုတင်တယ်။ တရားရုံးကတင်တာပေါ့။ နေပြည်တော်မှာရှိတဲ့ ရှေ့နေအဖွဲ့ရှိတယ်လေ။ ရှေ့နေအဖွဲ့ကနေပြီးတော့ သူတို့ကို အာမခံလုပ်ပေးတယ်။ အဲဒီမှာကတော့ အကုန်လုံးက အာမခံနဲ့ပေါ့နော်။ အရင်တသုတ်ကတော့ အာမခံနဲ့ တချို့ကတော့ အလွတ်ပေါ့နော်။ တချို့ကြတော့ အာမခံနဲ့ တရားရင်ဆိုင်ရတဲ့သဘောမှာရှိတယ်။ အခုလည်းပဲ အသက်မပြည့်တဲ့လူငယ်တွေပြန်လွှတ်တယ် ။ ဘယ်နှစ်ယောက်ဆိုတာတော့ ကျနော်စာရင်းမသိသေးဘူး။

မမေခ ။ ။ ဒီလိုမျိုးအမျိုးသမီးတွေ ကလေးတွေပေါ့နော်။ လူငယ်တွေအများစုပါဝင်တယ်ပေါ့နော်။ ဒီလိုမျိုး အမျိုးသမီးတွေနဲ့ လူငယ်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဆရာတို့ဘာများ သုံးသပ်ချင်ပါလည်းရှင့်။

ပျဉ်းမနားဒေသခံ ဦးဝင်း ။. ။ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် သူတို့က လူငယ် ။ အခုလက်ရှိအနေအထားအရဆိုလို့ရှိရင် သူတို့က လူငယ်တွေကို Target ထားတယ်။ တစ်အချက် တနိုင်ငံလုံးမှာ လူငယ်တွေက ရှေ့ဆုံးကနေပြီးတော့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့အချိန်မှာ သူတို့က လူငယ်တွေကို သိပ်ကြည့်မရဘူး။ Generation Z တွေကို ကြည့်မရဘူး။ နောက် နံပတ် ၂ ကတော့ အမျိုးသမီးတွေက ပြေးရလွှားရတဲ့အချိန်မှာ သူတို့က အလွယ်တကူဖမ်းမိသွားတာပေါ့နော်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}
















XS
SM
MD
LG