သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူတို႔ရဲ႕ ဒီမိုကေရစီေရး ရုန္းကန္မႈ ကုလအတြင္းေရးမ်ဴးခ်ဳပ္ ေထာက္ခံ


U.N. Secretary-General Antonio Guterres addresses the media during a joint news conference with German Foreign Minister Heiko Maas after a meeting in Berlin, Germany, December 17, 2020. Michael Sohn/Pool via REUTERS

{{Zawgyi/Unicode}}

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ ႏိုင္ငံအဆင္ျမင့္တာ၀န္ရွိသူေတြ ေဆြးေႏြးပဲြကို ဒီကေန႔ စတင္ျပဳလုပ္ရာမွာ ႐ုရွား အီသီယိုပီးယား သီရိလကၤာတို႔က လူ႔အခြင့္အေရးအေျခအေနေတြအျပင္၊ လတ္တေလာ ျမန္မာႏိ္ုင္ငံမွာ ရင္ဆိုင္ေနရတဲ့ စစ္အာဏာသိမ္းဆန္႔က်င္ဆႏၵျပမႈေတြနဲ႔ လူ႔အခြင့္အေရးစိုးရိမ္စရာအေျခအေနေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ ေအပီသတင္းဌာနက ေရးသားခ်က္ကို အေျခခံၿပီး မခြာညိဳေျပာျပပါမယ္။

ဒီကေန႔ ကုလလူ႔အခြင့္အေရးဆိုင္ရာ အစည္းအေဝးအတြင္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ျဖစ္ေပၚလာေနတဲ့ စိုးရိမ္စရာအေျခအေနေတြနဲ႔ပတ္သက္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က အခုလို ေျပာခဲ့တာပါ။

“ျမန္မာစစ္တပ္အေနနဲ႔ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြကို ခ်က္ျခင္းရပ္ပါ၊ ဖမ္းထားတဲ့သူေတြကို လႊတ္ေပးပါ။ အၾကမ္းဖက္မႈေတြရပ္တန္႔ပါ။ လူအခြင့္အေရးနဲ႔အတူ မၾကာခင္ကက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲေတြအေပၚ လူထုသေဘာထားထုတ္ေဖာ္ေနတာေတြကို ေလးစား လိုက္နာပါ။ ဒီအခ်က္ေတြအားလံုးကို ဒီကေန႔ က်ေနာ္ေတာင္းဆိုပါတယ္။ ဒီေန႔လို ေခတ္ကမာၻမွာ စစ္အာဏာသိမ္းမႈဆိုတာ ေနရာမရွိေတာ့ပါဘူး။ လူ႔အခြင့္အေရးေကာင္စီရဲ႕ဆံုးျဖတ္ခ်က္ကို က်ေနာ္ ႀကိဳဆိုေနပါတယ္။ ခင္ဗ်ားတို႔ရဲ႕ေတာင္းဆိုမႈကို ေအာင္ျမင္ ထေျမာက္ေစဖို႔လည္း ကတိျပဳပါတယ္။ ေနာက္ၿပီး ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးနဲ႔လူ႔အခြင့္အေရး၊ ေနာက္ၿပီး တရား ဥပေဒစိုးမိုးေရးတို႔အတြက္ ကိုယ္တုိင္ ႀကိဳးစား႐ုန္းကန္ေနၾကရတဲ့ ျမန္မာျပည္သူျပည္သားေတြအားလံုးကို က်ေနာ္ အျပည့္အဝေထာက္ခံပါတယ္ဆိုတာကိုလည္း ေျပာလိုပါတယ္။”

ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ သီတင္းေလးပတ္ၾကာ ဒီ အစည္းအေဝးေတြထဲမွာ သမၼတေတြနဲ႔ ဝန္ႀကီးခ်ဳပ္ေတြ တက္ ေရာက္မယ့္ အဆင့္ျမင့္အစည္းအေဝးအစီအစဥ္ေတြပါရွိၿပီး အလွည့္က်မိန္႔ခြန္းေျပာမယ့္သူေတြထဲမွာေတာ့ အတိုက္အခံေတြကို အၾကမ္းဖက္ႏွိမ္နင္းၿဖိဳခြဲတဲ့ ဗင္နီဇြဲလားသမၼတ Nicolas Maduro လည္း ပါဝင္ပါတယ္။

သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္မွာ ၂ ႏွစ္ခြဲၾကာႏႈတ္ထြက္ထားတဲ့ အေမရိကန္ျပည္ေထာင္စုလည္း ဒီလူ႔အခြင့္အေရးေကာင္စီမွာ ျပန္ပါလာပါတယ္။

တ႐ုတ္အစိုးရက ဝွီဂါမြတ္ဆလင္ေတြအေပၚျပမူဆက္ဆံပံုေတြအေပၚ စိုးရိမ္ပူပန္မႈေတြ၊ အီသီယုိပီးယားအစိုးရက တစ္ဂေရး ေဒသကို ခ်ဳပ္ကိုင္ထားတာနဲ႔ နီကာရာဂြါလို အစိုးရေထာက္ခံအားေပးမႈနဲ႔ အၾကမ္းဖက္မႈေတြက်ဴးလြန္ေနၾကတဲ့ႏိုင္ငံေတြဟာ ဒီအစည္းအေဝးအတြင္း အေသအခ်ာ စစ္ေဆးခံၾကရမွာမွာပါ။

“အခုအခါမွာ ႏုိင္ငံအေတာ္မ်ားမ်ားမွာျပည္တြင္းလံုၿခံဳေရးအတြက္ နံပါတ္ ၁ စိုးရိမ္စရာ ေကာင္းေန တာက ဒီလို အစြန္းေရာက္ဝါဒီေတြရဲ႕လႈပ္ရွားမႈေတြျဖစ္ပါတယ္။ လူတေယာက္ခ်င္း၊ အစုအဖြဲ႔ခ်င္း စုေပါင္း သြားၿပီး အမုန္း တရားရဲ႕ေလာင္ၿမိဳက္မႈကို မီးထိုးေပးေနၾကတယ္။ ေထာက္ပံ့ေပးေနၾကတယ္၊ အြန္လုိင္းကေန ျပည္တြင္းမွာေရာ ျပည္ပမွာပါ လူစုေနၾကတယ္။ အသင္းဖြဲ႔ေနၾကတယ္။ ႏုိင္ငံတကာကို လွည့္လည္ၿပီး အမုန္းတရားျဖစ္ေစမယ့္ သင္တန္းေတြေပးၾက၊ ဒီလို အေတြးအေခၚေတြသြတ္သြင္းေပးေနၾကတယ္။ ဒီလို အၿငိဳးအမုန္း၊ အာဃာတႀကီးတဲ့အုပ္စုေတြကို တာဝန္ရွိသူေတြက အားေပးအားေျမွာက္လုပ္ေပးေနတာေတြကိုလည္း မၾကာခနေတြ႔ေနရတယ္။ ဒါေတြဟာ အရင္တုန္းကဆိုရင္ ေတြးေတာင္မွ မေတြးဖူးခဲ့တဲ့ကိစၥေတြပါ။”

ႏို္င္ငံတကာ လူ႔အခြင့္အေရးအေျခအေနေတြအေပၚမွာလည္း အတြင္းေရးမႉးခ်ဳပ္ ဂူတားရက္စ္က အခုလို ေျပာပါတယ္။

“ကမၻာ့ေနရာအသီးသီးမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြရဲ႕ဒဏ္ကို ခံစားေနၾကရပါတယ္။ ဒီလိုမ်ဳိး ဆိုးဆိုးဝါးဝါးစိုးရိမ္စရာ အေျခအေနေတြက်ေရာက္ေနတဲ့ႏုိင္ငံေတြဟာလည္း တကယ့္ကို အမ်ားအျပားရွိေနတာပါ။ တခ်ဳိ႕ႏိုင္ငံေတြဆို အရမ္းကို ၾကာေနပါၿပီ။ ဒါေၾကာင့္လည္း လူ႔အခြင့္အေရးေကာင္စီဆိုတာရွိေနရၿပီး လူ႔အခြင့္အေရးေကာင္စီရဲ႕ အသိပညာေပးလုပ္ငန္းေတြ တိုးျမွင့္ေဆာင္ရြက္မႈ၊ လူေတြကို အကာကြယ္ေပးမႈနဲ႔ ဆက္လက္ေဆာင္ရြက္ေပးေနတဲ့ ေဆြးေႏြးညွိႏႈိင္းေဆာင္ရြက္မႈေတြနဲ႔ အေျဖရွာျခင္း စတဲ့ လုပ္ငန္းတာဝန္ေတြဟာ သိပ္ကို အေရးႀကီးတဲ့က႑မွာရွိေနရတာပါ။”

တခ်ဳိ႕အစုိးရေတြက လူ႔အခြင့္အေရးေတြကိုထိန္းခ်ဳပ္ဖိႏွိပ္ဖို႔ ကိုဗစ္-၁၉ ကပ္ေရာဂါတိုက္ဖ်က္ေရးအေၾကာင္းျပေနခ်ိန္မွာပဲ ကုလလူ႔အခြင့္အေရးဆုိင္ရာ အစည္းအေဝးက႑အားလံုးနီးပါးကို အြန္လိုင္းကေန က်င္းပေနတာျဖစ္ပါတယ္။

“က်ေနာ္တို႔အေနနဲ႔ ျပန္ၿပီးေခါင္းေထာင္လာတဲ့ နာဇီလက္သစ္ေတြ၊ လူျဖဴႀကီးစိုးေရးဝါဒီေတြနဲ႔ လူမ်ဳိးေရးခြဲျခားမႈ၊ တိုင္းရင္းသား လက္နက္ကိုင္အၾကမ္းဖက္လႈပ္ရွားမႈေတြအားလံုးကို တုိက္ဖ်က္ေရး အရွိန္ျမွင့္ ေဆာင္ရြက္ၾကရပါလိမ့္မယ္။ အဲဒီလို အႏၱရာယ္ႀကီးတဲ့ အမုန္းတရားအေျခခံၿပီးလႈပ္ရွားမႈေတြဟာ ေန႔စဥ္တိုးပြါးေနပါတယ္။”

အတြင္းေရးမႉးခ်ဳပ္ ဂူတားရက္စ္က - လူမ်ဳိးေရးခြဲျခားမႈ၊ ခြဲျခားဆက္ဆံမႈ၊ ႏိုင္ငံျခားသားေတြကို မလိုမုန္းတားမႈနဲ႔ နယ္စည္းမျခား အႏၱရာယ္ရွိေနတဲ့ လူျဖဴႀကီးစိုးေရးဝါဒနဲ႔ နာဇီလက္သစ္လႈပ္ရွားမႈေတြနဲ႔ပတ္သက္လို႔လည္း ဒီလိုအုပ္စုေတြဟာ အမုန္းတရားေတြနဲ႔ ႐ူးသြပ္ပူေလာင္ေနသူေတြလို႔ ေခၚဆိုၿပီး ေဝဖန္ခဲ့ပါတယ္ရွင္။

................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ နိုင်ငံအဆင်မြင့်တာဝန်ရှိသူတွေ ဆွေးနွေးပွဲကို ဒီကနေ့ စတင်ပြုလုပ်ရာမှာ ရုရှား အီသီယိုပီးယား သီရိလင်္ကာတို့က လူ့အခွင့်အရေးအခြေအနေတွေအပြင်၊ လတ်တလော မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ လူ့အခွင့်အရေးစိုးရိမ်စရာအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အေပီသတင်းဌာနက ရေးသားချက်ကို အခြေခံပြီး မခွာညိုပြောပြပါမယ်။

ဒီကနေ့ ကုလလူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေတဲ့ စိုးရိမ်စရာအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အခုလို ပြောခဲ့တာပါ။

“မြန်မာစစ်တပ်အနေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ချက်ခြင်းရပ်ပါ၊ ဖမ်းထားတဲ့သူတွေကို လွှတ်ပေးပါ။ အကြမ်းဖက်မှုတွေရပ်တန့်ပါ။ လူအခွင့်အရေးနဲ့အတူ မကြာခင်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ် လူထုသဘောထားထုတ်ဖော်နေတာတွေကို လေးစား လိုက်နာပါ။ ဒီအချက်တွေအားလုံးကို ဒီကနေ့ ကျနော်တောင်းဆိုပါတယ်။ ဒီနေ့လို ခေတ်ကမ္ဘာမှာ စစ်အာဏာသိမ်းမှုဆိုတာ နေရာမရှိတော့ပါဘူး။ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကျနော် ကြိုဆိုနေပါတယ်။ ခင်ဗျားတို့ရဲ့တောင်းဆိုမှုကို အောင်မြင် ထမြောက်စေဖို့လည်း ကတိပြုပါတယ်။ နောက်ပြီး ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေး၊ နောက်ပြီး တရား ဥပဒေစိုးမိုးရေးတို့အတွက် ကိုယ်တိုင် ကြိုးစားရုန်းကန်နေကြရတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံးကို ကျနော် အပြည့်အဝထောက်ခံပါတယ်ဆိုတာကိုလည်း ပြောလိုပါတယ်။”

ကုလလူ့အခွင့်အရေးကောင်စီရဲ့ သီတင်းလေးပတ်ကြာ ဒီ အစည်းအဝေးတွေထဲမှာ သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ တက် ရောက်မယ့် အဆင့်မြင့်အစည်းအဝေးအစီအစဉ်တွေပါရှိပြီး အလှည့်ကျမိန့်ခွန်းပြောမယ့်သူတွေထဲမှာတော့ အတိုက်အခံတွေကို အကြမ်းဖက်နှိမ်နင်းဖြိုခွဲတဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro လည်း ပါဝင်ပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ ၂ နှစ်ခွဲကြာနှုတ်ထွက်ထားတဲ့ အမေရိကန်ပြည်ထောင်စုလည်း ဒီလူ့အခွင့်အရေးကောင်စီမှာ ပြန်ပါလာပါတယ်။

တရုတ်အစိုးရက ဝှီဂါမွတ်ဆလင်တွေအပေါ်ပြမူဆက်ဆံပုံတွေအပေါ် စိုးရိမ်ပူပန်မှုတွေ၊ အီသီယိုပီးယားအစိုးရက တစ်ဂရေး ဒေသကို ချုပ်ကိုင်ထားတာနဲ့ နီကာရာဂွါလို အစိုးရထောက်ခံအားပေးမှုနဲ့ အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့နိုင်ငံတွေဟာ ဒီအစည်းအဝေးအတွင်း အသေအချာ စစ်ဆေးခံကြရမှာမှာပါ။

“အခုအခါမှာ နိုင်ငံအတော်များများမှာပြည်တွင်းလုံခြုံရေးအတွက် နံပါတ် ၁ စိုးရိမ်စရာ ကောင်းနေ တာက ဒီလို အစွန်းရောက်ဝါဒီတွေရဲ့လှုပ်ရှားမှုတွေဖြစ်ပါတယ်။ လူတယောက်ချင်း၊ အစုအဖွဲ့ချင်း စုပေါင်း သွားပြီး အမုန်း တရားရဲ့လောင်မြိုက်မှုကို မီးထိုးပေးနေကြတယ်။ ထောက်ပံ့ပေးနေကြတယ်၊ အွန်လိုင်းကနေ ပြည်တွင်းမှာရော ပြည်ပမှာပါ လူစုနေကြတယ်။ အသင်းဖွဲ့နေကြတယ်။ နိုင်ငံတကာကို လှည့်လည်ပြီး အမုန်းတရားဖြစ်စေမယ့် သင်တန်းတွေပေးကြ၊ ဒီလို အတွေးအခေါ်တွေသွတ်သွင်းပေးနေကြတယ်။ ဒီလို အငြိုးအမုန်း၊ အာဃာတကြီးတဲ့အုပ်စုတွေကို တာဝန်ရှိသူတွေက အားပေးအားမြှောက်လုပ်ပေးနေတာတွေကိုလည်း မကြာခနတွေ့နေရတယ်။ ဒါတွေဟာ အရင်တုန်းကဆိုရင် တွေးတောင်မှ မတွေးဖူးခဲ့တဲ့ကိစ္စတွေပါ။”

နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေတွေအပေါ်မှာလည်း အတွင်းရေးမှူးချုပ် ဂူတားရက်စ်က အခုလို ပြောပါတယ်။

“ကမ္ဘာ့နေရာအသီးသီးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ဒဏ်ကို ခံစားနေကြရပါတယ်။ ဒီလိုမျိုး ဆိုးဆိုးဝါးဝါးစိုးရိမ်စရာ အခြေအနေတွေကျရောက်နေတဲ့နိုင်ငံတွေဟာလည်း တကယ့်ကို အများအပြားရှိနေတာပါ။ တချို့နိုင်ငံတွေဆို အရမ်းကို ကြာနေပါပြီ။ ဒါကြောင့်လည်း လူ့အခွင့်အရေးကောင်စီဆိုတာရှိနေရပြီး လူ့အခွင့်အရေးကောင်စီရဲ့ အသိပညာပေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်မှု၊ လူတွေကို အကာကွယ်ပေးမှုနဲ့ ဆက်လက်ဆောင်ရွက်ပေးနေတဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ အဖြေရှာခြင်း စတဲ့ လုပ်ငန်းတာဝန်တွေဟာ သိပ်ကို အရေးကြီးတဲ့ကဏ္ဍမှာရှိနေရတာပါ။”

တချို့အစိုးရတွေက လူ့အခွင့်အရေးတွေကိုထိန်းချုပ်ဖိနှိပ်ဖို့ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအကြောင်းပြနေချိန်မှာပဲ ကုလလူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးကဏ္ဍအားလုံးနီးပါးကို အွန်လိုင်းကနေ ကျင်းပနေတာဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ ပြန်ပြီးခေါင်းထောင်လာတဲ့ နာဇီလက်သစ်တွေ၊ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ လူမျိုးရေးခွဲခြားမှု၊ တိုင်းရင်းသား လက်နက်ကိုင်အကြမ်းဖက်လှုပ်ရှားမှုတွေအားလုံးကို တိုက်ဖျက်ရေး အရှိန်မြှင့် ဆောင်ရွက်ကြရပါလိမ့်မယ်။ အဲဒီလို အန္တရာယ်ကြီးတဲ့ အမုန်းတရားအခြေခံပြီးလှုပ်ရှားမှုတွေဟာ နေ့စဉ်တိုးပွါးနေပါတယ်။”

အတွင်းရေးမှူးချုပ် ဂူတားရက်စ်က - လူမျိုးရေးခွဲခြားမှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံခြားသားတွေကို မလိုမုန်းတားမှုနဲ့ နယ်စည်းမခြား အန္တရာယ်ရှိနေတဲ့ လူဖြူကြီးစိုးရေးဝါဒနဲ့ နာဇီလက်သစ်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့လည်း ဒီလိုအုပ်စုတွေဟာ အမုန်းတရားတွေနဲ့ ရူးသွပ်ပူလောင်နေသူတွေလို့ ခေါ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG