သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလုပ္သမားေတြအေပၚ မၿခိမ္းေျခာက္ဖို႔ ျမန္မာစစ္အာဏာပိုင္ေတြကို ILO ေတာင္းဆို


ေဖေဖာ္၀ါရီ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ဆႏၵျပ ျမင္ကြင္းတခု (Photo by YE AUNG THU / AFP)

(Zawgyi/Unicode)

စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြေပၚေပါက္ေနတဲ့ ျမန္မာႏုိင္ငံမွာ အလုပ္သမားေတြအေပၚ ၿခိမ္းေျခာက္ ေႏွာင့္ယွက္မႈေတြကို ရပ္တန္႔ဖုိ႔ ကမာၻ႔အလုပ္သမားအဖဲြ႔ ILO က သတိေပးလုိက္ပါတယ္။

ရန္ကုန္ လႈိင္သာယာ စက္မႈဇံုက အလုပ္သမားတန္းလ်ားေဆာင္ေတြမွာ အလုပ္သမား သမဂၢအဖြဲ ့၀င္ေတြကို စစ္တပ္နဲ ့ရဲက တခန္း၀န္တခန္းထြက္ ရွာေဖြေနတယ္ဆိုတဲ့ သတင္းေတြ ရရွိထားေၾကာင္းလည္း ILO က အဂၤါေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆုိထားပါတယ္။

ဒီလဆန္းမွာပဲ အရပ္သား အစုိးရကုိ ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းလုိက္တာကုိ ကန္႔ကြက္ဆႏၵျပလႈပ္ရွားမႈေတြမွာ အလုပ္သမားေတြ အပါအ၀င္ လူတန္းစားေပါင္းစုံ ပါ၀င္လာၾကသလုိ၊ ဆႏၵျပပဲြေတြနဲ႔ ဆက္ႏြယ္ၿပီး အာဏာပုိင္ေတြက ဖမ္းဆီးအေရးယူတာေတြ၊ ညဖက္ေတြမွာရွာေဖြဖမ္းဆီးမႈေတြ ရွိေနခ်ိန္မွာပဲ ILO ရဲ႕ သတိေပးခ်က္ ထြက္ေပၚလာတာပါ။

ILO ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ေက်းလက္ေဒသေတြကေန ရန္ကုန္က ပုဂၢလိက လုပ္ငန္းေတြမွာ လာေရာက္အလုပ္ေနၾကတဲ့ ငယ္ရြယ္တဲ့ အမ်ဳိးသမီးအလုပ္သမားေတြကို အဓိကပစ္မွတ္ထားျပီး ျခိမ္းေျခာက္တိုက္ခိုက္ခံေနရတယ္လို႔ စြပ္စြဲထားေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

အာဏာပုိင္ေတြရဲ႕ ၿခိမ္းေျခာက္ေႏွာင့္ယွက္မႈေတြကုိ ရပ္တန္႔ဖုိ႔နဲ႔ အလုပ္သမားေတြရဲ့ လြတ္လပ္စြာ သင္းပင္းဖြဲ စည္းခြင့္နဲ ့ လူ ့အခြင့္အေရးကို အာမခံေပးဖုိ႔လည္း တုိက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

အလုပ်သမားတွေအပေါ် မခြိမ်းခြောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို ILO တောင်းဆို

(Unicode)

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေအပေါ် ခြိမ်းခြောက် နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က သတိပေးလိုက်ပါတယ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုံက အလုပ်သမားတန်းလျားဆောင်တွေမှာ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေကို စစ်တပ်နဲ့ရဲက တခန်းဝန်တခန်းထွက် ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ILO က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒီလဆန်းမှာပဲ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွေမှာ အလုပ်သမားတွေ အပါအဝင် လူတန်းစားပေါင်းစုံ ပါဝင်လာကြသလို၊ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာတွေ၊ ညဖက်တွေမှာရှာဖွေဖမ်းဆီးမှုတွေ ရှိနေချိန်မှာပဲ ILO ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။

ILO ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျေးလက်ဒေသတွေကနေ ရန်ကုန်က ပုဂ္ဂလိက လုပ်ငန်းတွေမှာ လာရောက်အလုပ်နေကြတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးအလုပ်သမားတွေကို အဓိကပစ်မှတ်ထားပြီး ခြိမ်းခြောက်တိုက်ခိုက်ခံနေရတယ်လို့ စွပ်စွဲထားကြောင်းလည်း ဖော်ပြထားပါတယ်။

အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့နဲ့ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ စည်းခွင့်နဲ့ လူ့အခွင့်အရေးကို အာမခံပေးဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG