သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအာဏာပိုင္ေတြ ဖမ္းထားတဲ့ ၾသစေၾတးလ် စီးပြားေရးပညာရွင္နဲ႔ေတြ႕ခြင့္ရဖို႔ ေရွ႕ေနႀကိဳးပမ္း 


စီးပြားေရး ပညာရွင္ Sean Turnell (ဓါတ္ပံု- twitter)

(Zawgyi/Unicode)
စစ္အာဏာသိမ္းၿပီး ၆ ရက္ေျမာက္ေန႔မွာ ဖမ္းဆီးခံခဲ႔ရတဲ႔ ၾသစေတးလ် ႏုိင္ငံသား စီးပြားေရး ပညာရွင္ Sean Turnell ကို ဘယ္မွာ ထိန္းသိမ္းထားသလဲ မသိရတဲ႔ အတြက္ နီးစပ္ရာ ရဲစခန္းေတြနဲ႔ အက်ဥ္းေထာင္ေတြမွာ လိုက္လံ စံုစမ္းေနရေၾကာင္း သူ႔ရဲ႕ ေရွ႕ေနက ဗီြအိုေအကို ေျပာပါတယ္။ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အႀကံေပး Sean Turnell အတြက္ ေရွ႕ေနေဆာင္ရြက္ေပးေနတဲ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္က အင္းစိန္ေထာင္မွာ သြားစံုစမ္းဖို႔ ျပင္ဆင္ေနေၾကာင္း ေျပာပါတယ္။ မသိဂၤ ီထုိက္ ဆက္သြယ္ေမးျမန္းထားပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ Sean Turnell အတြက္ အမႈလိုက္ပါေဆာင္ရြက္ေပးဖို႔ ဆိုၿပီးေတာ့ အကူအညီေတာင္းထားတာ ၃-၄ ရက္ရွိပါၿပီ။ ၃-၄ ရက္ေလာက္ရွိၿပီဆိုေတာ့ က်ေနာ္က အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ အခက္အလက္ေတြ က်ေနာ္စုေနတာေပ့ါေနာ္။ သတင္းေဆာင္းပါးေတြ က်ေန္ာဖတ္ေနတယ္ ဒါနဲ႔ ပတ္သက္ၿပီး က်ေနာ္ trace လုပ္တဲ့အခါက်ေတာ့ ျပႆနာက ဘယ္မွာ ဖမ္းထားတယ္ဆိုတာကို မသိရဘူး။ မသိရတဲ့အတြက္ မိသားစုေျပာၾကားခ်က္အရပဲ ရန္ကုန္ Chatrium ဟိုတယ္မွာ ၆ ရက္ေန႔က ဖမ္းသြားတယ္ဆိုေတာ့ က်ေနာ္တာေမြရဲစခန္းေတြ၊ ေနာက္တခါ တျခားၾကားရတဲ့ သတင္းအရ ဗဟန္း ရဲစခန္းေတြကို က်ေနာ္သြားေမးတယ္။ အဲဒီမွာ မရွိပါဘူးလို႔ အေၾကာင္းၾကားတယ္ေပါ့ေနာ္။ အခု က်ေနာ္ အင္းစိန္ေထာင္ကို သြားဖို႔အတြက္ေတာ့ စီစဥ္ေနပါတယ္။ သြားၿပီးေတာ့ ေရွ႕ေန ကုိယ္စားလွယ္ လႊဲစာနဲ႔ ေနာက္တခါ လူေတြ႔ဆံုခြင့္ရဖို႔အတြက္ေပါ့ေနာ္ အဲဒါ ႀကိဳးစားလုပ္ေနပါတယ္။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ ဆရာ အဲဒီေတာ့ ၾသစေတးလ်သံရံုး ကေရာ သူဘယ္မွာ ရွိတယ္ဆိုတာ မသိဘူးလားရွင့္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ သံရံုးကေတာ့ က်ေနာ့္ကို Officially ဘယ္မွာ ရွိတယ္ဆိုတာ အေၾကာင္းၾကားတာေတာ့ မရွိေသးဘူး။ အခုအခ်ိန္ထိလည္း သူတို႔ဆီက သံရံုးက မဆက္သြယ္ေသးဘူးေပါ့ေနာ္။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ရွင့္ ၊ ဆိုေတာ့ ဆရာက Sean Turnell အတြက္ ေရွ႕ေနလႊဲစာေတာ့ ရၿပီေပါ့ေနာ္ ဆရာ ဟုတ္ပါသလားရွင့္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ မိသားစုကေတာ့ က်ေနာ့္ကို သူ႔အမ်ိဳးသမီးကေတာ့ ဒီအမႈ လိုက္ပါကူညီေပးဖို႔အတြက္ေတာ့ အကူအညီေတာင္းထားပါၿပီ။ က်န္တဲ့အပိုင္းက ဆက္ၿပီးေတာ့ ေရွ႕ေန ကိုယ္စားလွယ္ လႊဲစာကေတာ့ Mr. Sean Turnell ဆီကေတာ့ ရဖို႔ေတာ့ လိုေသးတာေပါ့ေနာ္။

မသိဂၤ ီထုိက္။ ။ အမႈသည္ဘယ္မွာ ရွိတယ္ဆိုတာကို လြယ္လြယ္ကူကူစံုစမ္းႏိုင္ပါ့မလား ၊ ဆရာတို႔ တရားေရးေၾကာင္းအရ ဘယ္လိုလုပ္လို႔ရပါသလဲ။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ တရားေရးေၾကာင္းအရေတာ့ အခုကာလမွာေတာ့ နည္းနည္းေလး ခက္တယ္ခင္ဗ်။ က်ေနာ္ကိုယ္တိုင္ ရဲစခန္းေတြ သြားတဲ့အခါမွာ သူတို႔လည္း CDM ကိစၥနဲ႔ ရႈပ္ေနတဲ့အခါက်ေတာ့ နည္းနည္းေလး အျပင္လူကို ေတြ႔ဖို႔အတြက္ အရင္လိုေတာ့ မလြယ္ဘူးေပါ့ အဲလိုမ်ိဳးရွိတယ္။ က်န္တဲ့အပိုင္းကေတာ့ အင္းစိန္ေထာင္ကိုေတာ့ က်ေနာ္တခ်က္ႀကိဳးစားၾကည့္မွာေပါ့ ေလာေလာဆည္ေတာ့ အဲဒါ စီစဥ္ေနပါတယ္။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ရွင့္ တကယ္လို႔ အင္းစိန္မွာ မရွိဘူး ဆိုရင္ ဆရာဘာဆက္လုပ္လို႔ရပါမလဲ ရွင့္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ ဘာဆက္လုပ္လို႔ရမလဲဆိုေတာ့ အဲဒါကေတာ့ ဥပေဒေၾကာင္းအရ က်ေနာ္လုပ္လုိ႔ရတာေတြေတာ့ လုပ္သြားမွာပါေနာ္။ ႀကိဳေတာ့ က်ေနာ္ေျပာဖို႔ အဆင္မေျပဘူး ။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ရွင့္ အဲဒီေတာ့ က်မ တခုေလး ေမးခ်င္ပါတယ္ ။ လူတေယာက္ အဖမ္းခံထားရတဲ့ ကိစၥကို ဘယ္မွာ ဖမ္းထားသလဲဆိုတာက လြယ္လြယ္ကူကူ စံုစမ္းလို႔မရတဲ့ အေျခအေနမ်ိဳးမ်ားျဖစ္ေနပါသလားရွင့္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ ဟုတ္တယ္ အခုကေတာ့ လြယ္လြယ္ကူကူ စံုစမ္းလို႔မရတဲ့ အေျခအေနမ်ိဳးျဖစ္ေနတာေပါ့။

မသိဂၤ ီထုိက္။ ။ဟုတ္ကဲ့ ဆရာတို႔ ဥပေဒေၾကာင္းအရ ဘာမ်ား လြယ္ကူေအာင္လုပ္လုိ႔ရပါသလဲဆရာ။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္။ ။ အရင္တုန္းကေတာ့ လူတေယာက္ကို ဖမ္းသြားတယ္ဆိုတဲ့ အေျခအေနမ်ိဳးမွာေတာ့ မသိဘူး ၊ လက္လွမ္းမမီႏိုင္ဘူးဆိုရင္ စာခၽြန္ေတာ္ ေဆာင္ရြက္လို႔ရတယ္။ အခုက အေရးေပၚကာလမ်ိဳးမွာ စာခၽြန္ေတာ္ ကိစၥေတြ ဆိုင္းငံ႔ထားဖို႔အတြက္ အမိန္႔စာေတြထုတ္ထားေတာ့ တျခားလုပ္စရာရွိတာေတြေတာ့ က်ေနာ္ လုပ္သြားမွာပါ။

ၾသစေတးလ်ႏုိင္ငံ ဆစ္ဒနီၿမိဳ႕ Macquarie တကၠသိုလ္က စီးပြာေရးဘာသာရပ္ဆိုင္ရာ ပါေမာကၡ Sean Trunell က ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စီးပြားေရး မူ၀ါဒဆိုင္ရာ အႀကံေပးေနသူ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈ အတြင္း ဖမ္းခံရတဲ႔ တဦးတည္းေသာ ႏုိင္ငံျခားသားလို႔လည္း သိရွိထားရပါတယ္။ သူ အပါအ၀င္ စစ္အာဏာသိမ္းမႈ အတြင္း ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သက္လို႔ေတာ့ ဘယ္မွာ ထိန္းသိမ္းထားသလဲ ဘယ္သူေတြကို ဖမ္းထားသလဲ ဆိုတာကို စစ္ေကာင္စီက သတင္းမထုတ္ျပန္ပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာအာဏာပိုင်တွေ ဖမ်းထားတဲ့ သြစတြေးလျ စီးပွားရေးပညာရှင်နဲ့တွေ့ခွင့်ရဖို့ ရှေ့နေကြိုးပမ်း


(Unicode)

စစ်အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ သြစတေးလျ နိုင်ငံသား စီးပွားရေး ပညာရှင် Sean Turnell ကို ဘယ်မှာ ထိန်းသိမ်းထားသလဲ မသိရတဲ့ အတွက် နီးစပ်ရာ ရဲစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ လိုက်လံ စုံစမ်းနေရကြောင်း သူ့ရဲ့ ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး Sean Turnell အတွက် ရှေ့နေဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အင်းစိန်ထောင်မှာ သွားစုံစမ်းဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ Sean Turnell အတွက် အမှုလိုက်ပါဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ အကူအညီတောင်းထားတာ ၃-၄ ရက်ရှိပါပြီ။ ၃-၄ ရက်လောက်ရှိပြီဆိုတော့ ကျနော်က အဲဒါနဲ့ ပတ်သက်ပြီးတော့ အခက်အလက်တွေ ကျနော်စုနေတာပေ့ါနော်။ သတင်းဆောင်းပါးတွေ ကျနေ်ာဖတ်နေတယ် ဒါနဲ့ ပတ်သက်ပြီး ကျနော် trace လုပ်တဲ့အခါကျတော့ ပြဿနာက ဘယ်မှာ ဖမ်းထားတယ်ဆိုတာကို မသိရဘူး။ မသိရတဲ့အတွက် မိသားစုပြောကြားချက်အရပဲ ရန်ကုန် Chatrium ဟိုတယ်မှာ ၆ ရက်နေ့က ဖမ်းသွားတယ်ဆိုတော့ ကျနော်တာမွေရဲစခန်းတွေ၊ နောက်တခါ တခြားကြားရတဲ့ သတင်းအရ ဗဟန်း ရဲစခန်းတွေကို ကျနော်သွားမေးတယ်။ အဲဒီမှာ မရှိပါဘူးလို့ အကြောင်းကြားတယ်ပေါ့နော်။ အခု ကျနော် အင်းစိန်ထောင်ကို သွားဖို့အတွက်တော့ စီစဉ်နေပါတယ်။ သွားပြီးတော့ ရှေ့နေ ကိုယ်စားလှယ် လွှဲစာနဲ့ နောက်တခါ လူတွေ့ဆုံခွင့်ရဖို့အတွက်ပေါ့နော် အဲဒါ ကြိုးစားလုပ်နေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ ဆရာ အဲဒီတော့ သြစတေးလျသံရုံး ကရော သူဘယ်မှာ ရှိတယ်ဆိုတာ မသိဘူးလားရှင့်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ သံရုံးကတော့ ကျနော့်ကို Officially ဘယ်မှာ ရှိတယ်ဆိုတာ အကြောင်းကြားတာတော့ မရှိသေးဘူး။ အခုအချိန်ထိလည်း သူတို့ဆီက သံရုံးက မဆက်သွယ်သေးဘူးပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် ၊ ဆိုတော့ ဆရာက Sean Turnell အတွက် ရှေ့နေလွှဲစာတော့ ရပြီပေါ့နော် ဆရာ ဟုတ်ပါသလားရှင့်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ မိသားစုကတော့ ကျနော့်ကို သူ့အမျိုးသမီးကတော့ ဒီအမှု လိုက်ပါကူညီပေးဖို့အတွက်တော့ အကူအညီတောင်းထားပါပြီ။ ကျန်တဲ့အပိုင်းက ဆက်ပြီးတော့ ရှေ့နေ ကိုယ်စားလှယ် လွှဲစာကတော့ Mr. Sean Turnell ဆီကတော့ ရဖို့တော့ လိုသေးတာပေါ့နော်။

မသိင်္ဂ ီထိုက်။ ။ အမှုသည်ဘယ်မှာ ရှိတယ်ဆိုတာကို လွယ်လွယ်ကူကူစုံစမ်းနိုင်ပါ့မလား ၊ ဆရာတို့ တရားရေးကြောင်းအရ ဘယ်လိုလုပ်လို့ရပါသလဲ။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ တရားရေးကြောင်းအရတော့ အခုကာလမှာတော့ နည်းနည်းလေး ခက်တယ်ခင်ဗျ။ ကျနော်ကိုယ်တိုင် ရဲစခန်းတွေ သွားတဲ့အခါမှာ သူတို့လည်း CDM ကိစ္စနဲ့ ရှုပ်နေတဲ့အခါကျတော့ နည်းနည်းလေး အပြင်လူကို တွေ့ဖို့အတွက် အရင်လိုတော့ မလွယ်ဘူးပေါ့ အဲလိုမျိုးရှိတယ်။ ကျန်တဲ့အပိုင်းကတော့ အင်းစိန်ထောင်ကိုတော့ ကျနော်တချက်ကြိုးစားကြည့်မှာပေါ့ လောလောဆည်တော့ အဲဒါ စီစဉ်နေပါတယ်။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် တကယ်လို့ အင်းစိန်မှာ မရှိဘူး ဆိုရင် ဆရာဘာဆက်လုပ်လို့ရပါမလဲ ရှင့်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဘာဆက်လုပ်လို့ရမလဲဆိုတော့ အဲဒါကတော့ ဥပဒေကြောင်းအရ ကျနော်လုပ်လို့ရတာတွေတော့ လုပ်သွားမှာပါနော်။ ကြိုတော့ ကျနော်ပြောဖို့ အဆင်မပြေဘူး ။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် အဲဒီတော့ ကျမ တခုလေး မေးချင်ပါတယ် ။ လူတယောက် အဖမ်းခံထားရတဲ့ ကိစ္စကို ဘယ်မှာ ဖမ်းထားသလဲဆိုတာက လွယ်လွယ်ကူကူ စုံစမ်းလို့မရတဲ့ အခြေအနေမျိုးများဖြစ်နေပါသလားရှင့်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ ဟုတ်တယ် အခုကတော့ လွယ်လွယ်ကူကူ စုံစမ်းလို့မရတဲ့ အခြေအနေမျိုးဖြစ်နေတာပေါ့။

မသိင်္ဂ ီထိုက်။ ။ဟုတ်ကဲ့ ဆရာတို့ ဥပဒေကြောင်းအရ ဘာများ လွယ်ကူအောင်လုပ်လို့ရပါသလဲဆရာ။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်။ ။ အရင်တုန်းကတော့ လူတယောက်ကို ဖမ်းသွားတယ်ဆိုတဲ့ အခြေအနေမျိုးမှာတော့ မသိဘူး ၊ လက်လှမ်းမမီနိုင်ဘူးဆိုရင် စာချွန်တော် ဆောင်ရွက်လို့ရတယ်။ အခုက အရေးပေါ်ကာလမျိုးမှာ စာချွန်တော် ကိစ္စတွေ ဆိုင်းငံ့ထားဖို့အတွက် အမိန့်စာတွေထုတ်ထားတော့ တခြားလုပ်စရာရှိတာတွေတော့ ကျနော် လုပ်သွားမှာပါ။

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ Macquarie တက္ကသိုလ်က စီးပွာရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Sean Trunell က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေး မူဝါဒဆိုင်ရာ အကြံပေးနေသူ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု အတွင်း ဖမ်းခံရတဲ့ တဦးတည်းသော နိုင်ငံခြားသားလို့လည်း သိရှိထားရပါတယ်။ သူ အပါအဝင် စစ်အာဏာသိမ်းမှု အတွင်း ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့တော့ ဘယ်မှာ ထိန်းသိမ်းထားသလဲ ဘယ်သူတွေကို ဖမ်းထားသလဲ ဆိုတာကို စစ်ကောင်စီက သတင်းမထုတ်ပြန်ပါဘူး။

XS
SM
MD
LG