[Zawgyi/Unicode]
အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ၾကီး Retno Marsudi ဟာ ၾကာသပေတးေန႔က်ရင္ ျမန္မာႏိုင္ငံကို ေန႔ခ်င္းျပန္ သြားေရာက္မယ္လို႔ ေပါက္ၾကားခဲ့တဲ့ အစိုးရညိွႏိႈင္းစာတခုထဲမွာ ေဖာ္ျပထားပါတယ္။
ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က်ရင္ ေနျပည္ေတာ္ ႏိုင္ငံတကာေလဆိပ္ကို ေရာက္လာမယ့္ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ၾကီး ဦးေဆာင္တဲ့ ကိုယ္စားလွယ္ ဆိုက္ေရာက္ထြက္ခြာခ်ိန္မွာ ေလဆိပ္ ဧည့္ခန္းမေဆာင္ကို အသံုးျပဳဖို႔အတြက္ ညိွႏိႈင္းတဲ့ ပို႔ေဆာင္ေရးနဲ႔ ဝန္ၾကီးဌာနရဲ႕ ရံုးတြင္းစာ ေပါက္ၾကားထြက္လာခဲ့တာပါ။ ဒီစာဟာ အမွန္ျဖစ္တယ္လို႔ အတည္ျပဳေၾကာင္း Reuters သတင္းဌာနရဲ႕ သတင္းမွာ ေဖာ္ျပပါတယ္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ၾကီး ၾကာသပေတးေန႔ မနက္ ျမန္မာႏိုင္ငံကို ေရာက္လာၿပီးေတာ့ ညေနပိုင္းမွာ ျပန္မွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ အင္ဒိုနီးရွားဝန္ၾကီး Marsudi ဟာ ေလာေလာဆယ္မွာ ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနၿပီးေတာ့ အဲဒီကေန ေဒသတြင္း တျခားႏိုင္ငံေတြကို သြားေကာင္းသြားမယ္လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရး ေျပာခြင့္ရ Tengku Faizasyah ေျပာပါတယ္။
ျမန္မာႏိုင္ငံကို သြားမသြားဆိုတာေတာ့ သူကအတည္မျပဳပါဘူး။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူထားတာနဲ႔ ပတ္သက္လို႔ အာဆီယံႏိုင္ငံေတြထဲမွာ ေဆြးေႏြး အေျဖရွာႏိုင္ဖို႔အတြက္ အင္ဒိုနီးရွားႏိုင္ငံက ဦးေဆာင္ၾကိဳးစားေနတာျဖစ္ပါတယ္။
[Unicode Version]
အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာလာရောက်ဖို့ရှိ
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ ကြာသပတေးနေ့ကျရင် မြန်မာနိုင်ငံကို နေ့ချင်းပြန် သွားရောက်မယ်လို့ ပေါက်ကြားခဲ့တဲ့ အစိုးရညှိနှိုင်းစာတခုထဲမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကျရင် နေပြည်တော် နိုင်ငံတကာလေဆိပ်ကို ရောက်လာမယ့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် ဆိုက်ရောက်ထွက်ခွာချိန်မှာ လေဆိပ် ဧည့်ခန်းမဆောင်ကို အသုံးပြုဖို့အတွက် ညှိနှိုင်းတဲ့ ပို့ဆောင်ရေးနဲ့ ဝန်ကြီးဌာနရဲ့ ရုံးတွင်းစာ ပေါက်ကြားထွက်လာခဲ့တာပါ။ ဒီစာဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုကြောင်း Reuters သတင်းဌာနရဲ့ သတင်းမှာ ဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ကြာသပတေးနေ့ မနက် မြန်မာနိုင်ငံကို ရောက်လာပြီးတော့ ညနေပိုင်းမှာ ပြန်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အင်ဒိုနီးရှားဝန်ကြီး Marsudi ဟာ လောလောဆယ်မှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီးတော့ အဲဒီကနေ ဒေသတွင်း တခြားနိုင်ငံတွေကို သွားကောင်းသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ပြောခွင့်ရ Tengku Faizasyah ပြောပါတယ်။
မြန်မာနိုင်ငံကို သွားမသွားဆိုတာတော့ သူကအတည်မပြုပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲမှာ ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ကြိုးစားနေတာဖြစ်ပါတယ်။