သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ႏွစ္" ငါးလံုးေန႔ ေနျပည္ေတာ္မွာ ဖမ္းခံရသူမ်ား ျပန္လည္လြတ္ေျမာက္


ႏွစ္ငါးလံုးေန႔ ေနျပည္ေတာ္ ဆႏၵျပပဲြ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ႏွစ္ငါးလုံး လူထုလႈပ္ရွားမႈဆိုၿပီး တႏိုင္ငံလုံးအတိုင္းအတာနဲ႔ စစ္အာဏာသိမ္းကန႔္ကြက္ဆႏၵျပမႈေတြ မေန႔က လုပ္ခဲ့ရာမွာ ေနျပည္ေတာ္မွာ ဖမ္းဆီးခံရသူ လူအားလုံးနီးပါး ဒီကေန႔ျပန္လြတ္လာပါတယ္။ သူတို႔ထဲက ငါးဦးကိုပဲ ဆက္ၿပီး ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။ မေမခ စုံစမ္းေမးျမန္း သတင္းပို႔ထားပါတယ္။

စစ္အာဏာသိမ္း ၂၂ ရက္ေျမာက္ ေန႔ျဖစ္တဲ့ ႏွစ္ ငါးလုံး လႈပ္ရွားမႈ သပိတ္ဆင္ႏႊဲခဲ့တာမွာ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္နဲ႔ ပ်ဥ္းမနားဘက္မွာ လူအေယာက္ ၂၀၀ ေက်ာ္ ဖမ္းခံခဲ့ရတာပါ။ ဒီလိုဖမ္းခံရတဲ့ အထဲ ၆ ေယာက္ကိုေတာ့ ဆက္လက္ဖမ္းထားၿပီး၊ က်န္တဲ့သူေတြကို ဒီကေန႔ညေနပိုင္းမွာျပန္လႊတ္လိုက္တယ္လို႔ ပ်ဥ္းမနားၿမိဳ႕ခံ ဦးဝင္းက ဗြီအိုေအကို ေျပာ ပါ တယ္။

"၂၁၃ ဦးေလာက္ေတာ့ ရွိမယ္လို႔ ေျပာတယ္ ေရွ႕ေနအဖဲြ႔ကေလ။ က်ေနာ္တို႔ ေနျပည္ေတာ္ေရွ႕ေနအဖဲြ႔က အဲဒီလို ေျပာတယ္။ အဲဒီေတာ့ ၂၀၀ ေက်ာ္ေပါ့ေနာ္... အဲဒီလိုေျပာရင္ေတာ့ ပိုၿပီးေတာ့ တိက်မယ္။ အခုက ဘယ္လိုလဲဆိုေတာ့ က်ေနာ္တို႔ မသိရတာက သူတို႔က စာရင္းအတိအက်ကို မထုတ္ျပန္တာ၊ ဘယ္ေလာက္ ဖမ္းမိတယ္၊ ဘယ္ႏွေယာက္ျပန္လႊတ္လိုက္တယ္....ဆိုတာ လံုးဝမထုတ္ျပန္ဘူး။ အဲဒီဟာက ေတာ္ေတာ္ခက္တယ္ဗ်။ ၆ ေယာက္က လဲြလို႔ က်န္တဲ့လူေတြေတာ့ လႊတ္ေပးလိုက္ပါတယ္။"

ႏွစ္ ငါးလုံး လႈပ္ရွားမႈ လုပ္တာနဲ႔ပတ္သတ္လို႔ ေနျပည္ေတာ္ ဆႏၵျပပြဲလုပ္ခဲ့တဲ့ေနာက္ ေနရာ ၃ ေနရာမွာ ရဲနဲ႔ စစ္သားေတြက ဆႏၵျပသူတြကို လိုက္ခံဖမ္းဆီးခဲ့တာပါ။ ဖမ္းဆီးမႈကို သတင္းယူတဲ့ သတင္းေထာက္ေတြကိုပါ လုံၿခဳံေရးအာဏာပိုင္ေတြက ရန္ရွာတာေတြ လုပ္ခဲ့တယ္လို႔ သတင္းေထာက္ေတြကလည္းေျပာပါတယ္။

လက္ရွိမွာ မေန႔က ဖမ္းခံရသူေတာ္ေတာ္မ်ားမ်ားျပန္လႊတ္ခဲ့ေပမဲ့ ၅ ဦးကိုေတာ့ အမ်ားျပည္သူအၾကား တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံ႕ေဆာ္မႈ/လုပ္ေဆာင္မႈဆိုတဲ့ ၅၀၅ (ခ) နဲ႔ တရားစြဲဖို႔ လုပ္မယ္လို႔ကူညီေနတဲ့ ေရွ႕ေနေတြက ခန႔္မွန္းေၾကာင္းဦးဝင္းကေျပာပါတယ္။

"တရားစဲြဆိုဖို႔လုပ္ေနတယ္အခု ဒီ ၆ ေယာက္ကိုေပါ့ေနာ္... အခုက ေရွ႕ေနေတြက ခန္႔မွန္တာ ၅၀၅(ခ) နဲ႔ ခန္႔မွန္းထားတယ္။ သူတို႔က ဒီအခ်ိန္ထိကို အမႈမဖြင့္ေသးဘူး။ စစ္ေဆးဆဲကာလဆိုၿပီး ဘယ္သူနဲ႔မွ ေတြ႔ခြင့္မေပးဘူး။ အဲဒီလိုမ်ိဳးျဖစ္ေနတာ။"

မေန႔ကေနျပည္ေတာ္ဘက္မွာလူေပါင္း သိန္းခ်ီ ႏွစ္ ၅ လုံး အေထြေထြ သပိတ္ဆင္ႏြဲခဲ့ၾကတာမွာ သပိတ္ကို ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူတခ်ိဳ႕အျပင္ ဆႏၵျပသူေတြကို အစားအေသာက္ ကူညီေပးေနသူေတြကိုပါ အတင္းဖမ္းဆီး ေခၚေဆာင္တာေတြ ပ်ဥ္းမနားနာရီစင္အနီးမွာလည္း ဆႏၵျပသပိတ္စစ္ေၾကာင္းမွ ပါဝင္သူတခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္တာေတြ အနည္းဆုံး ေနရာ ၃ ေနရာမွာ လုပ္ခဲ့တာေၾကာင့္၊ လူ ၂၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။

ဒီလို ဖမ္းဆီးေခၚေဆာင္ခံရသူေတြထဲ ျပန္လြတ္လာသူ အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားကေတာ့ သူတို႔ကို လႊတ္လိုက္ေပမဲ့ သူ႔အေနနဲ႔ စစ္အာဏာသိမ္းမႈကို ဆက္လက္ဆန႔္က်င္တိုက္ပြဲဝင္သြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ အေျခအေနနဲ႔ သူႀကဳံေတြ႕ရတာ ေတြနဲ႔ပတ္သတ္လို႔ သူကအခုလို ဗြီအိုေအကိုေျပာပါတယ္။

"က်ေနာ္တို႔ ဆႏၵထုတ္ေဖာ္ရင္း ပါသြားတာပါ။ စစ္ပါတယ္။ က်ေနာ္တို႔ကို မင္းတို႔လုပ္ခ်င္လည္း လုပ္လို႔ရတယ္။ မလုပ္ခ်င္လည္း ေနေပါ့။ ဒါေပမဲ့ မင္းတို႔ လုပ္ရတာ တန္လား... က်ေနာ္တို႔ကို ေမးပါတယ္။ က်ေနာ္တို႔ကို ေမးတာမွာ စစ္ေထာက္လွမ္းေရးက ေမးတာမွာ နည္းနည္း ေအာ္ေဟာက္ၿပီးေတာ့ ေမးတာမ်ိဳးေတြ၊ ဘာေတြေတာ့ ရွိပါတယ္။ က်န္တဲ့ခ်ိန္ဆက္ဆံတာကေတာ့ ေကာင္းပါတယ္။ က်န္တဲ့အခ်ိန္ထမင္းေကြၽးတာကလည္း အဆင္ေျပပါတယ္။ တျခားသူေတြမွာ ထိခိုက္ဒဏ္ရာရတာလည္း ေတြ႔တယ္။ ရွိလည္းရွိတယ္။ ဆိုင္ကယ္ေတြနဲ႔ ဖမ္းတာမွာ တြန္းလွဲ ဖမ္းတာမ်ိဳးတို႔ ရွိပါတယ္။ တခ်ိဳ႕ေတြ ေျခေထာက္ေတြ ေယာင္တာရွိပါတယ္။ က်ေနာ္တို႔ကေတာ့ ေရွ႕ဆက္လုပ္မွာပါ။ ေရွ႕ဆက္ ဆႏၵထုတ္ေဖာ္မွာပါ။ က်ေနာ္တို႔ဆက္လုပ္မယ္။ က်ေနာ္တို႔ ေပးဆပ္ရတာ တန္ပါတယ္။"

လြတ္လာသူေတြကို သီးျခားခံဝန္အေနနဲ႔ ထိုးခိုင္းတာမ်ိဳးေတာ့ မရွိဘူးလို႔ သူကေျပာပါတယ္။

စစ္အာဏာသိမ္းမႈကို ကန႔္ကြက္တဲ့ ဆႏၵျပမႈေတြ ႏိုင္ငံအႏွံ႔ လုပ္ေနေပမဲ့ အၾကမ္းဖက္ၿဖိဳခြင္းခံံရတဲ့ၿမိဳ႕ေတြထဲ ေနျပည္ေတာ္လည္း ပါဝင္ပါတယ္။ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တုန္းက ဆႏၵျပသူေတြကို ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ၁၉ ႏွစ္အ႐ြယ္ မိန္းကေလးတဦး ေသနတ္ က်ည္မွန္ၿပီး ေဆး႐ုံမွာ ကြယ္လြန္ခဲ့ပါတယ္။ စစ္ေကာင္စီကေတာ့ ဒီထိမွန္တဲ့က်ည္ဆံဟာ လုံၿခဳံေရးတပ္ေတြဆီက မဟုတ္ဘဲ ျပင္ပကလာတယ္လို႔ ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

"နှစ်" ငါးလုံးနေ့ နေပြည်တော်မှာ ဖမ်းခံရသူများ ပြန်လည်လွတ်မြောက်

နှစ်ငါးလုံး လူထုလှုပ်ရှားမှုဆိုပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြမှုတွေ မနေ့က လုပ်ခဲ့ရာမှာ နေပြည်တော်မှာ ဖမ်းဆီးခံရသူ လူအားလုံးနီးပါး ဒီကနေ့ပြန်လွတ်လာပါတယ်။ သူတို့ထဲက ငါးဦးကိုပဲ ဆက်ပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မမေခ စုံစမ်းမေးမြန်း သတင်းပို့ထားပါတယ်။

စစ်အာဏာသိမ်း ၂၂ ရက်မြောက် နေ့ဖြစ်တဲ့ နှစ် ငါးလုံး လှုပ်ရှားမှု သပိတ်ဆင်နွှဲခဲ့တာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ ပျဉ်းမနားဘက်မှာ လူအယောက် ၂၀၀ ကျော် ဖမ်းခံခဲ့ရတာပါ။ ဒီလိုဖမ်းခံရတဲ့ အထဲ ၆ ယောက်ကိုတော့ ဆက်လက်ဖမ်းထားပြီး၊ ကျန်တဲ့သူတွေကို ဒီကနေ့ညနေပိုင်းမှာပြန်လွှတ်လိုက်တယ်လို့ ပျဉ်းမနားမြို့ခံ ဦးဝင်းက ဗွီအိုအေကို ပြော ပါ တယ်။

"၂၁၃ ဦးလောက်တော့ ရှိမယ်လို့ ပြောတယ် ရှေ့နေအဖွဲ့ကလေ။ ကျနော်တို့ နေပြည်တော်ရှေ့နေအဖွဲ့က အဲဒီလို ပြောတယ်။ အဲဒီတော့ ၂၀၀ ကျော်ပေါ့နော်... အဲဒီလိုပြောရင်တော့ ပိုပြီးတော့ တိကျမယ်။ အခုက ဘယ်လိုလဲဆိုတော့ ကျနော်တို့ မသိရတာက သူတို့က စာရင်းအတိအကျကို မထုတ်ပြန်တာ၊ ဘယ်လောက် ဖမ်းမိတယ်၊ ဘယ်နှယောက်ပြန်လွှတ်လိုက်တယ်....ဆိုတာ လုံးဝမထုတ်ပြန်ဘူး။ အဲဒီဟာက တော်တော်ခက်တယ်ဗျ။ ၆ ယောက်က လွဲလို့ ကျန်တဲ့လူတွေတော့ လွှတ်ပေးလိုက်ပါတယ်။"

နှစ် ငါးလုံး လှုပ်ရှားမှု လုပ်တာနဲ့ပတ်သတ်လို့ နေပြည်တော် ဆန္ဒပြပွဲလုပ်ခဲ့တဲ့နောက် နေရာ ၃ နေရာမှာ ရဲနဲ့ စစ်သားတွေက ဆန္ဒပြသူတွကို လိုက်ခံဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမှုကို သတင်းယူတဲ့ သတင်းထောက်တွေကိုပါ လုံခြုံရေးအာဏာပိုင်တွေက ရန်ရှာတာတွေ လုပ်ခဲ့တယ်လို့ သတင်းထောက်တွေကလည်းပြောပါတယ်။

လက်ရှိမှာ မနေ့က ဖမ်းခံရသူတော်တော်များများပြန်လွှတ်ခဲ့ပေမဲ့ ၅ ဦးကိုတော့ အများပြည်သူအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်မှု/လုပ်ဆောင်မှုဆိုတဲ့ ၅၀၅ (ခ) နဲ့ တရားစွဲဖို့ လုပ်မယ်လို့ကူညီနေတဲ့ ရှေ့နေတွေက ခန့်မှန်းကြောင်းဦးဝင်းကပြောပါတယ်။

"တရားစွဲဆိုဖို့လုပ်နေတယ်အခု ဒီ ၆ ယောက်ကိုပေါ့နော်... အခုက ရှေ့နေတွေက ခန့်မှန်တာ ၅၀၅(ခ) နဲ့ ခန့်မှန်းထားတယ်။ သူတို့က ဒီအချိန်ထိကို အမှုမဖွင့်သေးဘူး။ စစ်ဆေးဆဲကာလဆိုပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး။ အဲဒီလိုမျိုးဖြစ်နေတာ။"

မနေ့ကနေပြည်တော်ဘက်မှာလူပေါင်း သိန်းချီ နှစ် ၅ လုံး အထွေထွေ သပိတ်ဆင်နွဲခဲ့ကြတာမှာ သပိတ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတချို့အပြင် ဆန္ဒပြသူတွေကို အစားအသောက် ကူညီပေးနေသူတွေကိုပါ အတင်းဖမ်းဆီး ခေါ်ဆောင်တာတွေ ပျဉ်းမနားနာရီစင်အနီးမှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်းမှ ပါဝင်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်တာတွေ အနည်းဆုံး နေရာ ၃ နေရာမှာ လုပ်ခဲ့တာကြောင့်၊ လူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲ ပြန်လွတ်လာသူ အသက် ၃၈ နှစ်အရွယ် အမျိုးသားကတော့ သူတို့ကို လွှတ်လိုက်ပေမဲ့ သူ့အနေနဲ့ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ သူကြုံတွေ့ရတာ တွေနဲ့ပတ်သတ်လို့ သူကအခုလို ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ ဆန္ဒထုတ်ဖော်ရင်း ပါသွားတာပါ။ စစ်ပါတယ်။ ကျနော်တို့ကို မင်းတို့လုပ်ချင်လည်း လုပ်လို့ရတယ်။ မလုပ်ချင်လည်း နေပေါ့။ ဒါပေမဲ့ မင်းတို့ လုပ်ရတာ တန်လား... ကျနော်တို့ကို မေးပါတယ်။ ကျနော်တို့ကို မေးတာမှာ စစ်ထောက်လှမ်းရေးက မေးတာမှာ နည်းနည်း အော်ဟောက်ပြီးတော့ မေးတာမျိုးတွေ၊ ဘာတွေတော့ ရှိပါတယ်။ ကျန်တဲ့ချိန်ဆက်ဆံတာကတော့ ကောင်းပါတယ်။ ကျန်တဲ့အချိန်ထမင်းကျွေးတာကလည်း အဆင်ပြေပါတယ်။ တခြားသူတွေမှာ ထိခိုက်ဒဏ်ရာရတာလည်း တွေ့တယ်။ ရှိလည်းရှိတယ်။ ဆိုင်ကယ်တွေနဲ့ ဖမ်းတာမှာ တွန်းလှဲ ဖမ်းတာမျိုးတို့ ရှိပါတယ်။ တချို့တွေ ခြေထောက်တွေ ယောင်တာရှိပါတယ်။ ကျနော်တို့ကတော့ ရှေ့ဆက်လုပ်မှာပါ။ ရှေ့ဆက် ဆန္ဒထုတ်ဖော်မှာပါ။ ကျနော်တို့ဆက်လုပ်မယ်။ ကျနော်တို့ ပေးဆပ်ရတာ တန်ပါတယ်။"

လွတ်လာသူတွေကို သီးခြားခံဝန်အနေနဲ့ ထိုးခိုင်းတာမျိုးတော့ မရှိဘူးလို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံအနှံ့ လုပ်နေပေမဲ့ အကြမ်းဖက်ဖြိုခွင်းခံံရတဲ့မြို့တွေထဲ နေပြည်တော်လည်း ပါဝင်ပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာကြောင့် ၁၉ နှစ်အရွယ် မိန်းကလေးတဦး သေနတ် ကျည်မှန်ပြီး ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒီထိမှန်တဲ့ကျည်ဆံဟာ လုံခြုံရေးတပ်တွေဆီက မဟုတ်ဘဲ ပြင်ပကလာတယ်လို့ ငြင်းဆန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG