သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါတီရံုးခ်ဳပ္ညပိုင္းေဖာက္ထြင္းဝင္ေရာက္မႈ NLD သတင္းစာရွင္းလင္း


NLD ပါတီရံုးခ်ဳပ္မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

NLD ပါတီ႐ုံးခ်ဳပ္ကို ညအခ်ိန္ လူတစုက ဝင္ေရာက္ ေဖာက္ထြင္းခဲ့တာနဲ႔ ပတ္သက္လို႔ ရဲစခန္းမွာ အမႈဖြင့္ထားေပမဲ့ ရဲအာဏာပိုင္ေတြဘက္က တုံ႔ျပန္ကိုင္တြယ္မႈအေပၚ NLD ပါတီဘက္က ေက်နပ္အားရမႈ မေတြ႕ရပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လို႔ NLD ပါတီရံုးခ်ဳပ္မွာ သတင္းစာရွင္းလင္းပဲြလုပ္ခဲ့တာကို ဗြီအိုေအ သတင္းေထာက္ကိုေဇာ္ထက္ သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္က NLD ပါတီ႐ုံးခ်ဳပ္ကို ေဖေဖာ္ဝါရီ ၉ ရက္ ည ၁၀ နာရီမွာ လူတစုက ေဖာက္ထြင္း ဝင္ေရာက္ခဲ့တာေၾကာာင့္ NLD ဘက္က သက္ဆိုင္ရာရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တယ္လို႔ေျပာပါတယ္။ ဒီအမႈကို ေဖေဖာ္ဝါရီ ၁၁ ရက္မွာ သက္ေသခံပစၥည္းနဲ႔ တရားလို ထြက္ဆိုခ်က္ေတြ ယူမယ္လို႔ ဗဟန္းၿမိဳ႕နယ္ ရဲစခန္းက အေၾကာင္းၾကားထားေပမဲ့ မလာခဲ့ေၾကာင္း NLD ပါတီဝင္ ဦးစိုးေလးက ေျပာပါတယ္။ အဲဒီေနာက္ပိုင္းလည္း ဗဟန္းၿမိဳ႕နယ္ ရဲစခန္းကို အႀကိမ္ႀကိမ္သြားၿပီး အမႈသက္ေသ စစ္ခ်က္ယူေပးဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္းခဲ့ေပမဲ့ ပ်က္ကြက္ခဲ့ေၾကာင္း သူက ဒီေန႔သတင္းစာ ရွင္းလင္းပြဲမွာ ေျပာလိုက္တာပါ။

“၂၂ ရက္မွာ ဦးေလးတို႔ အစည္းအေဝးထိုင္တယ္။ ဒီလူႀကီးေတြအားလုံး၊ ဒီ႐ုံးခ်ဳပ္ ေဖာက္ထြင္းခံရတာနဲ႔ ပတ္သက္လို႔၊ အခု သက္ေသခံ ပစၥည္းေတြ မအပ္ဘူး၊ ထြက္ဆိုခ်က္ေတြလည္း မယူဘူး၊ တို႔ေတြ ဘာေတြဆက္လုပ္မလဲ။ သူတို႔ကေတာ့ ေရွာင္ေနၿပီ ေျပာရရင္။ အဲဒီေတာ့ မေန႔က အစည္းအေဝးလုပ္ၿပီး ဒီေန႔ေတာ့ သတင္းစာရွင္းလင္းပြဲေလးတခု ဦးေလးတို႔ လုပ္မယ္ဆိုၿပီး ဒီအေျခအေန အရပ္ရပ္ကို သတင္းမီဒီယာအဖြဲ႕ကို တင္ျပတာ ျဖစ္ပါတယ္။”

ေဖေဖာ္ဝါရီ ၁၀ ရက္ ည ၆ နာရီမွာ ဗဟန္းရဲစခန္းက ဒီအမႈကို လက္ခံခဲ့ပါတယ္။ အဲဒီေနာက္ ပုဒ္မ ၄၂၇/ ၄၅၇ နဲ႔ အမႈဖြင့္ေပးထားေၾကာင္း ၁၅ ရက္ေန႔မွာ အေၾကာင္းျပန္တယ္လို႔ ဦးစိုးေလးက ေျပာပါတယ္။ စာရြက္စာတမ္းေတြနဲ႔ ဘဏ္စာရင္းေတြ ယူေဆာင္သြားသလို ႐ုံးလုံျခဳံေရးကင္မရာ စနစ္တခ်ိဳ႕လည္း ဖ်က္ဆီးခံရတယ္လို႔ ဆိုပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ခဏတာပိတ္ထားတဲ့ NLD ႐ုံးခ်ဳပ္ကို ေဖေဖာ္ဝါရီ ၈ ရက္ ေန႔လယ္ပိုင္းမွာ ႐ုံးတာဝန္ရွိသူတခ်ိဳ႕က ျပန္ဖြင့္ခဲ့ၿပီး အဲဒီေန႔မွာပဲ ရဲကားတစီး ႐ုံးအနီးနားမွာ ေစာင့္ၾကည့္ေနသလို ေဖာက္ထြင္းခံရတဲ့ ေဖေဖာ္ဝါရီ ၉ ရက္အထိ အဲဒီရဲကားရွိေနေၾကာင္း ဦးစိုးေလးက ေျပာပါတယ္။

“ဒီလိုအေျခအေနမ်ိဳးမွာ ဒီလိုလုံျခဳံေရး ရဲကားတစီး ရွိတဲ့ေနရာ၊ ဒီလိုေနရာကို ေဖာက္ထြင္းဝင္ေရာက္ဖို႔ဆိုတာ သာမန္သူခိုး မျဖစ္နိုင္ဘူး။ ဦးေလးတို႔ေျပာၿပီး ဦးေလးတို႔ CCTV မွတ္တမ္းအရ ရဲဝတ္စုံနဲ႔ ပုဂၢိဳလ္ေတြပါတယ္။ စစ္သားဝတ္စုံ စစ္ယူနီေဖာင္းနဲ႔ ပုဂၢိဳလ္ေတြ ပါတယ္။ ေနာက္အရပ္ဝတ္ အရပ္ဝတ္ဆိုတာမွာ SP လည္း ပါနိုင္တာပဲ။ ရပ္ကြက္က အုပ္ခ်ဳပ္ေရးမႉးေတြလည္း ပါနိုင္တာပဲေပါ့။ ဦးေလးတို႔က မတရားခံထားရတာ။ အဲဒီေတာ့ တရားခံဟာ ဘယ္သူေတြ ျဖစ္နိုင္လဲဆိုတာ အားလုံးလည္း မွန္းလို႔ ရသြားၿပီ။”

သက္ေသခံပစၥည္းေတြ သိမ္းဖို႔ကိစၥ၊ တရားလိုဆီက ထြက္ဆိုခ်က္ေတြ ယူဖို႔ကိစၥေတြကို ဗဟန္းၿမိဳ႕နယ္ရဲစခန္းက ပ်က္ကြက္ေနတဲ့အတြက္ ပထမအဆင့္အေနနဲ႔ စာေပးပို႔မွာျဖစ္ၿပီး ဆက္ၿပီး ပ်က္ကြက္ရင္ေတာ့ ခရိုင္အဆင့္၊ တိုင္းအဆင့္ အဲဒီေနာက္ ျပည္ထဲေရး ဝန္ႀကီးဌာနအထိ အဆင့္ဆင့္ တိုင္ၾကားေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၁၅ ရက္မွာလည္း ရဲကား အေျမာက္အမ်ားနဲ႔ ရဲအင္အား ၁၀၀ ေလာက္ဟာ NLD ႐ုံးခ်ဳပ္ကို ေရာက္လာၿပီး ဗဟိုအလုပ္အမႈေဆာင္ေတြျဖစ္တဲ့ ဦးေအာင္ၾကည္ညြန႔္နဲ႔ ေဒၚေမဝင္းျမင့္ကို လာေရာက္ရွာေဖြၾကပါတယ္။ အဲဒီေနာက္ NLD ႐ုံးခ်ဳပ္ေရွ႕ကို လူအင္အား ေထာင္ခ်ီ ေရာက္ရွိလာၿပီး ဝန္းရံခဲ့ပါတယ္။ ဖမ္းဆီးခ်င္တဲ့သူေတြ မေတြ႕တဲ့အခါမွာ ညႇိႏွိုင္းမႈေတြရၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို ျပန္႐ုပ္သိမ္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပါတီရုံးချုပ်ညပိုင်းဖောက်ထွင်းဝင်ရောက်မှု NLD သတင်းစာရှင်းလင်း

NLD ပါတီရုံးချုပ်ကို ညအချိန် လူတစုက ဝင်ရောက် ဖောက်ထွင်းခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းမှာ အမှုဖွင့်ထားပေမဲ့ ရဲအာဏာပိုင်တွေဘက်က တုံ့ပြန်ကိုင်တွယ်မှုအပေါ် NLD ပါတီဘက်က ကျေနပ်အားရမှု မတွေ့ရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာကို ဗွီအိုအေ သတင်းထောက်ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က NLD ပါတီရုံးချုပ်ကို ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီမှာ လူတစုက ဖောက်ထွင်း ဝင်ရောက်ခဲ့တာကြောာင့် NLD ဘက်က သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ပြောပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၁၁ ရက်မှာ သက်သေခံပစ္စည်းနဲ့ တရားလို ထွက်ဆိုချက်တွေ ယူမယ်လို့ ဗဟန်းမြို့နယ် ရဲစခန်းက အကြောင်းကြားထားပေမဲ့ မလာခဲ့ကြောင်း NLD ပါတီဝင် ဦးစိုးလေးက ပြောပါတယ်။ အဲဒီနောက်ပိုင်းလည်း ဗဟန်းမြို့နယ် ရဲစခန်းကို အကြိမ်ကြိမ်သွားပြီး အမှုသက်သေ စစ်ချက်ယူပေးဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပေမဲ့ ပျက်ကွက်ခဲ့ကြောင်း သူက ဒီနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“၂၂ ရက်မှာ ဦးလေးတို့ အစည်းအဝေးထိုင်တယ်။ ဒီလူကြီးတွေအားလုံး၊ ဒီရုံးချုပ် ဖောက်ထွင်းခံရတာနဲ့ ပတ်သက်လို့၊ အခု သက်သေခံ ပစ္စည်းတွေ မအပ်ဘူး၊ ထွက်ဆိုချက်တွေလည်း မယူဘူး၊ တို့တွေ ဘာတွေဆက်လုပ်မလဲ။ သူတို့ကတော့ ရှောင်နေပြီ ပြောရရင်။ အဲဒီတော့ မနေ့က အစည်းအဝေးလုပ်ပြီး ဒီနေ့တော့ သတင်းစာရှင်းလင်းပွဲလေးတခု ဦးလေးတို့ လုပ်မယ်ဆိုပြီး ဒီအခြေအနေ အရပ်ရပ်ကို သတင်းမီဒီယာအဖွဲ့ကို တင်ပြတာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီ ၁၀ ရက် ည ၆ နာရီမှာ ဗဟန်းရဲစခန်းက ဒီအမှုကို လက်ခံခဲ့ပါတယ်။ အဲဒီနောက် ပုဒ်မ ၄၂၇/ ၄၅၇ နဲ့ အမှုဖွင့်ပေးထားကြောင်း ၁၅ ရက်နေ့မှာ အကြောင်းပြန်တယ်လို့ ဦးစိုးလေးက ပြောပါတယ်။ စာရွက်စာတမ်းတွေနဲ့ ဘဏ်စာရင်းတွေ ယူဆောင်သွားသလို ရုံးလုံခြုံရေးကင်မရာ စနစ်တချို့လည်း ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခဏတာပိတ်ထားတဲ့ NLD ရုံးချုပ်ကို ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်းမှာ ရုံးတာဝန်ရှိသူတချို့က ပြန်ဖွင့်ခဲ့ပြီး အဲဒီနေ့မှာပဲ ရဲကားတစီး ရုံးအနီးနားမှာ စောင့်ကြည့်နေသလို ဖောက်ထွင်းခံရတဲ့ ဖေဖော်ဝါရီ ၉ ရက်အထိ အဲဒီရဲကားရှိနေကြောင်း ဦးစိုးလေးက ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ ဒီလိုလုံခြုံရေး ရဲကားတစီး ရှိတဲ့နေရာ၊ ဒီလိုနေရာကို ဖောက်ထွင်းဝင်ရောက်ဖို့ဆိုတာ သာမန်သူခိုး မဖြစ်နိုင်ဘူး။ ဦးလေးတို့ပြောပြီး ဦးလေးတို့ CCTV မှတ်တမ်းအရ ရဲဝတ်စုံနဲ့ ပုဂ္ဂိုလ်တွေပါတယ်။ စစ်သားဝတ်စုံ စစ်ယူနီဖောင်းနဲ့ ပုဂ္ဂိုလ်တွေ ပါတယ်။ နောက်အရပ်ဝတ် အရပ်ဝတ်ဆိုတာမှာ SP လည်း ပါနိုင်တာပဲ။ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေလည်း ပါနိုင်တာပဲပေါ့။ ဦးလေးတို့က မတရားခံထားရတာ။ အဲဒီတော့ တရားခံဟာ ဘယ်သူတွေ ဖြစ်နိုင်လဲဆိုတာ အားလုံးလည်း မှန်းလို့ ရသွားပြီ။”

သက်သေခံပစ္စည်းတွေ သိမ်းဖို့ကိစ္စ၊ တရားလိုဆီက ထွက်ဆိုချက်တွေ ယူဖို့ကိစ္စတွေကို ဗဟန်းမြို့နယ်ရဲစခန်းက ပျက်ကွက်နေတဲ့အတွက် ပထမအဆင့်အနေနဲ့ စာပေးပို့မှာဖြစ်ပြီး ဆက်ပြီး ပျက်ကွက်ရင်တော့ ခရိုင်အဆင့်၊ တိုင်းအဆင့် အဲဒီနောက် ပြည်ထဲရေး ဝန်ကြီးဌာနအထိ အဆင့်ဆင့် တိုင်ကြားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်မှာလည်း ရဲကား အမြောက်အများနဲ့ ရဲအင်အား ၁၀၀ လောက်ဟာ NLD ရုံးချုပ်ကို ရောက်လာပြီး ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကို လာရောက်ရှာဖွေကြပါတယ်။ အဲဒီနောက် NLD ရုံးချုပ်ရှေ့ကို လူအင်အား ထောင်ချီ ရောက်ရှိလာပြီး ဝန်းရံခဲ့ပါတယ်။ ဖမ်းဆီးချင်တဲ့သူတွေ မတွေ့တဲ့အခါမှာ ညှိနှိုင်းမှုတွေရပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရုပ်သိမ်းသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG