(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိ္မ္းလိုက္ၿပီးေနာက္ပိုင္း ေပၚေပါက္ေနတဲ့ အေျခအေနေတြအေပၚ အထူးစိုးရိမ္မိေၾကာင္းဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး Motegi Toshimitsu က အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။ အာရွ ပစိဖိတ္ေဒသတြင္းမွာ စီးပြားေရး ဖြံ႔ၿဖိဳးမႈ သိသိသာသာ ရွိလာေပမယ့္ ဒီမိုကေရစီ ျဖစ္ထြန္းမႈနဲ႔ လူ႔အခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္မႈ အပိုင္းမွာေတာ့ စိန္ေခၚမႈေတြ ရွိေနပါတယ္လို႔လည္း ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးက ေျပာဆိုၿပီး ျမန္မာ့ စစ္အာဏာသိမ္းမႈကိုလည္း ေထာက္ျပခဲ႔တာပါ။
"ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာရတဲ႔ အေျခအေနေတြကို ဂ်ပန္ဘက္က အထူးစိုးရိမ္ေနပါတယ္။ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းစီးထားသူ အားလံုး ျပန္လႊတ္ေပးေရး ဂ်ပန္ဘက္က ေတာင္းဆိုသလိုဘဲ ျမန္မာႏုိင္ငံရဲ႕ ဒီမိုကေရစီ ႏုိင္ငံေရး စနစ္ကို အျမန္ဆံုး ျပန္လည္ က်င့္သံုးဖို႔လည္း ေတာင္းဆိုပါတယ္" လို႔ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာခဲ႔တာပါ။
ဆြစ္ဇာလန္ ႏုိင္ငံ ဂ်ီနီဗာမွာ က်င္းပေနတဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ၄၆ ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေ၀း အဆင့္ျမင့္ အရာရွိႀကီးမ်ား ေဆြးေႏြးပြဲမွာ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီးက တိုက်ိဳၿမိဳ႕ေတာ္ကေန ဗီြဒီယို ကြန္းဖရင့္စ္နဲ႔ ပါ၀င္ ေဆြးေႏြးတာမွာ ျမန္မာ့အေရး အထူးတလည္ ထည့္သြင္း ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။
..............
မြန်မာနိုင်ငံအခြေအနေအတွက် အထူးစိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်မိကြောင်းဂျပန် နိုင်ငံခြားရေး ဝန်ကြီး Motegi Toshimitsu က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အာရှ ပစိဖိတ်ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှု သိသိသာသာ ရှိလာပေမယ့် ဒီမိုကရေစီ ဖြစ်ထွန်းမှုနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု အပိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး မြန်မာ့ စစ်အာဏာသိမ်းမှုကိုလည်း ထောက်ပြခဲ့တာပါ။
"မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ အခြေအနေတွေကို ဂျပန်ဘက်က အထူးစိုးရိမ်နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းစီးထားသူ အားလုံး ပြန်လွှတ်ပေးရေး ဂျပန်ဘက်က တောင်းဆိုသလိုဘဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်လည် ကျင့်သုံးဖို့လည်း တောင်းဆိုပါတယ်" လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာပါ။
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တိုကျိုမြို့တော်ကနေ ဗွီဒီယို ကွန်းဖရင့်စ်နဲ့ ပါဝင် ဆွေးနွေးတာမှာ မြန်မာ့အရေး အထူးတလည် ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။