သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ဂ်ပန္အုိလံပစ္ပြဲကုိ စီစဥ္ထားတဲ့အတုိင္းက်င္းပမည္ (၀န္ႀကီးခ်ဳပ္ Suga)


ဂ်ပန္အိုလံပစ္ သ ေကၤ တ က ြင္းမ်ား သယ္ေဆာင္လာစဥ္

(Zawgyi/Unicode)

ဒီႏွစ္ထဲ က်င္းပမယ့္ တိုက်ိဳအိုလံပစ္အားကစားပြဲေတာ္ကို စီစဥ္ထားတဲ့အတိုင္း က်င္းပသြားဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ေသာၾကာေန႔က ေျပာပါတယ္။

တိုက်ိဳအိုလံပစ္အားကစားပြဲကို က်င္းပနိုင္တာက လူသားေတြ ကိုရိုနာဗိုင္းရပ္စ္ကို ေအာင္ျမင္ေက်ာ္လႊားနိုင္တာကို ျပသမယ့္ သေကၤတ သေဘာျဖစ္ပါလိမ့္မယ္။ ေရာဂါကူးစက္မႈနဲ႔ ပတ္သက္လို႔လည္း စည္းကမ္းသတ္မွတ္ခ်က္ေတြ ခ်မွတ္ဖို႔ ျပင္ဆင္ထားပါတယ္။ လုံျခဳံ စိတ္ခ်ရၿပီး အႏၲရာယ္ကင္းတဲ့ အားကစားပြဲေတြျဖစ္ဖို႔ တိုက်ိဳ အစိုးရနဲ႔ တိုက်ိဳ အိုလံပစ္ပြဲက်င္းပေရး ေကာ္မတီအျပင္ နိုင္ငံတကာ အိုလံပစ္ က်င္းပေရး ေကာ္မတီတို႔ နဲ႔အတူ အနီးကပ္ ေဆာင္ရြက္ဖို႔ ဆုံးျဖတ္ထားပါတယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Suga က ဂ်ပန္ ပါလီမန္မွာ ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အိုလံပစ္အားကစားပြဲေတြကို ဖ်က္သိမ္းရဖို႔ရွိေၾကာင္း အမည္မေဖာ္လိုသူအစိုးရသတင္းရင္းျမစ္ တခုကို ကိုးကားၿပီး Times မဂၢဇင္းက ေဖာ္ျပခဲ့ၿပီးတဲ့ေနာက္ ဝန္ႀကီးခ်ဳပ္ရဲ့ ေျပာဆိုခ်က္ အခုလို ထြက္ေပၚ လာတာပါ။ ဂ်ပန္နိုင္ငံက အားကစားပြဲေတြကို ႏွစ္ေျပာင္းၿပီး က်င္းပဖို႔ အစီအစဥ္ေတြ ျပန္ၿပီး ခ်မွတ္ေနတယ္လို႔လည္း အဲဒီ သတင္းက ေဖာ္ျပခဲ့တာပါ။

အားကစားပြဲေတြကို မက်င္းပျဖစ္ေလာက္ေတာ့ဘူးဆိုတဲ့ သတင္းက မမွန္ကန္ဘူးလို႔လည္း ဂ်ပန္အစိုးရအဖြဲ႕ ဒု အတြင္းဝန္ခ်ဳပ္ Manabu Sakai ကေသာၾကာေန႔က ေျပာပါတယ္။

မူလက ၂၀၂၀ ခုႏွစ္ထဲ က်င္းပဖို႔ စီစဥ္ခဲ့တဲ့ တိုက်ိဳအိုလံပစ္အားကစားပြဲေတြကို COVID 19 ကပ္ေရာဂါေၾကာင့္ ဂ်ပန္အစိုးရ နဲ႔ နိုင္ငံ တကာ အိုလံပစ္ က်င္းပေရး ေကာ္မတီတို႔က ေရႊ႕ဆိုင္းထားတာျဖစ္ပါတယ္။ အစီအစဥ္သစ္အရ တိုက်ိဳ အိုလံပစ္ကို ဒီကေန႔ စေနေန႔ ကေန ၆ လ ျပည့္တဲ့ ဇူလိုင္လ ၂၃ ရက္ေန႔မွာ က်င္းပဖို႔ ရွိပါတယ္။

..............................................................

တိုက္႐ိုက္ လင့္ခ္


ဂျပန်အိုလံပစ်ပွဲကို စီစဉ်ထားတဲ့အတိုင်းကျင်းပမည် (ဝန်ကြီးချုပ် Suga)

(Unicode)

ဒီနှစ်ထဲ ကျင်းပမယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က သောကြာနေ့က ပြောပါတယ်။

တိုကျိုအိုလံပစ်အားကစားပွဲကို ကျင်းပနိုင်တာက လူသားတွေ ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်ကျော်လွှားနိုင်တာကို ပြသမယ့် သင်္ကေတ သဘောဖြစ်ပါလိမ့်မယ်။ ရောဂါကူးစက်မှုနဲ့ ပတ်သက်လို့လည်း စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်ဖို့ ပြင်ဆင်ထားပါတယ်။ လုံခြုံ စိတ်ချရပြီး အန္တရာယ်ကင်းတဲ့ အားကစားပွဲတွေဖြစ်ဖို့ တိုကျို အစိုးရနဲ့ တိုကျို အိုလံပစ်ပွဲကျင်းပရေး ကော်မတီအပြင် နိုင်ငံတကာ အိုလံပစ် ကျင်းပရေး ကော်မတီတို့ နဲ့အတူ အနီးကပ် ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်လို့ ဂျပန် ဝန်ကြီးချုပ် Suga က ဂျပန် ပါလီမန်မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အိုလံပစ်အားကစားပွဲတွေကို ဖျက်သိမ်းရဖို့ရှိကြောင်း အမည်မဖော်လိုသူအစိုးရသတင်းရင်းမြစ် တခုကို ကိုးကားပြီး Times မဂ္ဂဇင်းက ဖော်ပြခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက် အခုလို ထွက်ပေါ် လာတာပါ။ ဂျပန်နိုင်ငံက အားကစားပွဲတွေကို နှစ်ပြောင်းပြီး ကျင်းပဖို့ အစီအစဉ်တွေ ပြန်ပြီး ချမှတ်နေတယ်လို့လည်း အဲဒီ သတင်းက ဖော်ပြခဲ့တာပါ။

အားကစားပွဲတွေကို မကျင်းပဖြစ်လောက်တော့ဘူးဆိုတဲ့ သတင်းက မမှန်ကန်ဘူးလို့လည်း ဂျပန်အစိုးရအဖွဲ့ ဒု အတွင်းဝန်ချုပ် Manabu Sakai ကသောကြာနေ့က ပြောပါတယ်။

မူလက ၂၀၂၀ ခုနှစ်ထဲ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ တိုကျိုအိုလံပစ်အားကစားပွဲတွေကို COVID 19 ကပ်ရောဂါကြောင့် ဂျပန်အစိုးရ နဲ့ နိုင်ငံ တကာ အိုလံပစ် ကျင်းပရေး ကော်မတီတို့က ရွှေ့ဆိုင်းထားတာဖြစ်ပါတယ်။ အစီအစဉ်သစ်အရ တိုကျို အိုလံပစ်ကို ဒီကနေ့ စနေနေ့ ကနေ ၆ လ ပြည့်တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။

XS
SM
MD
LG