သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ အိုလံပစ် ဆုတံဆိပ်တွေသွန်းဖို့ တယ်လီဖုန်းဟောင်းတွေ ဂျပန်အလှူခံ


U.S. Olympic swimmer Michael Phelps poses with his gold medal.
U.S. Olympic swimmer Michael Phelps poses with his gold medal.

ဂျပန်နိုင်ငံမှာ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ဆုတံဆိပ်တွေကို Cell ဖုန်းအဟောင်းတွေက သတ္တုတွေနဲ့ ပြုလုပ် ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

အိုလံပစ် ပြိုင်ပွဲ ၂ စလုံးမှာ ချီးမြင့်မယ့် ရွှေ၊ ငွေနဲ့ ကြေးတံဆိပ်ပေါင်း ၅,၀၀၀ လုပ်ဖို့အတွက် လိုအပ်တဲ့ ၈ တန်နဲ့ ညီမျှတဲ့ ဖုန်းအဟောင်းတွေ၊ လျှပ်စစ် ပစ္စည်းဟောင်းတွေကို လှုကြဖို့အတွက် အိုလံပစ်ကျင်းပရေး ကော်မီတီက ဂျပန်ပြည်သူ လူထုထံ အလှုခံထားပါတယ်။

အဲဒီ ပစ္စည်းဟောင်းတွေ လှုနိုင်ဖို့အတွက် ဧပြီလကစပြီး ဖုန်းဆိုင်တွေ၊ ရုံးတွေမှာ အထူးပုံးတွေကို ချထားပေးမယ်လို့ ဆိုပါတယ်။

အခုလို လျှပ်စစ်ပစ္စည်းဟောင်းတွေကို အရည်ကြိုပြီး ဆုတံဆိပ် ပြုလုပ်မယ့် အစီအစဉ်ကို အားကစား ၁၀ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိုလံပစ် ရွှေဆံဆိပ် ၂ နှစ်ကြိမ် ဆက်တိုက် ဆုရရှိခဲ့တဲ့ အမေရိကန် အိုလံပစ် အားကစားသမား Ashton Eaton က ကြိုဆိုလိုက်ပါတယ်။ အဲဒီ သတင်းကြားရတဲ့အတွက် သူ့အနေနဲ့ အားကစားလောကနေ အနားယူထားရာက အဲဒီ ဆုကို လိုချင်တဲ့အတွက် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်တောင် ပေါက်မိကြောင်း သူက Twitter လူမှုကွန်ယက်ကတဆင့် ပြောပါတယ်။

ဒါဟာ ပစ္စည်းဟောင်းတွေ အရည်ကြိုကာ ဆုတံဆိပ်ပြုလုပ်ပြီး ချီးမြင့်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ ခု ၊ Rio အိုလံပစ်ပွဲမှာတုန်းက ငွေနဲ့ ကြေးတံဆိပ်တွေကို ပြန်အရည်ကြိုထားတဲ့ ပစ္စည်းအဟောင်းတွေနဲ့ ပြုလုပ် ချီးမြင့်ခဲ့ပါတယ်။

XS
SM
MD
LG