{{Zawgyi/Unicode}}
COVID 19 ကာကြယ္ေဆး သုံးစြဲလာနိုင္တာက တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကို ေဘးအႏၲရယ္ ကင္းကင္းနဲ႔ လုံျခဳံစိတ္ခ်စြာ က်င္းပနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ ေရာင္ျခည္ တစ္ခု ျဖစ္တယ္လို႔ ဂ်ပန္နိုင္ငံ၊ တိုက်ိဳ အုပ္ခ်ဳပ္ေရးမႉး Yuriko Koike က ေျပာပါတယ္။
"COVID 19 ကာကြယ္ေဆး အခုလို သုံးစြဲလာနိုင္တာက ေမၽွာ္လင့္ခ်က္ တစ္ခု ျဖစ္ေၾကာင္း၊ အိုလံပစ္နဲ႔ မသန္စြမ္းအားကစားပြဲေတာ္ ေတြ က်င္းပနိုင္ဖို႔အတြက္ေမၽွာ္လင့္ခ်က္တစ္ခုအေနနဲ႔လည္းျမင္မိေၾကာင္း" တိုက်ိဳ အုပ္ခ်ဳပ္ေရးမႉး Yuriko Koike က APသတင္း ဌာန နဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။
ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ အမ်ားျပည္သူ လိုက္နာဖို႔ ဥပေဒအမိန္႔ေတြ ထုတ္ျပန္ခ်မွတ္ထားတာမရွိသလိုအျပစ္ေပးတာ၊ ဒဏ္ေၾကးခ်မွတ္တာ မရွိေၾကာင္း၊ ဒါေပမယ့္ တိုက်ိဳၿမိဳ႕ေန ျပည္သူေတြက ေရာဂါ ကာကြယ္တားဆီးေရးမွာ ပူးေပါင္းပါဝင္ ေဆာင္ရြက္ ၾကေၾကာင္းလည္း သူက ေျပာပါတယ္။
ဗဟို အစိုးရက ကပ္ေရာဂါကို တုန္႔ျပန္ ကိုင္တြယ္ ေဆာင္ရြက္ေနပုံေတြအေပၚမွာေတာ့ စိုးရိမ္ပူပန္မႈ ရွိတယ္လို႔လည္း သူက ေျပာ ပါတယ္။
တိုက်ိဳ အုပ္ခ်ဳပ္ေရးမႉး Yuriko Koike ကို Forbes မဂၢဇင္းက ဒီႏွစ္ထဲ ကမၻာေပၚမွာ ဩဇာအာဏာ အႀကီးဆုံး အမ်ိဳးသမီးအေယာက္ ၁၀၀ ထဲမွာ ထည့္သြင္း ေဖာ္ျပထားတာျဖစ္ပါတယ္။ Forbes မဂၢဇင္းရဲ့ ဩဇာ အႀကီးဆုံး အမ်ိဳးသမီးအေယာက္ ၁၀၀ ထဲ ဂ်ပန္အမ်ိဳးသမီးအေနနဲ႔ သူတစ္ဦးတည္းသာ ပါဝင္ပါတယ္။ အခုလို ေရြးခ်ယ္ရာမွာ Forbesမဂၢဇင္းက ကမၻာ့ ကပ္ေရာဂါႀကီးကို တိုက္ဖ်က္ေနတဲ့ အမ်ိဳးသမီးေတြရဲ့ အခန္း က႑ကိုလည္း အေလးေပး ေဖာ္ျပထားပါတယ္။
..............................................
{{Unicode}}
COVID 19 ကာကွယ်ဆေး အိုလံပစ်အတွက် မျှော်လင့်ချက်ပေး
COVID 19 ကာကွယ်ဆေး သုံးစွဲလာနိုင်တာက တိုကျို အိုလံပစ် ပွဲတော်ကို ဘေးအန္တရယ် ကင်းကင်းနဲ့ လုံခြုံစိတ်ချစွာ ကျင်းပနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည် တစ်ခု ဖြစ်တယ်လို့ ဂျပန်နိုင်ငံ၊ တိုကျို အုပ်ချုပ်ရေးမှူး Yuriko Koike က ပြောပါတယ်။
"COVID 19 ကာကွယ်ဆေး အခုလို သုံးစွဲလာနိုင်တာက မျှော်လင့်ချက် တစ်ခု ဖြစ်ကြောင်း၊ အိုလံပစ်နဲ့ မသန်စွမ်းအားကစားပွဲတော် တွေ ကျင်းပနိုင်ဖို့အတွက်မျှော်လင့်ချက်တစ်ခုအနေနဲ့လည်းမြင်မိကြောင်း" တိုကျို အုပ်ချုပ်ရေးမှူး Yuriko Koike က APသတင်း ဌာန နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အများပြည်သူ လိုက်နာဖို့ ဥပဒေအမိန့်တွေ ထုတ်ပြန်ချမှတ်ထားတာမရှိသလိုအပြစ်ပေးတာ၊ ဒဏ်ကြေးချမှတ်တာ မရှိကြောင်း၊ ဒါပေမယ့် တိုကျိုမြို့နေ ပြည်သူတွေက ရောဂါ ကာကွယ်တားဆီးရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက် ကြကြောင်းလည်း သူက ပြောပါတယ်။
ဗဟို အစိုးရက ကပ်ရောဂါကို တုန့်ပြန် ကိုင်တွယ် ဆောင်ရွက်နေပုံတွေအပေါ်မှာတော့ စိုးရိမ်ပူပန်မှု ရှိတယ်လို့လည်း သူက ပြော ပါတယ်။
တိုကျို အုပ်ချုပ်ရေးမှူး Yuriko Koike ကို Forbes မဂ္ဂဇင်းက ဒီနှစ်ထဲ ကမ္ဘာပေါ်မှာ ဩဇာအာဏာ အကြီးဆုံး အမျိုးသမီးအယောက် ၁၀၀ ထဲမှာ ထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဩဇာ အကြီးဆုံး အမျိုးသမီးအယောက် ၁၀၀ ထဲ ဂျပန်အမျိုးသမီးအနေနဲ့ သူတစ်ဦးတည်းသာ ပါဝင်ပါတယ်။ အခုလို ရွေးချယ်ရာမှာ Forbesမဂ္ဂဇင်းက ကမ္ဘာ့ ကပ်ရောဂါကြီးကို တိုက်ဖျက်နေတဲ့ အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍကိုလည်း အလေးပေး ဖော်ပြထားပါတယ်။