သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ပြီးဆုံး


ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ပြီးဆုံး
ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ပြီးဆုံး

တောင်ကိုရီးယားနိုင်ငံ၊ Pyoengchang မြို့မှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ဟာ တနင်္ဂနွေနေ့က အဆုံး သတ်သွားပြီဖြစ်ပြီး "မိုးကုပ်စက်ဝိုင်းသစ်က အားကစားပွဲ" လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ကင်ပွန်းတပ် ချီးကျူး ပြောဆိုပါတယ်။

အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားအတွင်း တောင် မြောက်ကိုရီးယားနှစ်နိုင်ငံအသင်းတွေ အတူတကွ ချီတက် ပါဝင်ခဲ့ကြတာ ကို ပိတ်ပွဲအခမ်းအနားမိန့်ခွန်းမှာ IOC ဥက္ကဌ Thomas Bach က ချီးကျူးပြောဆိုပါတယ်။ ကျိုးပဲ့ကျေပျက်လွယ်တဲ့ ကျနော်တို့ ကမ္ဘာကြီးမှာ အားကစားက လူတွေကို အတူတကွဖြစ်အောင် ဘယ်လို ဆောင်ယူနိုင်တယ်ဆိုတာ ခင်ဗျားတို့ ပြသခဲ့ပါတယ်၊ အားကစားက တံတားတွေ ဘယ်လိုခင်းပေးတယ်ဆိုတာ ခင်ဗျားတို့ ပြသခဲ့ပါတယ်လို့ IOC ဥက္ကဌ Bach က ကိုရီးယား အားကစားသမားတွေကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဆောင်းရာသီ အိုလံပစ်အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရဲ့ ြမို့တော်ဝန်လက်ထဲ အိုလံပစ်အလံကို မစ္စတာ Bach က လွှဲပြောင်းပေးပါတယ်။ ဘေဂျင်းမြို့တော်ဟာ ၂၀၀၈ ခုနှစ်က နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သေးတာကြောင့် ဆောင်းနဲ့ နွေ အိုလံပစ်အားကစားပွဲတော် နှစ်ခု စလုံးကို လက်ခံကျင်းပခွင့်ရတဲ့ ကမ္ဘာ့ ပထမဆုံးမြို့ဖြစ်ပါတယ်။

အိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်သူက သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ သမီး Ivanka Trump ပါ။ တောင်ကိုရီးယားသမ္မတ Moon Jae-In ၊ မြောက်ကိုရီးယားကို အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဌ Kim Yong Chol တို့နဲ့အတူ Ivanka Trump ဟာ သတ်မှတ်နေရာတခုအတွင်းမှာထိုင်ပြီး ပိတ်ပွဲကို အားပေးခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG