သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက်ဳိအုိလံပစ္က်င္းပျဖစ္ေရး မေသခ်ာေသး


(Zawgyi/Unicode)

COVID 19 ကူးစက္မႈ ျမင့္တက္ေနေသးတာေၾကာင့္ ၂၀၂၁ ခုႏွစ္ထဲ တိုက်ိဳ အိုလံပစ္ က်င္းပေရးကိစၥ ဘာမဆို ျဖစ္သြားနိုင္တယ္လို႔ ဂ်ပန္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီး တစ္ဦးက ေျပာပါတယ္။

“လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ အေျခအေနအရ ဘာမဆို ျဖစ္သြားနိုင္ပါတယ္။ အိုလံပစ္ က်င္းပေရး ေကာ္မတီနဲ႔ နိုင္ငံတကာ အိုလံပစ္ ေကာ္မတီတို႔ အေနနဲ႔ ၾကားခံ အရန္အစီအစဥ္ေတြ စီမံထားဖို႔ စဥ္းစားရမွာ ျဖစ္ပါတယ္” လို႔ ဂ်ပန္ အုပ္ခ်ဳပ္ေရးနဲ႔ ဥပေဒစည္းမ်ဥ္း ျပင္ဆင္ေရးဆြဲေရး ဝန္ႀကီး Taro Kono က ေျပာပါတယ္။

ဒါေပမဲ့ အိုလံပစ္ပြဲေတာ္ က်င္းပဖို႔ ဂ်ပန္နိုင္ငံက အခိုင္အမာ ျပင္ဆင္ထားတယ္လို႔ သူက ေျပာပါတယ္။

ဝန္ႀကီး Taro Kono ရဲ့ ေျပာၾကားခ်က္က ဂ်ပန္နဲ႔ တျခားနိုင္ငံေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္ေနခ်ိန္မွာ အိုလံပစ္ ပြဲေတာ္ က်င္းပေရး မေရရာျဖစ္ေနတာကို ဂ်ပန္ အဆင့္ျမင့္ တာဝန္ရွိသူတစ္ေယာက္ကေန ပထမဆုံးအႀကိမ္ ဝန္ခံေျပာဆိုခ်က္လည္း ျဖစ္ပါတယ္။

ဒါ့အျပင္၊ တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကို ေဘးကင္းလုံျခဳံစြာနဲ႔ က်င္းပမယ္လို႔ ေျပာထားတဲ့ ဝန္ႀကီးခ်ဳပ္ Yoshihide Suga ေျပာၾကားခ်က္နဲ႔လည္း ကြဲလြဲေနတာပါ။

တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲ ဖ်က္သိမ္းရနိုင္ေျခရွိတာကိုလည္း သူက ျငင္းဆိုျခင္း မရွိပါဘူး။

ဂ်ပန္နိုင္ငံမွာ ေလာေလာဆယ္ တိုက်ိဳ ဧရိယာနဲ႔ တျခား ေဒသႀကီး ၁၁ ခုမွာ အေရးေပၚ အေျခအေန ေဖေဖာ္ဝါရီလ ၇ ရက္ေန႔အထိ ေၾကညာထားတာပါ။

မၾကာေသးခင္က ေကာက္ယူတဲ့ လူထု သေဘာထား စစ္တမ္းမွာ တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကို ဖ်က္သိမ္းဖို႔ ၈၀ ရာခိုင္ႏႈန္းက သေဘာထားေပးတာေၾကာင့္ ပြဲေတာ္က်င္းပေရးအေပၚ ျပည္သူလူထုရဲ့ ေထာက္ခံမႈကလည္း တရွိန္ထိုး က်ဆင္းေနပါတယ္။

ပြဲေတာ္က်င္းပေရး ဥကၠဌ Yoshiro Mori ကေတာ့ ေနာက္ထပ္ အခ်ိန္ ေရႊ႕ဆိုင္းေရး လုံးဝ မျဖစ္နိုင္ဘူးလို႔ အဂၤါေန႔က ေျပာပါတယ္။ ပြဲေတာ္က်င္းပေရးကိစၥ ေဖေဖာ္ဝါရီနဲ႔ မတ္လေတြမွာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ ခ်ဖို႔ လိုအပ္မယ္လို႔လည္း ေျပာပါတယ္။

တုိက်ဳိအုိလံပစ္က်င္းပျဖစ္ေရး မေသခ်ာေသး
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္


.............................................

တိုကျိုအိုလံပစ်ကျင်းပဖြစ်ရေး မသေချာသေး

(Unicode)

COVID 19 ကူးစက်မှု မြင့်တက်နေသေးတာကြောင့် ၂၀၂၁ ခုနှစ်ထဲ တိုကျို အိုလံပစ် ကျင်းပရေးကိစ္စ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ဂျပန် အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးက ပြောပါတယ်။

“လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေအရ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အိုလံပစ် ကျင်းပရေး ကော်မတီနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီတို့ အနေနဲ့ ကြားခံ အရန်အစီအစဉ်တွေ စီမံထားဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်” လို့ ဂျပန် အုပ်ချုပ်ရေးနဲ့ ဥပဒေစည်းမျဉ်း ပြင်ဆင်ရေးဆွဲရေး ဝန်ကြီး Taro Kono က ပြောပါတယ်။
ဒါပေမဲ့ အိုလံပစ်ပွဲတော် ကျင်းပဖို့ ဂျပန်နိုင်ငံက အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။

ဝန်ကြီး Taro Kono ရဲ့ ပြောကြားချက်က ဂျပန်နဲ့ တခြားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေချိန်မှာ အိုလံပစ် ပွဲတော် ကျင်းပရေး မရေရာဖြစ်နေတာကို ဂျပန် အဆင့်မြင့် တာဝန်ရှိသူတစ်ယောက်ကနေ ပထမဆုံးအကြိမ် ဝန်ခံပြောဆိုချက်လည်း ဖြစ်ပါတယ်။

ဒါ့အပြင်၊ တိုကျို အိုလံပစ် ပွဲတော်ကို ဘေးကင်းလုံခြုံစွာနဲ့ ကျင်းပမယ်လို့ ပြောထားတဲ့ ဝန်ကြီးချုပ် Yoshihide Suga ပြောကြားချက်နဲ့လည်း ကွဲလွဲနေတာပါ။
တိုကျို အိုလံပစ်ပြိုင်ပွဲ ဖျက်သိမ်းရနိုင်ခြေရှိတာကိုလည်း သူက ငြင်းဆိုခြင်း မရှိပါဘူး။
ဂျပန်နိုင်ငံမှာ လောလောဆယ် တိုကျို ဧရိယာနဲ့ တခြား ဒေသကြီး ၁၁ ခုမှာ အရေးပေါ် အခြေအနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ကြေညာထားတာပါ။

မကြာသေးခင်က ကောက်ယူတဲ့ လူထု သဘောထား စစ်တမ်းမှာ တိုကျို အိုလံပစ် ပွဲတော်ကို ဖျက်သိမ်းဖို့ ၈၀ ရာခိုင်နှုန်းက သဘောထားပေးတာကြောင့် ပွဲတော်ကျင်းပရေးအပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုကလည်း တရှိန်ထိုး ကျဆင်းနေပါတယ်။

ပွဲတော်ကျင်းပရေး ဥက္ကဌ Yoshiro Mori ကတော့ နောက်ထပ် အချိန် ရွှေ့ဆိုင်းရေး လုံးဝ မဖြစ်နိုင်ဘူးလို့ အင်္ဂါနေ့က ပြောပါတယ်။ ပွဲတော်ကျင်းပရေးကိစ္စ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချဖို့ လိုအပ်မယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG