သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ အိုလံပစ်ပွဲတော် တိုကျိုမှာ ကျင်းပမည်


၂၀၂၀ နွေရာသီအိုလံပစ်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတော့မယ့် ဂျပန်နိုင်ငံ။
၂၀၂၀ နွေရာသီအိုလံပစ်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတော့မယ့် ဂျပန်နိုင်ငံ။
သက္ကရာဇ် ၂၀၂၀ မှာကျင်းပမယ့် နွေရာသီအိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ်ကျင်းပပေးဖို့ ယှဉ်ပြိုင်တာမှာ တိုကျိုက အစ္စတန်ဘူလ်နဲ့ မက်ဒရစ်တို့ကို အနိုင်ရသွားပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ၁၉၆၄ ခုနှစ်မှာပဲ ဒီအားကစားပွဲကို နောက်ဆုံးအကြိမ် ကျင်းပပေးခဲ့တာပါ။

Argentina နိုင်ငံ Buenos Aires မြို့တော်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီက စနေနေ့က ပထမအကျော့မဲခွဲထဲက စပိန်နိုင်ငံ၊ Madrid မြို့က ပြုတ်သွားတာပါ။ ဖြစ်ပြီး နောက်တကျော့မှာတော့ Istanbul က ပြုတ်သွားတာပါ။

ယှဉ်ပြိုင်တဲ့ မြို့ (၃) မြို့လုံးဟာ ကြီးမားတဲ့ပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး သူမသာ ကိုယ်မသာ အနေအထားမှာ ရှိတာပါ။ Instanbul မြို့အတွက် ဝင်ပြိုင်တဲ့ တူရကီနိုင်ငံက Syria နိုင်ငံနဲ့ ဘေးချင်းကပ်ရက်မို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပြီး Madrid မြို့ကတော့ ဘဏ္ဍာရေးပြသနာတွေရှိနေတာပါ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ဆိုရင်လည်း Fukushima nuclear စက်ရုံပြသနာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာပါ။ ဒီလို အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ်ကျင်းပပေးခွင့်ရတာဟာ ဂျပန်နိုင်ငံအတွက် အများကြီးအကျိုးဖြစ်ထွန်းမှာပါ။ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအများကြီးရမှာ ဖြစ်ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင်ရှားတဲ့နေရာကို ရယူနိုင်ဖို့ အခွင့်အရေးလည်းရသွားပါတယ်ရှင်။
XS
SM
MD
LG