သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ပုိင္ဆုိင္ေၾကာင္းေျပာတဲ့ နယ္နိမိတ္စည္းမ်ဥ္းကုိ ဂ်ပန္လက္မခံ


ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ေရတပ္စစ္သေဘၤာနဲ႔အတူ စစ္ေရးေလ့က်င့္ေနတဲ့ ဂ်ပန္ေရတပ္ကာကြယ္ေရး စစ္သေဘၤာမ်ား။ (ဇူလုိင္ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ေတာင္တ႐ုတ္ပင္လယ္ထဲက ေရျပင္ပိုင္နက္နယ္ေျမ အမ်ားစုကို ပိုင္ဆိုင္တယ္ဆိုတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ ေၾကညာခ်က္ကို လက္မခံဘဲ ဥပေဒေၾကာင္းအရ စိန္ေခၚလာတဲ့ ႏုိင္ငံေတြထဲ ဂ်ပန္ႏုိင္ငံလည္း ပါဝင္လာၿပီ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံက ေၾကညာထားတဲ့ အေျခခံပိုင္နက္နယ္ေျမ နယ္နိမိတ္ မ်ဥ္းေၾကာင္းကို လက္မခံေၾကာင္း အသိေပးတဲ့ သံတမန္ေရး စာတေစာင္ကို ၿပီးခဲ့တဲ့အဂၤါေန႔က ဂ်ပန္ႏုိင္ငံက ကုလသမဂၢကို အေၾကာင္းၾကား ေပးပို႔လိုက္တာပါ။ အဲဒီစာမွာ တ႐ုတ္တို႔ရဲ႕ နယ္ေျမပိုင္ဆိုင္ေၾကာင္း ေတာင္းဆိုခ်က္က ေရေၾကာင္းနဲ႔ ေလေၾကာင္း လြတ္လပ္စြာ သြားလာမႈကို ကန္႔သတ္ဖို႔ ႀကိဳးပမ္းခ်က္ဆိုၿပီး ေဝဖန္႐ႈတ္ခ်ထားပါတယ္။

ယူေက၊ ျပင္သစ္၊ ဂ်ာမနီ၊ မေလးရွား၊ ဩစေၾတးလ်၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ဖိလစ္ပိုင္နဲ႔ အေမရိကန္တို႔ကလည္း အလားတူ သံတမန္ေရးစာေတြကို ကုလသမဂၢကို ေပးပို႔ထားၿပီး ျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံက အခုလို သံတမန္စာ ေပးပို႔တဲ့ ေနာက္ဆုံးႏုိင္ငံ ျဖစ္လာတာပါ။

နယ္နိမိတ္မ်ဥ္းေရးဆြဲမႈက ကုလသမဂၢရဲ႕ ပင္လယ္ေရေၾကာင္းဆိုင္ရာ ဥပေဒနဲ႔ ကိုက္ညီတယ္ဆိုတဲ့ တ႐ုတ္တို႔ရဲ႕ ေျပာၾကားခ်က္ကို ဂ်ပန္ႏုိင္ငံက လုံးလုံးလ်ားလ်ား ပယ္ခ်တယ္လို႔လည္း ဂ်ပန္ႏုိင္ငံရဲ႕ သံတမန္မွတ္တမ္းစာမွာ ေရးထားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲက အျငင္းပြားေနတဲ့ကၽြန္းေတြ ပိုင္ဆိုင္မႈကို ေတာင္းဆိုေနတဲ့ ႏုိင္ငံေတြထဲ မပါဝင္ေပမယ့္ ကၽြန္းပိုင္ဆိုင္ေၾကာင္း ေတာင္းဆိုထားတဲ့ အေရွ႕ေတာင္အာရွက ႏုိင္ငံေတြနဲ႔ မၾကာေသးခင္ ႏွစ္ေတြထဲ ဂ်ပန္ႏုိင္ငံက လုံၿခဳံေရး ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ျပလုပ္လာေနတာပါ။

ဂ်ပန္ႏုိင္ငံက ဖိလစ္ပိုင္ႏုိင္ငံကို ကမ္းေျခေစာင့္ သေဘၤာေတြနဲ႔ ေရဒါစနစ္ေတြ ေပးအပ္ခဲ့သလို ကာကြယ္ေရးပစၥည္း တင္ပို႔မႈဆိုင္ရာ သေဘာတူညီခ်က္ကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ဗီယက္နမ္ႏုိင္ငံကို သြားေရာက္ခ်ိန္မွာ လက္မွတ္ေရးထိုးခဲ့တာပါ။

အခုလို ဂ်ပန္ႏုိင္ငံက တ႐ုတ္တို႔ရဲ႕ ေတာင္းဆိုမႈကို လက္မခံ ပယ္ခ်တာက ႏွစ္ႏုိင္ငံ အျငင္းပြားေနတဲ့ တ႐ုတ္ အေရွ႕ပင္လယ္ထဲက ဂ်ပန္တို႔ ထိန္းခ်ဳပ္ထားတဲ့ Senkaku ကၽြန္း ပိုင္ဆိုင္မႈနဲ႔လည္း ဆက္စပ္ေနဖြယ္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ပိုင်ဆိုင်ကြောင်းပြောတဲ့ နယ်နိမိတ်စည်းမျဉ်းကို ဂျပန်လက်မခံ

တောင်တရုတ်ပင်လယ်ထဲက ရေပြင်ပိုင်နက်နယ်မြေ အများစုကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကြေညာချက်ကို လက်မခံဘဲ ဥပဒေကြောင်းအရ စိန်ခေါ်လာတဲ့ နိုင်ငံတွေထဲ ဂျပန်နိုင်ငံလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကြေညာထားတဲ့ အခြေခံပိုင်နက်နယ်မြေ နယ်နိမိတ် မျဉ်းကြောင်းကို လက်မခံကြောင်း အသိပေးတဲ့ သံတမန်ရေး စာတစောင်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဂျပန်နိုင်ငံက ကုလသမဂ္ဂကို အကြောင်းကြား ပေးပို့လိုက်တာပါ။ အဲဒီစာမှာ တရုတ်တို့ရဲ့ နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုချက်က ရေကြောင်းနဲ့ လေကြောင်း လွတ်လပ်စွာ သွားလာမှုကို ကန့်သတ်ဖို့ ကြိုးပမ်းချက်ဆိုပြီး ဝေဖန်ရှုတ်ချထားပါတယ်။

ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ မလေးရှား၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ကလည်း အလားတူ သံတမန်ရေးစာတွေကို ကုလသမဂ္ဂကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အခုလို သံတမန်စာ ပေးပို့တဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာတာပါ။

နယ်နိမိတ်မျဉ်းရေးဆွဲမှုက ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေနဲ့ ကိုက်ညီတယ်ဆိုတဲ့ တရုတ်တို့ရဲ့ ပြောကြားချက်ကို ဂျပန်နိုင်ငံက လုံးလုံးလျားလျား ပယ်ချတယ်လို့လည်း ဂျပန်နိုင်ငံရဲ့ သံတမန်မှတ်တမ်းစာမှာ ရေးထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ကျွန်းတွေ ပိုင်ဆိုင်မှုကို တောင်းဆိုနေတဲ့ နိုင်ငံတွေထဲ မပါဝင်ပေမယ့် ကျွန်းပိုင်ဆိုင်ကြောင်း တောင်းဆိုထားတဲ့ အရှေ့တောင်အာရှက နိုင်ငံတွေနဲ့ မကြာသေးခင် နှစ်တွေထဲ ဂျပန်နိုင်ငံက လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြလုပ်လာနေတာပါ။

ဂျပန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ကမ်းခြေစောင့် သင်္ဘောတွေနဲ့ ရေဒါစနစ်တွေ ပေးအပ်ခဲ့သလို ကာကွယ်ရေးပစ္စည်း တင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ဗီယက်နမ်နိုင်ငံကို သွားရောက်ချိန်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

အခုလို ဂျပန်နိုင်ငံက တရုတ်တို့ရဲ့ တောင်းဆိုမှုကို လက်မခံ ပယ်ချတာက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ တရုတ် အရှေ့ပင်လယ်ထဲက ဂျပန်တို့ ထိန်းချုပ်ထားတဲ့ Senkaku ကျွန်း ပိုင်ဆိုင်မှုနဲ့လည်း ဆက်စပ်နေဖွယ် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG