သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရေတပ်စခန်းတည်ဆောက်မှု


Paracel ကျွန်းစုမှာ ကင်းလှည့်နေတဲ့ တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်
Paracel ကျွန်းစုမှာ ကင်းလှည့်နေတဲ့ တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်

(Zawgyi/Unicode)

တောင်တရုတ် ပင်လယ်တွင်းမှာ တရုတ် စစ်တပ်က ရေတပ် အခြေစိုက် စခန်းကို တိုးချဲ့ထားပါတယ်။ ဒါဟာဆိုရင် နိုင်ငံ ၅ ခုနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အမေရိကန်က အနီးကပ် စောင့်ကြည့်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်ရဲ့ မဟာဗျူဟာမြောက် ရေပြင်မှာ တရုတ်စစ်တပ် အတွက် ပိုပြီး လှုပ်ရှားဖို့ အခွင့်သာ သွားစေတယ်လို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ ထိုင်ဝမ် မြို့တော် တိုင်ပေကနေ Ralph Jennings ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဟိုင်နန်ကျွန်းက Yulin ရေတပ် အခြေစိုက် စခန်းကို အရင်က သမားရိုးကျ ရေငုပ်သဘောၤ ထားရှိရာ အဖြစ်ကနေ ပြီးခဲ့တဲ့နှစ် လောက် အတွင်းကစလို့ နျူးကလီးယား စွမ်းအင်သုံး ရေငုပ်သဘောၤတွေ ထားရှိရာ အဖြစ် တရုတ် ရေတပ်က တိုးချဲ့ခဲ့တယ်လို့ စစ်ဘက် သတင်းတွေ စုစည်းတင်ပြတဲ့ GlobalSecurity.org က ဖော်ပြပါတယ်။ ရေငုပ်သဘောၤ ၁၆ စင်း ဆိုက်ကပ်နိုင်တဲ့ ၂၂၉ မီတာ ရှည်တဲ့ တံတား ၄ စင်းရှိတယ်လို့လည်း အဲဒီ ဝက်ဘ်ဆိုက်က ပြောပါတယ်။ Yulin အခြေစိုက် စခန်းမှာ ဒါမှမဟုတ်လည်း စခန်း အနီးမှာ လေယာဉ်တင် သဘောၤတွေနဲ့ အဝေးထိန်း ကိရိယာတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်သူတွေကရော GlobalSecurity.org ကပါ ပြောဆိုထားပါတယ်။ ထိုင်ဝမ် Tamkang တက္ကသိုလ်က မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ ပါမောက္ခ Alexander Huang က အခုလို သုံးသပ်ပါတယ်။

“ရှေ့အနာဂတ်ကို မျှော်တွေးပြီး ဆောက်လုပ်ထားတာမျိုးပါ။ အချိန်ယူရပါတယ်။ ကိရိယာတွေလည်း အစုံအလင်နဲ့ အားလုံးလည်း တည်ဆောက်ထားပြီး အဆင်သင့် ဖြစ်နေပုံပါ။ ဆက်ပြီးလည်း အကောင်အထည် ဖော်နေပါတယ်။ ”

ရေတပ်အခြေစိုက် စခန်း တိုးချဲ့မှုကြောင့် တရုတ် အနေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်တွင်းမှာ ပိုပြီး ဝင်ရောက် လှုပ်ရှားခွင့်ရစေပါတယ်။ တခြားနိုင်ငံတွေနဲ့ အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ် ကမ်းခြေစောင့်တပ်တွေနဲ့ ရေတပ်က ဝင်ထွက်သွားလာနေတယ်လို့ သုံးသပ်သူတွေက ယုံကြည်ထားကြပါတယ်။ Paracel နဲ့ Spratly ကျွန်းစုတွေက တရုတ်ထိန်းချုပ်တဲ့ ကျွန်းတွေ အနီးမှာ သဘောၤတွေ ချထားပြီး တောင်တရုတ် ပင်လယ်ပြင်ရဲ့ မြောက်ဘက် အစွန်ဆုံးပိုင်းက ရေတပ် အခြေစိုက် စခန်းကနေ တခြားနိုင်ငံတွေက စစ်ရေး လေ့ကျင့်မှုတွေနဲ့ တခြား လှုပ်ရှားမှုတွေကို တရုတ်ရေတပ်က အနီးကပ် စောင့်ကြည့်နိုင်တယ်လို့လည်း သုံးသပ်သူတွေက ယူဆပါတယ်။ ဝါရှင်တန်က မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန၊ Asia Maritime Transparency Initiative ရဲ့ ညွှန်ကြားရေးမှူး Gregory Poling က အခုလို ပြောပါတယ်။

“ ဒါက ဗဟိုချက်မပါ။ တရုတ်ရေတပ်ရဲ့ တပ်ဖွဲ့ တခုဖြစ်တဲ့ South Sea တပ်ရဲ့ စခန်း ဖြစ်ပါတယ်။ Paracels နဲ့ Spratlys ကျွန်းစုပေါ်က စစ်ရေး ချထားမှု အားလုံးကို အဲဒီကနေ အလုံးစုံ ကွပ်ကဲတာ ဖြစ်ပါတယ်။ ”

တရုတ် ပြည်မကြီးနဲ့ အလှမ်းဝေးပြီး ပင်လယ်ကလည်း လှိုင်းကြမ်းတာကြောင့် ဒီကျွန်းစုတွေပေါ်မှာ တရုတ် ရေယာဉ်တွေ အမြဲ ချထားဖို့ မလွယ်ကူနိုင်ဘူးလို့လည်း သူက ပြောပါတယ်။


တရုတ် Hainan ပြည်နယ်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၄၀ အကွာက ကျွန်းငယ် ၁၃၀ နဲ့ဖွဲ့စည်းထားတဲ့ Paracel ကျွန်းစုကို တရုတ်က ထိန်းချုပ်ထားတာ ဖြစ်ပြီး ဗီယက်နမ်နဲ့ မကြာခန အချေအတင် ဖြစ်နေတာပါ။ တရုတ်ရဲ့ တခြား ဝေးလံတဲ့ ရေတပ် စခန်းတွေ အတွက် Yulin ရေတပ် အခြေစိုက် စခန်းက တာထွက်နေရာ ဖြစ်မယ်လို့လည်း စကာၤပူ Nanyang Technological တက္ကသိုလ်က ရေကြောင်းလုံခြုံရေး သုတေသန ပညာရှင် Collin Koh က ပြောပါတယ်။


“ လက်တွေ့ တပ်ချထားမှုတွေကို မတွေ့ရသေးပါဘူး။ ဒါကို ကြည့်ရင် Hainan က အခြေစိုက် စခန်းလိုမျိုး အနာဂတ် အခြေစိုက် စခန်းတွေဟာ ပိုပြီး အရေးပါတဲ့ ကြားစခန်းတွေ ဖြစ်လာနိုင်ပါတယ်။ ”


Yulin ရေတပ် အခြေစိုက် စခန်းက တရုတ်ရဲ့ တောင်ပိုင်း ရေတပ် ကွပ်ကဲမှုအောက်မှာ ရှိပါတယ်။ Hainan ပြည်နယ်ထဲက Yulin ရေတပ် အခြေစိုက် စခန်းကို ပြီးခဲ့တဲ့နှစ် အတွင်း အကြီးအကျယ် တိုးချဲ့ မွမ်းမံထားကြောင်း အမေရိကန် ရေတပ် သတင်းဝက်ဘ်ဆိုက်က ဒီဇင်ဘာလ အတွင်း ဖော်ပြပါတယ်။ Yulin ဆိုတဲ့ နာမည်ကို အတိအကျ မပြောဘဲ တောင်တရုတ် ပင်လယ်ပြင်နဲ့ ချိတ်ဆက်နေတဲ့ ဒေသလို့ သုံးနှုန်းပါတယ်။ Yulin ရေတပ် အခြေစိုက် စခန်းကို အနာဂတ်မှာ လေယာဉ်တင် သဘောၤတွေ အတွက် အထူးပြု ပုံစံချ တည်ဆောက်ထားတဲ့ပုံ ရှိတယ်လို့လည်း ထိုင်ဝမ် Tamkang တက္ကသိုလ်က မဟာဗျူဟာ လေ့လာရေး ဆိုင်ရာ ပါမောက္ခ Alexander Huangက ယူဆပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အရေးကို အလေးထားပြီး တရုတ် ပြည်တွင်းလုပ် ပထမဆုံး လေယာဉ်တင် သဘောၤ Shandong ကို တောင်ပိုင်း ကွပ်ကဲရေးဌာနရဲ့ ဒေသတွင်းမှာ ထားရှိမယ်လို့လည်း တရုတ် အစိုးရ အာဘော် Global Times ကလည်း အောက်တိုဘာလ အတွင်းက ဖော်ပြခဲ့ပါတယ်။

..........................................................................

တိုက်ရိုက် လင့်ခ်


(Unicode)











XS
SM
MD
LG