သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီေရးဆုတ္ယုတ္မႈ ကန္အထူးစိုးရိမ္


အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Anthony Blinken။

[Zawgyi/Unicode]

ျမန္မာႏုိင္ငံအေျခအေနအေပၚ စိုးရိမ္မိတဲ့အေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Anthony Blinken က ဒီကေန႔ ထပ္ၿပီးေျပာပါတယ္။

"ရွင္က်န္းေဒသမွာ ရက္စက္တဲ့လုပ္ရပ္ေတြ က်ဴးလြန္ရင္ပဲျဖစ္ျဖစ္၊ ေဟာင္ေကာင္မွာ အေျခခံအခြင့္အေရးေတြ ၿခိမ္းေျခာက္ခံရရင္ပဲျဖစ္ျဖစ္ ကမာၻလံုးဆိုင္ရာ စံတန္ဖိုးေတြနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုမွာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီေရး ျပန္ၿပီး ယုတ္ေလ်ာ့က်ဆင္းသြားတဲ့အေပၚ က်ေနာ္တို႔ အထူးပဲ စိုးရိမ္မိပါတယ္။" လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Anthony Blinken ကေျပာပါတယ္။

"ရွင္က်န္းေဒသမွာ ရက္စက္တဲ့လုပ္ရပ္ေတြ က်ဴးလြန္ရင္ပဲျဖစ္ျဖစ္၊ ေဟာင္ေကာင္မွာ အေျခခံအခြင့္အေရးေတြ ၿခိမ္းေျခာက္ခံရရင္ပဲျဖစ္ျဖစ္ ကမာၻလံုးဆိုင္ရာ စံတန္ဖိုးေတြနဲ႔ပတ္သက္ၿပီး က်ေနာ္တုိ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုမွာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီေရး ျပန္ၿပီး ယုတ္ေလ်ာ့က်ဆင္းသြားတဲ့အေပၚ က်ေနာ္တို႔ အထူးပဲ စိုးရိမ္မိပါတယ္။" လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Anthony Blinken ကေျပာပါတယ္။

"လူ႔အခြင့္အေရးေကာင္စီရဲ႕ ၂၀၂၂ ကေန ၂၀၂၄ ခုႏွစ္သက္တမ္းအတြက္ အဖြဲ႔ဝင္ႏုိင္ငံတစ္ခုျဖစ္ဖို႔ အေမရိကန္ျပည္ေထာင္စုက ဝင္ေရာက္အေရြးခ်ယ္ခံမယ့္အေၾကာင္း က်ေနာ္ ဝမ္းေျမာက္စြာေၾကညာပါတယ္။ ဒီေကာင္စီမွာ အဖြဲ႔ဝင္ႏုိင္ငံတစ္ခုျပန္ျဖစ္လာေရး က်ေနာ္တို႔ရဲ႕ ႀကိဳးပမ္းမႈကို ကုလသမဂၢ အဖြဲ႔ဝင္ႏုိင္ငံအားလံုးက ေထာက္ခံၾကဖို႔ က်ေနာ္တို႔ ပန္ၾကားပါတယ္။" လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္လက္ထက္ လြန္ခဲ့တ့ဲ ၃ ႏွစ္မွာ လူ႔အခြင့္အေရးေကာင္စီကေန အေမရိကန္က ႏုတ္ထြက္ခဲ့တာပါ။

လူ႔အခြင့္အေရးကို အဆိုးရြားဆံုး ခ်ဳိးေဖာက္တဲ့ႏိုင္ငံေတြအျဖစ္ သတ္မွတ္ထားတဲ့ ဗင္နီဇြဲလား၊ နီကြာရာဂါ၊ က်ဴးဘားနဲ႔ အီရန္လိုႏုိင္ငံေတြ လူ႔အခြင့္အေရးေကာင္စီမွာ အဖြဲ႔ဝင္အျဖစ္ ရွိမေနသင့္ဘူးလို႔ ဝန္ႀကီး Blinken က ေဝဖန္ေျပာဆိုသြားပါတယ္။

႐ုရွားအတိုက္အခံေခါင္းေဆာင္ Alexei Navalny ကို အက်ဥ္းခ်ထားတာနဲ႔ ရွင္က်န္းျပည္နယ္က ဝီဝါမြတ္ဆလင္ေတြအေပၚ တ႐ုတ္အစိုးရရဲ႕ ျပဳမူပံုေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း ဝန္ႀကီး Blinken က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ဒီမိုကရေစီရေးဆုတ်ယုတ်မှု ကန်အထူးစိုးရိမ်

မြန်မာနိုင်ငံအခြေအနေအပေါ် စိုးရိမ်မိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဒီကနေ့ ထပ်ပြီးပြောပါတယ်။

"ရှင်ကျန်းဒေသမှာ ရက်စက်တဲ့လုပ်ရပ်တွေ ကျူးလွန်ရင်ပဲဖြစ်ဖြစ်၊ ဟောင်ကောင်မှာ အခြေခံအခွင့်အရေးတွေ ခြိမ်းခြောက်ခံရရင်ပဲဖြစ်ဖြစ် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြန်ပြီး ယုတ်လျော့ကျဆင်းသွားတဲ့အပေါ် ကျနော်တို့ အထူးပဲ စိုးရိမ်မိပါတယ်။" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံ တစ်ခုအဖြစ် ပြန်ဝင်မယ့်အကြောင်း ဝါရှင်တန်မြို့တော်ကနေ ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် ဒီကနေ့ပြောကြားချိန်အတွင်း ဝန်ကြီး Blinken က မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောဆိုသွားတာပါ။

"လူ့အခွင့်အရေးကောင်စီရဲ့ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်သက်တမ်းအတွက် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက ဝင်ရောက်အရွေးချယ်ခံမယ့်အကြောင်း ကျနော် ဝမ်းမြောက်စွာကြေညာပါတယ်။ ဒီကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြန်ဖြစ်လာရေး ကျနော်တို့ရဲ့ ကြိုးပမ်းမှုကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံကြဖို့ ကျနော်တို့ ပန်ကြားပါတယ်။" လို့ ဝန်ကြီး Blinken ကပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်လက်ထက် လွန်ခဲ့တဲ့ ၃ နှစ်မှာ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်က နုတ်ထွက်ခဲ့တာပါ။

လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်တဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား၊ နီကွာရာဂါ၊ ကျူးဘားနဲ့ အီရန်လိုနိုင်ငံတွေ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ရှိမနေသင့်ဘူးလို့ ဝန်ကြီး Blinken က ဝေဖန်ပြောဆိုသွားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို အကျဉ်းချထားတာနဲ့ ရှင်ကျန်းပြည်နယ်က ဝီဝါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရရဲ့ ပြုမူပုံတွေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီး Blinken က ဝေဖန်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG