သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ Biden ကနေဒါဝန်ကြီးချုပ်နဲ့ အွန်လိုင်းက ဆွေးနွေး


မှတ်တမ်းဓါတ်ပုံ- ၂၀၁၆ ဒီဇင်ဘာတုန်းက လက်ရှိ အမေရိကန်သမ္မတ Biden နဲ့ ကနေဒါဝန်ကြီးချုပ် တွေ့ဆုံစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၁၆ ဒီဇင်ဘာတုန်းက လက်ရှိ အမေရိကန်သမ္မတ Biden နဲ့ ကနေဒါဝန်ကြီးချုပ် တွေ့ဆုံစဉ်

(Zawgyi/Unicode)

အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်ဟာ သူအာဏာရယူပြီး ပထမဦးဆုံး နိုင်ငံခြားခေါင်းဆောင်တဦးကို တွေ့ ဆုံမှုအဖြစ် ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကို အင်္ဂါနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပါတယ်။

ဘိုင်ဒန်အစိုးရ ပြောခွင့်ရတဦးရဲ့ အဆိုအရ ခေါင်းဆောင်နှစ်ဦးဟာ တရုတ်အရေး၊ ဥတုရာသီပြောင်းလဲခြင်းနဲ့တခြားကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပြီး သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ လေးနှစ်တာ ကာလအတွင်း အဆင်မပြေခဲ့တဲ့ ဆက်ဆံရေးကိုလည်း ပြန်လည်ပြင်ဆင်သွားမယ်လို့ဆိုပါတယ်။

အိမ်ဖြူတော်အရာရှိက သတင်းထောက်တွေကို ပြောကြားရာမှာ ဥတုရာသီအပြောင်းအလဲ၊ ကိုရိုနာဗိုင်းရပ်စ် အရေးတွေပါသလို တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ရုရှားနိုင်ငံတို့ရဲ့ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေလည်း ပါဝင်ပါတယ်။

ဝန်ကြီးချုပ် Trudeau ကို စိတ်ပျက်စေခဲ့တဲ့ အရာအဖြစ် ကနေဒါက ရေနံတွေကို အမေရိကန်ဘက် သွယ်ယူမယ့် ဒေါ်လာ ၈ ဘီလျံတန် Keystone ပိုက်လိုင်းစီမံကိန်းကို သမ္မတ ဂျိူးဘိုင်ဒန်က မကြာသေးမီက ဖျက်သိမ်းခဲ့တာပါ။

ဒါနဲ့ပက်သက်ပြီး အစည်းအဝေမှာ အပြောင်းအလဲ ဖြစ်ဖွယ်ရာမရှိဘူးလို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

ကနေဒါအစိုးရက ဝယ်ယူဖို့လုပ်နေတဲ့ အမေရိကန်နိုင်ငံထုတ် COVID- 19 ကာကွယ်ဆေးတမျိူးဖြစ်တဲ့ Pfizer ကို ဝန်ကြီးချုပ် Trudeau ဝယ်ယူဖို့ ထပ်ပြော မပြောဆိုတာ မသဲကွဲဘူးလို့ဆိုပါတယ်။

ကနေဒါအစိုးရ ပြောခွင့်ရကတော့ ဝန်ကြီးချုပ် Trudeau အနေနဲ့ COVID- 19 ၊ နိုင်ငံခြားရေးမူဝါဒ၊ ဥတုရာသီပြောင်းလဲခြင်းနဲ့ အခြားကိစ္စရပ်တွေမှာ အမေရိကန်အစိုးရနဲ့ ပြန်လည်ညှိနှိုင်းလိုတာမျိူး ပြသဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)








XS
SM
MD
LG