(Zawgyi/Unicode)
သမၼတ Biden အဆိုျပဳထားတဲ့ Antony Blinken ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေနရာခန္႔အပ္ဖို႔အတြက္ အဂၤါေန႔ က အထက္လႊတ္ေတာ္မွာ အလြယ္တကူပဲ အတည္ျပဳလိုက္ပါတယ္။ သူ႔ကို ေထာက္ခံမဲ ၇၈ မဲ၊ ကန္႔ကြက္မဲ ၂၂ မဲနဲ႔ အတည္ျပဳခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ ရီပါပလင္ကန္ပါတီရဲ႕ အဓိက ၀ါရင့္အမတ္ေတြကလည္း သူ႔ကုိ ေထာက္ခံမႈေပးခဲ့ၾကပါတယ္။
သမၼတ Joe Biden ရဲ႕ အႀကံေပးအျဖစ္ အခ်ိန္ၾကာျမင့္စြာ တာ၀န္ထမ္းေဆာင္ခဲ့သူ Blinken ဟာ အေမရိကန္ရဲ႕ မဟာမိတ္ဆက္ဆံေရးကို ျပန္ၿပီး ျပဳျပင္မယ္လို႔လည္း ကတိျပဳထားသူျဖစ္ပါတယ္။
Blinken ကိုေထာက္ခံတဲ့ ရီပါပလင္ကန္အထက္လႊတ္ေတာ္အမတ္ေတြထဲမွာ သမၼတေဟာင္း Donald Trump ရဲ႕ႏိုင္ငံျခားေရးမူ၀ါဒနဲ႔ ပတ္သက္ရင္ မဟာမိတ္အမတ္ သတ္မွတ္ထားသူႏွစ္ဦးျဖစ္တဲ့ အထက္လႊတ္ေတာ္အမတ္ Marco Rubio နဲ႔ Lindsey Graham တို႔ ပါ၀င္ပါတယ္။ Marco Rubio ဟာ က်ဴးဘားနဲ႔ ဗင္နီဇဲြလား ႏိုင္ငံက လက္၀ဲအစိုးရေတြနဲ႔ပတ္သက္လို႔ ျပင္းျပင္းထန္ထန္ ကန္႔ကြက္သူတဦးျဖစ္သလို၊ Lindsey Graham ကေတာ့ ဆီးရီးယားနဲ႔ အီရန္အေပၚမွာ ရန္လိုတဲ့ အျမင္ရွိသူလို႔ သိထားၾကပါတယ္။
အထက္လႊတ္ေတာ္ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီက ထိပ္တန္း ရီပါပလင္ကန္အမတ္ James Risch ကလည္း သေဘာထားကဲြလဲြမႈ တခ်ဳိ႕ရွိေနတာကို အသိအမွတ္ျပဳေပမဲ့ Blinken ကို ေထာက္ခံဖို႔ လုပ္ေဖၚကိုင္ဖက္ေတြကို တိုက္တြန္းခဲ့ပါတယ္။
ဒါေပမဲ့လည္း အီရန္ႏ်ဴကလီးယား သေဘာတူညီခ်က္မွာ အေမရိကန္ျပန္၀င္ဖို႔ Blinken ေထာက္ခံမႈကိုေတာ့ သူသေဘာမတူေၾကာင္း အထက္လႊတ္ေတာ္အမတ္ James Risch ကေျပာပါတယ္။
ၿပီးခဲ့တဲ့ သတင္းပတ္က ႏိုင္ငံျခားေရး၀န္ႀကီး ရာထူးေနရာအတြက္ ျပဳလုပ္တဲ့ ၾကားနာပဲြအတြင္း Blinken ထြက္ဆိုခဲ့ရာမွာ - သမၼတေဟာင္း Trump ရဲ႕တရုတ္နဲ႔ ပတ္သက္တဲ့ တင္းမာတဲ့ ခ်ဥ္းကပ္မႈကို ေထာက္ခံတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါအျပင္ အစၥေရးမွာရွိတဲ့ အေမရိကန္သံရံုးကို ေဂ်ရုစလင္ ကိုေရႊ႕ေျပာင္းဖို႔ Trump ရဲ႕ မွတ္သားေလာက္စရာ ဆံုးျဖတ္ခ်က္ကိုလည္း သူ႔အေနနဲ႕ ပယ္ဖ်က္မွာ မဟုတ္ဘူးလို႔ Blinken ကေျပာၾကားခဲ့ပါတယ္။
အသက္ (၅၈) ႏွစ္အရြယ္ Blinken ရဲ႕ အဘိုးဟာ Holocaust လို႔ေခၚတဲ့ ဂ်ဴးလူမ်ုိးသန္းနဲ႔ခ်ီ မီးေလာက္တိုက္သြင္း သတ္ျဖတ္ျခင္း ခံရတဲ့ျဖစ္ရပ္ကေန အသက္မေသပဲ လြတ္ေျမာက္ခဲ့သူ တဦးျဖစ္ပါတယ္။ ဒါအျပင္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္ေတြအေပၚမွာ စိတ္အားထက္သန္သူ အျဖစ္သာမက တည္ၿငိမ္တဲ့ အျပဳအမူေၾကာင့္လည္း လူသိမ်ားသူျဖစ္ပါတယ္။
.............
နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် Blinken ကို လွှတ်တော်အတည်ပြု
(Unicode)
သမ္မတ Biden အဆိုပြုထားတဲ့ Antony Blinken ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာခန့်အပ်ဖို့အတွက် အင်္ဂါနေ့ က အထက်လွှတ်တော်မှာ အလွယ်တကူပဲ အတည်ပြုလိုက်ပါတယ်။ သူ့ကို ထောက်ခံမဲ ၇၈ မဲ၊ ကန့်ကွက်မဲ ၂၂ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ပြိုင်ဘက် ရီပါပလင်ကန်ပါတီရဲ့ အဓိက ဝါရင့်အမတ်တွေကလည်း သူ့ကို ထောက်ခံမှုပေးခဲ့ကြပါတယ်။
သမ္မတ Joe Biden ရဲ့ အကြံပေးအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ Blinken ဟာ အမေရိကန်ရဲ့ မဟာမိတ်ဆက်ဆံရေးကို ပြန်ပြီး ပြုပြင်မယ်လို့လည်း ကတိပြုထားသူဖြစ်ပါတယ်။
Blinken ကိုထောက်ခံတဲ့ ရီပါပလင်ကန်အထက်လွှတ်တော်အမတ်တွေထဲမှာ သမ္မတဟောင်း Donald Trump ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင် မဟာမိတ်အမတ် သတ်မှတ်ထားသူနှစ်ဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် Marco Rubio နဲ့ Lindsey Graham တို့ ပါဝင်ပါတယ်။ Marco Rubio ဟာ ကျူးဘားနဲ့ ဗင်နီဇွဲလား နိုင်ငံက လက်ဝဲအစိုးရတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်သူတဦးဖြစ်သလို၊ Lindsey Graham ကတော့ ဆီးရီးယားနဲ့ အီရန်အပေါ်မှာ ရန်လိုတဲ့ အမြင်ရှိသူလို့ သိထားကြပါတယ်။
အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီက ထိပ်တန်း ရီပါပလင်ကန်အမတ် James Risch ကလည်း သဘောထားကွဲလွဲမှု တချို့ရှိနေတာကို အသိအမှတ်ပြုပေမဲ့ Blinken ကို ထောက်ခံဖို့ လုပ်ဖေါ်ကိုင်ဖက်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့လည်း အီရန်နျူကလီးယား သဘောတူညီချက်မှာ အမေရိကန်ပြန်ဝင်ဖို့ Blinken ထောက်ခံမှုကိုတော့ သူသဘောမတူကြောင်း အထက်လွှတ်တော်အမတ် James Risch ကပြောပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာအတွက် ပြုလုပ်တဲ့ ကြားနာပွဲအတွင်း Blinken ထွက်ဆိုခဲ့ရာမှာ - သမ္မတဟောင်း Trump ရဲ့တရုတ်နဲ့ ပတ်သက်တဲ့ တင်းမာတဲ့ ချဉ်းကပ်မှုကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် အစ္စရေးမှာရှိတဲ့ အမေရိကန်သံရုံးကို ဂျေရုစလင် ကိုရွှေ့ပြောင်းဖို့ Trump ရဲ့ မှတ်သားလောက်စရာ ဆုံးဖြတ်ချက်ကိုလည်း သူ့အနေနဲ့ ပယ်ဖျက်မှာ မဟုတ်ဘူးလို့ Blinken ကပြောကြားခဲ့ပါတယ်။
အသက် (၅၈) နှစ်အရွယ် Blinken ရဲ့ အဘိုးဟာ Holocaust လို့ခေါ်တဲ့ ဂျူးလူမျိုးသန်းနဲ့ချီ မီးလောက်တိုက်သွင်း သတ်ဖြတ်ခြင်း ခံရတဲ့ဖြစ်ရပ်ကနေ အသက်မသေပဲ လွတ်မြောက်ခဲ့သူ တဦးဖြစ်ပါတယ်။ ဒါအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ စိတ်အားထက်သန်သူ အဖြစ်သာမက တည်ငြိမ်တဲ့ အပြုအမူကြောင့်လည်း လူသိများသူဖြစ်ပါတယ်။