သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္-ျမန္မာဆက္ဆံေရး ပိုေကာင္းေအာင္လုပ္ဖို႔ တိုက္တြန္းမႈေတြ ထြက္ေပၚ


က်မ္းသစၥာဆိုပဲြအၿပီး ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီရွိ Lincoln Memorial မွာ မိန္႔ခြန္းေျပာၾကားေနတဲ့ အေမရိကန္သမၼတသစ္ Joe Biden။ (ဇန္နဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ႏိုင္ငံရဲ႕ ၄၆ ေယာက္ေျမာက္ သမၼတ ျဖစ္လာသူ Joe Biden လက္ထက္မွာ အေမရိကန္နဲ႔ ျမန္မာဆက္ဆံေရးဟာ အေတာ္ေလးတိုးတက္လာမယ္လို႔ ျပည္တြင္းေလ့လာ သုံးသပ္သူေတြက ေမ ွ်ာ္လင့္ၾကပါတယ္။ တခ်ိန္ထဲမွာပဲ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ေဇာင္းေပးလာမယ့္ သမၼတျဖစ္တာေၾကာင့္ ျမန္မာျပည္တြင္း ဒီမိုကေရစီေရးေတြနဲ႔ ပတ္သက္လို႔ အရင္ကထက္ပိုေထာက္ျပေဝဖန္တာ ရွိႏိုင္ေပမဲ့ ႏိုင္ငံျပဳျပင္ေျပာင္းလဲေရး အားေကာင္းဖို႔ လက္တြဲ လုပ္ေဆာင္သင့္တဲ့အေၾကာင္း ျပည္တြင္း ႏိုင္ငံေရးေလ့လာသုံးသပ္ သူေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေထာက္ျပတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

အသက္ ၇၈ ႏွစ္ အ႐ြယ္ရွိၿပီး အေမရိကန္သမိုင္းမွာ အသက္အႀကီးဆုံး သမၼတျဖစ္လာသူ Joe Biden လက္ထက္မွာ အေမရိကန္နဲ႔ ျမန္မာဆက္ဆံေရးဟာ အေတာ္ေလးတိုးတက္လာမယ္လို႔ ျပည္တြင္းေလ့လာ သုံးသပ္သူေတြက မွတ္ခ်က္ျပဳခဲ့ၾကတာပါ။

ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူလည္းျဖစ္ ျမန္မာ့ မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဴ (ISP Myanmar) ရဲ႕ ျပင္ပဆက္ဆံေရး ဒါ႐ိုက္တာ ဦးေအာင္သူၿငိမ္းကေတာ့ ဒီမိုကရက္ေတြဦးေဆာင္မယ့္ အေမရိကန္အစိုးရသစ္လက္ထက္မွာ အေမရိကန္ ျပည္တြင္းညီၫႊတ္ေရးကိစၥကို ေဇာင္းေပးလုပ္ေဆာင္သြားဖို႔ ရွိႏိုင္တယ္လို႔ သူက ရႈျမင္ပါတယ္။ တခ်ိန္ထဲမွာပဲ သမၼေဟာင္းလက္ထက္က အားနည္းခဲ့တဲ့ ႏိုင္ငံျခားဆက္ဆံေရးကို ပိုျမွင့္တင္လာႏိုင္ဖြယ္ရွိၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးကေတာ့ ဆက္လက္တင္းမာႏိုင္သလို ႏိုင္ငံတကာ ဆက္ဆံေရးကို အေလးထားလုပ္ေဆာင္လာႏိုင္ဖြယ္ ရွိတယ္လို႔ သုံးသပ္ပါတယ္။

"သမၼတ Joe Biden အေနအထားၾကည့္မယ္ဆိုတဲ့အခါက်ေတာ့ သူ႔မွာ တျခားအလုပ္ေတြေတာ့အမ်ားၾကီးရွိတယ္။ အထူးသျဖင့္ေတာ့ သူ႔ရဲ႕ ျပည္တြင္းေရးကိစၥမွာ unity ညီညြတ္ေရးကိစၥေတြ၊ တိုင္းျပည္တြင္းကိစၥေတြ ေတာ္ေတာ္ ျပန္လုပ္ရဦးမယ့္အေနအထား ရွိပါတယ္။ ႏိုင္ငံတကာဘက္အပိုင္းမွာက်ေတာ့ သူက multilateralism လို႔ေခၚတဲ့ ႏိုင္ငံစံုေပါ့ေနာ္... ျပန္လည္ေပါင္းစည္းမႈကိစၥေတြကို သူလုပ္ဖို႔ရွိတဲ့အေနအထားရွိတယ္။"

သမၼတသစ္ဂ်ိဳးဘိုင္ဒန္ဟာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ေဇာင္းေပးလာမယ့္ သမၼတ ျဖစ္တယ္လို႔ အမ်ားက ရႈျမင္ၾကၿပီး ျမန္မာျပည္တြင္း ဒီမိုကေရစီေရးေတြနဲ႔ ပတ္သတ္လို႔ အရင္ကထက္ပိုေထာက္ျပ ေဝဖန္တာေတြ ရွိလာႏိုင္တယ္လို႔ ဦးေအာင္သူၿငိမ္းကလည္းျမင္ပါတယ္။

ဒီလို အေျခအေနမွာ တိုင္းျပည္အေနနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းကို ေရွ႕ဆက္ေဖာ္ေဆာင္ႏိုင္ေရး အေမရိကန္နဲ႔ ဆက္ၿပီး လက္တြဲဖို႔ သူက အႀကံျပဳသလို အေမရိကန္နဲ႔ ႏွစ္ ႏိုင္ငံဆက္ဆံေရးတိုးဖို႔ ျပင္ပအဖြဲ႕အစည္းေတြ အကူအညီရယူဖို႔ လိုအပ္တယ္လို႔ သူက ေထာက္ျပပါတယ္။

"ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာဆိုလို႔ရွိရင္ သီးသန္႔သုေတသနလုပ္မယ္၊ ပိုၿပီးေတာ့ သိရွိေအာင္ ပိုၿပီးေတာ့ မဟာဗ်ဴဟာဆြဲႏိုင္ေအာင္ဆိုတဲ့ဟာမ်ိဳးေတြ လိုအပ္ပါတယ္။ ေနာက္တခုက အေမရိကန္ႏိုင္ငံေရးကို က်ေနာ္တို႔ ၾကည့္မယ္ဆိုလို႔ရင္ အေရးပါတာက ေလာ္ဘီကုမၸဏီေတြက သိပ္အေရးပါပါတယ္။ ဒီအစိုးရသစ္ကို ဝင္ေရာက္ထိုးေဖာက္ခ်င္တယ္ဆိုရင္ အေဝးကေနၿပီးေတာ့ ေၾကျငာခ်က္ေတြ ထုတ္ေနရံု၊ လွမ္းမိန္႔ခြန္းေျပာေနရံုနဲ႔ ရတာမ်ိဳး မဟုတ္ဘူး။ အဲဒီေတာ့ အဲဒီ Lobby Firms ေတြကိုလည္း က်ေနာ္တို႔ ဘယ္လို သံုးႏိုင္မလဲေပါ့။ ဒီကိစၥေတြကေတာ့ ေသခ်ာစဥ္းစားသင့္တဲ့ ကိစၥေတြလို႔ထင္ပါတယ္။"

အေမရိကန္ အစိုးရသစ္က လူ႔အခြင့္အေရးပိုင္း ဦးစားေပးလာမယ္ဆိုရင္ ရခိုင္ေဒသက ႐ိုဟင္ဂ်ာ အေရးပိုင္းမွာ ျမန္မာျပည္ကို ဖိအားပိုေပးလာႏိုင္တယ္လို႔ သုံးသပ္မႈေတြလည္းရွိေနပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးကို ျမန္မာအစိုးရဘက္ကေတာ့ တရားဝင္ လက္ခံ ထားျခင္းမရွိေပမဲ့ ျပန္လည္လက္ခံေရးပိုင္းကိုေတာ့ လုပ္ေဆာင္ဖို႔ ျပင္ေနတာေတြရွိ ပါတယ္။ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သတ္လို႔ ျမန္မာႏိုင္ငံအတြက္ ဖိအားျဖစ္လာႏိုင္ဖြယ္ရွိေပမဲ့ အရင္ကထက္ပိုတိုးၿပီး ေတြ႕ဆုံေဆြးေႏြး အေျဖရွာဖို႔ ေထာက္ျပလာသူကေတာ့ ႏိုင္ငံျခားေရးနဲ႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းပါ။

"အေမရိကားက ဒီမိုကေရစီအေရးမွာဆိုလို႔ရွိရင္ ၈၈ ထဲကကို ပါဝင္ခဲ့တာ။ သူ႔ကို ခ်န္ခဲ့လို႔မရဘူး၊ လစ္လ်ဴရႈ မရဘူး။ အထူးသျဖင့္ အေမရိကန္နဲ႔ ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ရမယ္။ ပ်က္သြားတာမဟုတ္ဘူး။ ထိုင္းေနခဲ့တာ။ ေနာက္တက္လာမယ့္ အစိုးရက အေမရိကန္နဲ႔ ထိပ္သီးသေဘာမ်ိဳး... ဝန္ၾကီးအဆင့္ေပါ့... ျမန္မာျပည္မွာပဲျဖစ္ျဖစ္၊ Washington မွာပဲျဖစ္ျဖစ္ ေတြ႔ဖို႔သင့္တယ္။"

ႏွစ္ ႏိုင္ငံဆက္ဆံေရးပိုင္း ပိုတိုးတက္တာကို ျမင္ေစခ်င္သူ ေနာက္တေယာက္ကေတာ့ လု႔အခြင့္အေရးနဲ႔ အမ်ိဳးသမီးအေရး လႈပ္ရွားေနတဲ့ Triangle အမ်ိဳးသမီးအဖြဲ႔ကို တည္ေထာင္သူ ေဒၚခင္ေလးပါ။ သူကေတာ့ ျပည္တြင္းမွာ ရွိတဲ့ ႏိုင္ငံျခားေရးမူဝါဒကို ျပင္ဖို႔ ေထာက္ျပပါတယ္။

"ႏိုင္ငံျခားေရးမူဝါဒဟာ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေတာ္ေတာ္အားနည္းတယ္လို႔ က်မတို႔ျမင္တယ္။ အဲဒီအတြက္ ဒါကို အျမန္ဆံုးျပန္လည္သံုးသပ္သင့္တယ္လို႔ ထင္တယ္။ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရးကို အားေပးတာကို က်မတို႔က အဆိုးျမင္လို႔မရဘူး။ မွန္မွန္ကန္ကန္သံုးသပ္ၿပီးေတာ့ အေကာင္းဆံုးနည္းနဲ႔ ျပည္သူလူထုမနစ္နာေအာင္၊ တိုင္းျပည္လည္း မနစ္နာမယ့္ နည္းမ်ိဳးကိုေတာ့ တာဝန္ရွိတဲ့ ႏိုင္ငံေခါင္းေဆာင္ေတြက ျပန္လည္သံုးသပ္မႈေတြနဲ႔ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို ျပန္ေကာင္းေအာင္ ထူေထာင္သင့္တယ္လို႔ က်မတို႔ ျမင္ပါတယ္ရွင့္။"

အေမရိကန္အစိုးရအဖြဲ႕သစ္မွာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ဖို႔ လ်ာထားခံရသူ Tony Blinken ဟာ ျမန္မာ့အေရးနဲ႔ မစိမ္းသူျဖစ္သလို တျခား ရာထူးတာဝန္ေတြအတြက္ လ်ာထားသူေတြထဲမွာလည္း ျမန္မာ့အေရးနဲ႔ ရင္းႏွီးသူေတြ ပါဝင္ေနပါတယ္။ ဒါေၾကာင့္လည္း ဒီ အေမရိကန္အစိုးရအဖြဲ႕သစ္နဲ႔ ျမန္မာႏိုင္ငံအၾကား ဆက္ဆံေရး ဘယ္လိုအေျခအေနရွိလာမယ္ဆိုတာ ေလ့လာသူေတြ ေစာင့္ၾကည့္ေနၾကမွာပဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်-မြန်မာဆက်ဆံရေး ပိုကောင်းအောင်လုပ်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်

အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဖြစ်လာသူ Joe Biden လက်ထက်မှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ အတော်လေးတိုးတက်လာမယ်လို့ ပြည်တွင်းလေ့လာ သုံးသပ်သူတွေက မေ ျှာ်လင့်ကြပါတယ်။ တချိန်ထဲမှာပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဇောင်းပေးလာမယ့် သမ္မတဖြစ်တာကြောင့် မြန်မာပြည်တွင်း ဒီမိုကရေစီရေးတွေနဲ့ ပတ်သက်လို့ အရင်ကထက်ပိုထောက်ပြဝေဖန်တာ ရှိနိုင်ပေမဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး အားကောင်းဖို့ လက်တွဲ လုပ်ဆောင်သင့်တဲ့အကြောင်း ပြည်တွင်း နိုင်ငံရေးလေ့လာသုံးသပ် သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

အသက် ၇၈ နှစ် အရွယ်ရှိပြီး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဖြစ်လာသူ Joe Biden လက်ထက်မှာ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာ အတော်လေးတိုးတက်လာမယ်လို့ ပြည်တွင်းလေ့လာ သုံးသပ်သူတွေက မှတ်ချက်ပြုခဲ့ကြတာပါ။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ် မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ ဒီမိုကရက်တွေဦးဆောင်မယ့် အမေရိကန်အစိုးရသစ်လက်ထက်မှာ အမေရိကန် ပြည်တွင်းညီညွှတ်ရေးကိစ္စကို ဇောင်းပေးလုပ်ဆောင်သွားဖို့ ရှိနိုင်တယ်လို့ သူက ရှုမြင်ပါတယ်။ တချိန်ထဲမှာပဲ သမ္မဟောင်းလက်ထက်က အားနည်းခဲ့တဲ့ နိုင်ငံခြားဆက်ဆံရေးကို ပိုမြှင့်တင်လာနိုင်ဖွယ်ရှိပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကတော့ ဆက်လက်တင်းမာနိုင်သလို နိုင်ငံတကာ ဆက်ဆံရေးကို အလေးထားလုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ပါတယ်။

"သမ္မတ Joe Biden အနေအထားကြည့်မယ်ဆိုတဲ့အခါကျတော့ သူ့မှာ တခြားအလုပ်တွေတော့အများကြီးရှိတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ပြည်တွင်းရေးကိစ္စမှာ unity ညီညွတ်ရေးကိစ္စတွေ၊ တိုင်းပြည်တွင်းကိစ္စတွေ တော်တော် ပြန်လုပ်ရဦးမယ့်အနေအထား ရှိပါတယ်။ နိုင်ငံတကာဘက်အပိုင်းမှာကျတော့ သူက multilateralism လို့ခေါ်တဲ့ နိုင်ငံစုံပေါ့နော်... ပြန်လည်ပေါင်းစည်းမှုကိစ္စတွေကို သူလုပ်ဖို့ရှိတဲ့အနေအထားရှိတယ်။"

သမ္မတသစ်ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဇောင်းပေးလာမယ့် သမ္မတ ဖြစ်တယ်လို့ အများက ရှုမြင်ကြပြီး မြန်မာပြည်တွင်း ဒီမိုကရေစီရေးတွေနဲ့ ပတ်သတ်လို့ အရင်ကထက်ပိုထောက်ပြ ဝေဖန်တာတွေ ရှိလာနိုင်တယ်လို့ ဦးအောင်သူငြိမ်းကလည်းမြင်ပါတယ်။

ဒီလို အခြေအနေမှာ တိုင်းပြည်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရှေ့ဆက်ဖော်ဆောင်နိုင်ရေး အမေရိကန်နဲ့ ဆက်ပြီး လက်တွဲဖို့ သူက အကြံပြုသလို အမေရိကန်နဲ့ နှစ် နိုင်ငံဆက်ဆံရေးတိုးဖို့ ပြင်ပအဖွဲ့အစည်းတွေ အကူအညီရယူဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။

"နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဆိုလို့ရှိရင် သီးသန့်သုတေသနလုပ်မယ်၊ ပိုပြီးတော့ သိရှိအောင် ပိုပြီးတော့ မဟာဗျူဟာဆွဲနိုင်အောင်ဆိုတဲ့ဟာမျိုးတွေ လိုအပ်ပါတယ်။ နောက်တခုက အမေရိကန်နိုင်ငံရေးကို ကျနော်တို့ ကြည့်မယ်ဆိုလို့ရင် အရေးပါတာက လော်ဘီကုမ္ပဏီတွေက သိပ်အရေးပါပါတယ်။ ဒီအစိုးရသစ်ကို ဝင်ရောက်ထိုးဖောက်ချင်တယ်ဆိုရင် အဝေးကနေပြီးတော့ ကြေငြာချက်တွေ ထုတ်နေရုံ၊ လှမ်းမိန့်ခွန်းပြောနေရုံနဲ့ ရတာမျိုး မဟုတ်ဘူး။ အဲဒီတော့ အဲဒီ Lobby Firms တွေကိုလည်း ကျနော်တို့ ဘယ်လို သုံးနိုင်မလဲပေါ့။ ဒီကိစ္စတွေကတော့ သေချာစဉ်းစားသင့်တဲ့ ကိစ္စတွေလို့ထင်ပါတယ်။"

အမေရိကန် အစိုးရသစ်က လူ့အခွင့်အရေးပိုင်း ဦးစားပေးလာမယ်ဆိုရင် ရခိုင်ဒေသက ရိုဟင်ဂျာ အရေးပိုင်းမှာ မြန်မာပြည်ကို ဖိအားပိုပေးလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးကို မြန်မာအစိုးရဘက်ကတော့ တရားဝင် လက်ခံ ထားခြင်းမရှိပေမဲ့ ပြန်လည်လက်ခံရေးပိုင်းကိုတော့ လုပ်ဆောင်ဖို့ ပြင်နေတာတွေရှိ ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံအတွက် ဖိအားဖြစ်လာနိုင်ဖွယ်ရှိပေမဲ့ အရင်ကထက်ပိုတိုးပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ထောက်ပြလာသူကတော့ နိုင်ငံခြားရေးနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းပါ။

"အမေရိကားက ဒီမိုကရေစီအရေးမှာဆိုလို့ရှိရင် ၈၈ ထဲကကို ပါဝင်ခဲ့တာ။ သူ့ကို ချန်ခဲ့လို့မရဘူး၊ လစ်လျူရှု မရဘူး။ အထူးသဖြင့် အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရမယ်။ ပျက်သွားတာမဟုတ်ဘူး။ ထိုင်းနေခဲ့တာ။ နောက်တက်လာမယ့် အစိုးရက အမေရိကန်နဲ့ ထိပ်သီးသဘောမျိုး... ဝန်ကြီးအဆင့်ပေါ့... မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ Washington မှာပဲဖြစ်ဖြစ် တွေ့ဖို့သင့်တယ်။"

နှစ် နိုင်ငံဆက်ဆံရေးပိုင်း ပိုတိုးတက်တာကို မြင်စေချင်သူ နောက်တယောက်ကတော့ လု့အခွင့်အရေးနဲ့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ Triangle အမျိုးသမီးအဖွဲ့ကို တည်ထောင်သူ ဒေါ်ခင်လေးပါ။ သူကတော့ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ပြင်ဖို့ ထောက်ပြပါတယ်။

"နိုင်ငံခြားရေးမူဝါဒဟာ ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်အားနည်းတယ်လို့ ကျမတို့မြင်တယ်။ အဲဒီအတွက် ဒါကို အမြန်ဆုံးပြန်လည်သုံးသပ်သင့်တယ်လို့ ထင်တယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အားပေးတာကို ကျမတို့က အဆိုးမြင်လို့မရဘူး။ မှန်မှန်ကန်ကန်သုံးသပ်ပြီးတော့ အကောင်းဆုံးနည်းနဲ့ ပြည်သူလူထုမနစ်နာအောင်၊ တိုင်းပြည်လည်း မနစ်နာမယ့် နည်းမျိုးကိုတော့ တာဝန်ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေက ပြန်လည်သုံးသပ်မှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကောင်းအောင် ထူထောင်သင့်တယ်လို့ ကျမတို့ မြင်ပါတယ်ရှင့်။"

အမေရိကန်အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထားခံရသူ Tony Blinken ဟာ မြန်မာ့အရေးနဲ့ မစိမ်းသူဖြစ်သလို တခြား ရာထူးတာဝန်တွေအတွက် လျာထားသူတွေထဲမှာလည်း မြန်မာ့အရေးနဲ့ ရင်းနှီးသူတွေ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း ဒီ အမေရိကန်အစိုးရအဖွဲ့သစ်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး ဘယ်လိုအခြေအနေရှိလာမယ်ဆိုတာ လေ့လာသူတွေ စောင့်ကြည့်နေကြမှာပဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG