သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Joe Biden မိန္႔ခြန္း ထူးျခားခ်က္တခ်ဳိ႕


သမၼတ Joe Biden မိန္႔ခြန္း ထူးျခားခ်က္ကို မအင္ၾကင္းႏုိင္က VOA ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကို ဆက္သြယ္ေမးျမန္း (ဇန္န၀ါရီလ ၂၀ ရက္ေန႔ ၂၀၂၁)

(Zawgyi/Unicode)

အေမရိကန္သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲမွာ Joe Biden က အေမရိကန္သမၼတအေနနဲ႔ သူပထမဦးဆံုး မိန္႔ခြန္းေျပာၾကားသြားတဲ့အထဲကေနၿပီးေတာ့ ထူးျခားခ်က္ေတြကို ေကာက္ႏုတ္တင္ျပပါမယ္။ Skype ကေနတဆင့္ VOA ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကို မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏုိင္။ ။ အခုဆိုရင္ သမိုင္း၀င္ ၄၆ ေယာက္ေျမာက္ အေမရိကန္သမၼတရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲမွာ Joe Biden ေျပာသြားတဲ့ မိန္႔ခြန္းေတြထဲက ထူးျခားခ်က္ေတြကို ဦးသန္းလြင္ထြန္း ေကာက္ႏုတ္တင္ျပေပးပါရွင့္။

ဦးသန္းလြင္ထြန္း။ ။ ဟုတ္ကဲ့ ခင္ဗ်၊ ထူးျခားခ်က္ကေတာ့ ခုနက မအင္ၾကင္းတို႔လည္း National Mall မွာေရာက္ေနတဲ့ သူေတြ ေျပာၿပီးသားပါ က်ေနာ္လည္း ၾကားပါတယ္။ Main Point (အဓိကအခ်က္) ကေတာ့ ဘာလဲဆိုေတာ့ ထူးျခားခ်က္အေနနဲ႔ ေျပာရမယ္ဆိုရင္ ဒီမိန္႔ခြန္းေျပာတဲ့အခ်ိန္မွာ ပရိသတ္အေနနဲ႔ သိပ္မရွိပဲနဲ႔ အားလံုးကို ကိုယ္စားျပဳတဲ့အေနနဲ႔ အလံေတြၾကည့္ၿပီးေတာ့ ေျပာရတယ္ဆိုတဲ့ ပံုစံေပါ့ေနာ္။ ၿပီးေတာ့ ဧည့္ပရိသတ္အေနနဲ႔ သတင္းေထာက္တခ်ိဳ႕က လြဲလို႔ေပါ့ေနာ္၊ က်ေနာ္တို႔အပါအ၀င္ အိမ္ကပဲ ၾကည့္ၾကရၿပီးေတာ့ မိန္႔ခြန္းေလးေတြကို နားေထာင္ရတာေပါ့ေနာ္။ အလားတူပဲ မိန္႔ခြန္းကိုလည္း ႀကိဳတင္ ထုတ္ေ၀ခ်င္းမျပဳဘူး။ အဲဒီေတာ့ အၾကမ္းဖ်ဥ္းအားျဖင့္ ဆိုရင္ေတာ့ ထူးျခားခ်က္အေနနဲ႔ ေျပာရမယ္ဆိုရင္ ဒီမိန္႔ခြန္းစစခ်င္းမွာပဲ သူေျပာသြားတဲ့အေၾကာင္းက ဘာလဲဆိုေတာ့ အခု သူရည္ညႊန္းတဲ့ ဒီေန႔အခမ္းအနားဟာ ေရြးေကာက္ပြဲမွာ ႏိုင္တဲ့ Candidate (သမၼတကုိယ္စားလွယ္) တေယာက္ကို ဦးစားေပးတဲ့ ၊ ဒီ အႏိုင္ရ Candidate တေယာက္ေန႔ မဟုတ္ဘူးေပါ့ေနာ္။ ဒါက ဒီမိုကေရစီကို ေဖာ္ေဆာင္တဲ့ေန႔ ၊ ၿပီးေတာ့ တိုင္းျပည္အတြက္ ေမ်ာ္လင့္ခ်က္ ေဆာင္ၾကဥ္းမယ့္ေန႔၊ စိန္ေခၚမႈေတြကို စၿပီးရင္ဆိုင္မယ့္ေန႔ ဆိုတဲ့ပံုစံမ်ိဳးနဲ႔ သူက ပံုေဖာ္သြားတယ္။ အထူးသျဖင့္ေပါေ့နာ္ ဒီေန႔ဟာ ဒီမိုကေရစီနဲ႔ အားလံုးကို ေက်ာ္လႊားႏိုင္မယ့္ေန႔ ဆိုတာေျပာသြားတာေတြ႔ရတယ္။

ေနာက္တခုက ေနာက္ထပ္ထူးျခားခ်က္ကေလးတခု က်ေနာ္ေျပာျပမယ္။ အဲဒါဘာလဲဆိုေတာ့ ခါတိုင္းဆိုရင္ သမၼတရာထူးကေန ထြက္မယ့္ လက္ရွိသမၼတက တက္ၿပီးေတာ့ ၿပီးခဲ့တဲ့ သမၼတေဟာင္းကို တက္လာတဲ့ သမၼတသစ္ကလည္း နာမည္ေဖာ္ၿပီး ခ်ီးက်ဴးတယ္ ၊ ဂုဏ္ျပဳတယ္၊ ေက်းဇူးတင္ေၾကာင္းေျပာတယ္ေပါ့ေနာ္။ ဒီေန႔မွာေတာ့ ဒီအခမ္းအနားမတိုင္ခင္ကတည္းကလည္း သမၼတ Trump က ဖေလာ္ရီဒါ (ျပည္နယ္) ကို ထြက္သြားၿပီ။ သူ႔အစား ဒုသမၼတ Mike Pence ပဲ တက္တယ္။ အဲဒီေတာ့ အခု သမၼတသစ္ Joe Biden ကလည္း ဒီမိန္႔ခြန္းမွာ ေက်းဇူးတင္တဲ့အေၾကာင္းေတြ ေျပာတယ္ဆိုတဲ့ ေနရာမွာလည္း တက္လာတဲ့ သမၼတေတြမွာ သမၼတအေဟာင္းေတြ တက္ေရာက္ၾကတာကို၊ ေနမေကာင္းတဲ့ Jimmy Carter ကလြဲလို႔ေပါ့ေနာ္။ အထူးသျဖင့္ Bill Clinton တို႔ ၊ George W. Bush တို႔ ၊ ေနာက္ၿပီး သမၼတေဟာင္း Obama တို႔ တက္ၾကတာကို ၊ သူက အဲဒီ သမၼတေဟာင္းေတြဘက္ကို လွည့္ၾကည့္ၿပီးေတာ့ သူက ဘာေျပာလဲဆိုေတာ့ ပါတီ ၂ ရပ္စလံုးက သမၼတေဟာင္းေတြကို သူေက်းဇူးတင္ပါတယ္ေပါ့။ အဲဒီေတာ့ သူရဲ႕ ဒီမိန္႔ခြန္းမွာ ေက်းဇူးတင္တဲ့အေၾကာင္းေတြ ေျပာတဲ့အထဲမွာ သမၼတ Trump ရဲ႕ နာမည္လံုး၀ ေျပာမသြားတဲ့ ထူးျခားခ်က္ေလးတခုလည္း ရွိတယ္ခင္ဗ်။

မအင္ၾကင္းႏုိင္။ ။ ဟုတ္ကဲ့ရွင့္ ဒီလို COVID-19 ကပ္ေဘးေရာဂါ ကာလၾကီးမွာ အခုလို သမၼတသစ္ရဲ႕ က်ိမ္းသစၥာက်ိန္ဆိုပြဲ က်င္းပရတဲ့ အတြက္လည္း COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္မွာ ျပန္ၿပီးေတာ့ ထူေထာင္ေရး လုပ္ငန္းစဥ္ေတြလုပ္မယ့္အစီအစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ဘာေတြမ်ား ထူးထူးျခားျခား ေျပာသြားပါေသးသလဲရွင့္။

ဦးသန္းလြင္ထြန္း။ ။ ထူးထူးျခားျခားေျပာသြားတဲ့ေနရာမွာ အေရးႀကီးတဲ့အခ်က္ေပါ့ေနာ္ ၊ အေရးႀကီးတဲ့အခ်က္က ဘာထြက္လာသလဲဆိုေတာ့ သူက ဒီအေျခအေနမွာ ၿပီးခဲ့တဲ့အပတ္တုန္းကဆိုရင္ လႊတ္ေတာ္ႀကီးကို အၾကမ္းဖက္မႈေတြ ျဖစ္ခဲ့တာမလား၊ အဲဒီေတာ့ သူက ဒီအေျခအေနက အေရးႀကီးတဲ့ အခ်ိန္ေပါ့။ ျပည္တြင္း အၾကမ္းဖက္မႈေတြကို ႏွိမ္နင္းရမယ့္ ၊ အႏိုင္ယူရမယ့္ အခ်ိန္ျပန္ေရာက္လာၿပီ။ ေနာက္ၿပီးေတာ့ ထူးထူးျခားျခား ေျပာသြားတဲ့အထဲမွာ လူျဖဴႀကီစိုးေရးဝါဒကို အၿပီးျပတ္ႏွိမ္နင္းရမယ့္ အခ်ိန္ျဖစ္တယ္ ဆိုၿပီးေတာ့ အေစာပိုင္းမွာကို ေျပာသြားတယ္။ ဒါက သမၼတတေယာက္မွာ လူျဖဴႀကီစိုးေရးဝါဒ ဆိုတာကို နာမည္ေဖာ္ၿပီးေျပာတာက က်ေနာ့္အေနနဲ႔ေတာ့ တခါမွ မၾကားဖူးဘူး။ ဒါက ထူးျခားခ်က္တရပ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အဲဒီေတာ့ ဒီအေျခအေနမွာေတာ့ သူကေတာ့ အဓိကေတာ့ သူ႔ Message (သတင္းစကား) က အေမရိကန္ျပည္သူျပည္သားတိုင္း ညီၫြတ္ရမယ္၊ ညီၫြတ္ဖို႔ အေရးႀကီးတယ္။ အဲဒီေတာ့ ညီၫြတ္ဖို႔အတြက္ အေမရိကန္ႏုိင္ငံသားတုိင္း ပူးေပါင္းၾကပါ၊ ကမာၻ႔ႏိုင္ငံသားတိုင္း ၊ ႏိုင္ငံေတြအားလံုးအတြက္ အေမရိကန္ဟာ စံျပျဖစ္ရမယ္ဆိုတဲ့ ပံုစံကိုလည္း ေျပာသြားတယ္။ တကယ္လို႔သာ အခုလို ညီညီၫြတ္ညြတ္နဲ႔ အခုလို အခက္အခဲေတြ ႀကံဳေတြ႔ေနရတဲ့ စိန္ေခၚမႈေတြ ျပည့္ေနရတဲ့ အခ်ိန္မွာဆိုရင္ သူေစာေစာက ေျပာသလိုေပါ့၊ ဒါက ျပည္တြင္းအၾကမ္းဖက္မႈေတြကိုလည္း ႏွိမ္နင္းႏိုင္မယ္၊ လူျဖဴႀကီစိုးေရးဝါဒ ကိုလည္း ခ်ဳပ္ၿငိမ္းေအာင္လုပ္ႏိုင္မယ္။ ၿပီးေတာ့ အလုပ္လက္မဲ့ေဘးတို႔ ၊ စီးပြားေရး ျပႆနာတို႔၊ ေနာက္အခုျဖစ္ေနတဲ့ ကိုဗစ္ကပ္ေရာဂါေဘးကိုလည္း ေက်ာ္လႊားႏုိင္မယ္ ၊ အေမရိကန္ျပည္ေထာင္စုႀကီးလည္း ျပန္လည္ႀကီးျမတ္လာမယ္ေပါ့ေနာ္။ အဲဒီေနရာမွာ သူျပန္ၿပီးေတာ့ သမၼတ Trump လက္ထက္က သံုးတဲ့ “American First” ဆိုတဲ့ စကားလံုးကို သူသံုးသြားတာ က်ေနာ္ၾကားလိုက္သလိုပါပဲ။ အဲဒါေတာ့ က်ေနာ္ ၾကားပါတယ္ခင္ဗ်။

သူက ဒီအခ်ိန္မွာ သူအေလးအနက္ထားေျပာတာေတြက တေယာက္နဲ႔တေယာက္ ဂုဏ္သိကၡာအရ တန္ဖိုးထားၿပီး ေလးစားမႈေတြျပသရမယ့္ အခ်ိန္ျဖစ္တယ္ဆိုတဲ့အေၾကာင္းကိုလည္း ေျပာသလို၊ တေယာက္နဲ႔တေယာက္ နားေထာင္ႏိုင္ရမယ္၊ ခြင့္လႊတ္ႏိုင္ရမယ္၊ ၿပီးေတာ့ သူေျပာသြားတဲ့အထဲမွာ ေတာ္ေတာ္ေလးကို ထူးျခားတဲ့အခ်က္လို႔ က်ေနာ္ ေျပာလို႔ရတာေပါ့ေနာ္ ။ အဲဒါက ဘာလဲဆိုေတာ့ - ဥပမာအားျဖင့္ တေယာက္နဲ႔တေယာက္ နားေထာင္ႏိုင္ရမယ္၊ ခြင့္လႊတ္ႏိုင္ရမယ္ ဆိုတဲ့အျပင္ကို တေယာက္နဲ႔တေယာက္ ကြဲလြဲမႈေတြ ျဖစ္လို႔ရတယ္။ ကြဲလြဲမႈေတြ ျဖစ္တယ္ဆိုေပမယ့္လည္း ၿငိမ္းခ်မ္းစြာ ကြဲလြဲမႈေတြ ျဖစ္ဖို႔ အဓိကထားရမယ္။ ကြဲလြဲေပမယ့္လည္း ၿငိမ္းခ်မ္းရမယ္ဆိုတဲ့ သေဘာကို သူက ေျပာသြားတာ။ အဲဒီေတာ့ ဒီလိုေလးစားမႈေတြ အျပန္အလွန္ျပၿပီးေတာ့ တဘက္နဲ႔ တဘက္မွာ "ေျပာင္းလဲလို႔မရႏိုင္တဲ့အရာ ဘာမွမရွိဘူး" ။ ေျပာင္းလဲလို႔မရႏိုင္တာေတြရွိရင္ က်ေနာ့္ကို ေျပာစမ္းပါဆိုၿပီးေတာ့ေတာင္ သူက ေမးခြန္းထုတ္လိုက္တယ္ခင္ဗ်။ ဆိုေတာ့ ဒါက အဓိကေပါ့ေနာ္။ သူ႔ရဲ႕ အဓိက Message (သတင္းစကား) ကေတာ့ ဒါက ညီညြတ္ေရး Message ေပါ့ေနာ္။ အားလံုးညီညြတ္ရမယ္၊ တေယာက္နဲ႔တေယာက္ ေလးစားမႈ ျပရမယ္ ၊ ၿပီးေတာ့ သေဘာထားကြဲလြဲတယ္ဆိုတာေတာင္မွ တေယာက္နဲ႔တေယာက္အၾကား သေဘာထားကြဲလြဲခြင့္ရွိတယ္၊ ဒါဟာလည္း ၿငိမ္းခ်မ္းစြာ သေဘာထားကြဲလြဲမႈျဖစ္ရမယ္၊ ဒါဟာ အေမရိကန္ေတြအားလံုးအတြက္ စံနမူျဖစ္ရမယ္လုိ႔လည္း သူက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကြဲလြဲႏိုင္ရမယ္ဆိုတာေျပာတယ္ သူက။ အလားတူ COVID-၁၉ ေၾကာင့္ေသတာဆိုရင္ အေမရိကန္မွာ လူေပါင္း ၄ သိန္းေလာက္ေသၿပီ ။ သူ႔မိန္႔ခြန္းၾကားကာလထဲမွာကို သူက မိန္႔ခြန္းေျပာေနရင္းနဲ႔ ေသဆံုးသူေတြအတြက္ ဆိုၿပီးေတာ့ ခဏၿငိမ္သက္ၿပီးေတာ့ ဆုေတာင္းမႈေလးေတြ ျပဳသြားတယ္။ ေနာက္ဆံုး အဓိကအားျဖင့္ သူကတိျပဳသြားတာကေတာ့ သူဟာ သူ႔ကို ေထာက္ခံသူေတြတင္မက ၊ သူ႔ကို ဆန္႔က်င္မဲေပးခဲ့တဲ့သူေတြအတြက္ ႏွစ္ဖက္စလံုးအတြက္ ၊ အားလံုးအတြက္ အေမ႐ိကန္ႏိုင္ငံသားေတြ အားလံုးအတြက္ သမၼတျဖစ္ေစရမယ္ဆိုတဲ့ ဒါက ကတိျပဳခ်က္ ၊ ကတိကို သူေပးသြားတယ္ ။ အေမရိကန္ျပည္ေထာင္စုကုိ ကာကြယ္မယ္၊ ဒီမိုကေရစီကို ကာကြယ္မယ္၊ အေမ႐ိကန္ႏိုင္ငံသားေတြရဲ႕ အခြင့္အအေရးကို ကာကြယ္မယ္ဆိုတဲ့ မိန္႔ခြန္းကို အဓိကအားျဖင့္ ေပးသြားတာပါ။ ဒီမိန္႔ခြန္းနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ VOA ကလည္း မိန္႔ခြန္းအျပည့္အစံုကို ဘာသာျပန္ၿပီးေတာ့ တင္ဆက္ေပးဖို႔ လုပ္ေနပါတယ္။ က်ေနာ္တို႔ Website ၊ Facebook ေတြမွာ ၾကည့္ရႈၾကပါ။ ဒီအခ်ိန္မွာ ေအးေအးခ်မ္းခ်မ္းနဲ႔ အင္မတန္ကို ခ်မ္းေနတဲ့ ကာလမွာ ကြင္းျပင္ၾကီးထဲထြက္ၿပီးေတာ့ သတင္းယူေနတဲ့ မအင္ၾကင္းနဲ႔ ကိုၿငိမ္းခ်မ္းတို႔ကိုလည္း က်ေနာ္ ေက်းဇူးတင္ပါတယ္။

Skype ကေနတဆင့္ VOA ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကို မအင္ၾကင္းႏုိင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

သမၼတ Joe Biden မိန္႔ခြန္း ထူးျခားခ်က္တခ်ဳိ႕
please wait

No media source currently available

0:00 0:07:19 0:00
တိုက္႐ိုက္ လင့္ခ္


...............

သမ္မတ Joe Biden မိန့်ခွန်း ထူးခြားချက်တချို့

(Unicode)

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Joe Biden က အမေရိကန်သမ္မတအနေနဲ့ သူပထမဦးဆုံး မိန့်ခွန်းပြောကြားသွားတဲ့အထဲကနေပြီးတော့ ထူးခြားချက်တွေကို ကောက်နုတ်တင်ပြပါမယ်။ Skype ကနေတဆင့် VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုဆိုရင် သမိုင်းဝင် ၄၆ ယောက်မြောက် အမေရိကန်သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Joe Biden ပြောသွားတဲ့ မိန့်ခွန်းတွေထဲက ထူးခြားချက်တွေကို ဦးသန်းလွင်ထွန်း ကောက်နုတ်တင်ပြပေးပါရှင့်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ထူးခြားချက်ကတော့ ခုနက မအင်ကြင်းတို့လည်း National Mall မှာရောက်နေတဲ့ သူတွေ ပြောပြီးသားပါ ကျနော်လည်း ကြားပါတယ်။ Main Point (အဓိကအချက်) ကတော့ ဘာလဲဆိုတော့ ထူးခြားချက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီမိန့်ခွန်းပြောတဲ့အချိန်မှာ ပရိသတ်အနေနဲ့ သိပ်မရှိပဲနဲ့ အားလုံးကို ကိုယ်စားပြုတဲ့အနေနဲ့ အလံတွေကြည့်ပြီးတော့ ပြောရတယ်ဆိုတဲ့ ပုံစံပေါ့နော်။ ပြီးတော့ ဧည့်ပရိသတ်အနေနဲ့ သတင်းထောက်တချို့က လွဲလို့ပေါ့နော်၊ ကျနော်တို့အပါအဝင် အိမ်ကပဲ ကြည့်ကြရပြီးတော့ မိန့်ခွန်းလေးတွေကို နားထောင်ရတာပေါ့နော်။ အလားတူပဲ မိန့်ခွန်းကိုလည်း ကြိုတင် ထုတ်ဝေချင်းမပြုဘူး။ အဲဒီတော့ အကြမ်းဖျဉ်းအားဖြင့် ဆိုရင်တော့ ထူးခြားချက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီမိန့်ခွန်းစစချင်းမှာပဲ သူပြောသွားတဲ့အကြောင်းက ဘာလဲဆိုတော့ အခု သူရည်ညွှန်းတဲ့ ဒီနေ့အခမ်းအနားဟာ ရွေးကောက်ပွဲမှာ နိုင်တဲ့ Candidate (သမ္မတကိုယ်စားလှယ်) တယောက်ကို ဦးစားပေးတဲ့ ၊ ဒီ အနိုင်ရ Candidate တယောက်နေ့ မဟုတ်ဘူးပေါ့နော်။ ဒါက ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေ့ ၊ ပြီးတော့ တိုင်းပြည်အတွက် မျော်လင့်ချက် ဆောင်ကြဉ်းမယ့်နေ့၊ စိန်ခေါ်မှုတွေကို စပြီးရင်ဆိုင်မယ့်နေ့ ဆိုတဲ့ပုံစံမျိုးနဲ့ သူက ပုံဖော်သွားတယ်။ အထူးသဖြင့်ပေါေ့နာ် ဒီနေ့ဟာ ဒီမိုကရေစီနဲ့ အားလုံးကို ကျော်လွှားနိုင်မယ့်နေ့ ဆိုတာပြောသွားတာတွေ့ရတယ်။

နောက်တခုက နောက်ထပ်ထူးခြားချက်ကလေးတခု ကျနော်ပြောပြမယ်။ အဲဒါဘာလဲဆိုတော့ ခါတိုင်းဆိုရင် သမ္မတရာထူးကနေ ထွက်မယ့် လက်ရှိသမ္မတက တက်ပြီးတော့ ပြီးခဲ့တဲ့ သမ္မတဟောင်းကို တက်လာတဲ့ သမ္မတသစ်ကလည်း နာမည်ဖော်ပြီး ချီးကျူးတယ် ၊ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်ကြောင်းပြောတယ်ပေါ့နော်။ ဒီနေ့မှာတော့ ဒီအခမ်းအနားမတိုင်ခင်ကတည်းကလည်း သမ္မတ Trump က ဖလော်ရီဒါ (ပြည်နယ်) ကို ထွက်သွားပြီ။ သူ့အစား ဒုသမ္မတ Mike Pence ပဲ တက်တယ်။ အဲဒီတော့ အခု သမ္မတသစ် Joe Biden ကလည်း ဒီမိန့်ခွန်းမှာ ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောတယ်ဆိုတဲ့ နေရာမှာလည်း တက်လာတဲ့ သမ္မတတွေမှာ သမ္မတအဟောင်းတွေ တက်ရောက်ကြတာကို၊ နေမကောင်းတဲ့ Jimmy Carter ကလွဲလို့ပေါ့နော်။ အထူးသဖြင့် Bill Clinton တို့ ၊ George W. Bush တို့ ၊ နောက်ပြီး သမ္မတဟောင်း Obama တို့ တက်ကြတာကို ၊ သူက အဲဒီ သမ္မတဟောင်းတွေဘက်ကို လှည့်ကြည့်ပြီးတော့ သူက ဘာပြောလဲဆိုတော့ ပါတီ ၂ ရပ်စလုံးက သမ္မတဟောင်းတွေကို သူကျေးဇူးတင်ပါတယ်ပေါ့။ အဲဒီတော့ သူရဲ့ ဒီမိန့်ခွန်းမှာ ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောတဲ့အထဲမှာ သမ္မတ Trump ရဲ့ နာမည်လုံး၀ ပြောမသွားတဲ့ ထူးခြားချက်လေးတခုလည်း ရှိတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ရှင့် ဒီလို COVID-19 ကပ်ဘေးရောဂါ ကာလကြီးမှာ အခုလို သမ္မတသစ်ရဲ့ ကျိမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပရတဲ့ အတွက်လည်း COVID-19 နဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ ပြန်ပြီးတော့ ထူထောင်ရေး လုပ်ငန်းစဉ်တွေလုပ်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ထူးထူးခြားခြား ပြောသွားပါသေးသလဲရှင့်။

ဦးသန်းလွင်ထွန်း။ ။ ထူးထူးခြားခြားပြောသွားတဲ့နေရာမှာ အရေးကြီးတဲ့အချက်ပေါ့နော် ၊ အရေးကြီးတဲ့အချက်က ဘာထွက်လာသလဲဆိုတော့ သူက ဒီအခြေအနေမှာ ပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် လွှတ်တော်ကြီးကို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာမလား၊ အဲဒီတော့ သူက ဒီအခြေအနေက အရေးကြီးတဲ့ အချိန်ပေါ့။ ပြည်တွင်း အကြမ်းဖက်မှုတွေကို နှိမ်နင်းရမယ့် ၊ အနိုင်ယူရမယ့် အချိန်ပြန်ရောက်လာပြီ။ နောက်ပြီးတော့ ထူးထူးခြားခြား ပြောသွားတဲ့အထဲမှာ လူဖြူကြီစိုးရေးဝါဒကို အပြီးပြတ်နှိမ်နင်းရမယ့် အချိန်ဖြစ်တယ် ဆိုပြီးတော့ အစောပိုင်းမှာကို ပြောသွားတယ်။ ဒါက သမ္မတတယောက်မှာ လူဖြူကြီစိုးရေးဝါဒ ဆိုတာကို နာမည်ဖော်ပြီးပြောတာက ကျနော့်အနေနဲ့တော့ တခါမှ မကြားဖူးဘူး။ ဒါက ထူးခြားချက်တရပ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီတော့ ဒီအခြေအနေမှာတော့ သူကတော့ အဓိကတော့ သူ့ Message (သတင်းစကား) က အမေရိကန်ပြည်သူပြည်သားတိုင်း ညီညွတ်ရမယ်၊ ညီညွတ်ဖို့ အရေးကြီးတယ်။ အဲဒီတော့ ညီညွတ်ဖို့အတွက် အမေရိကန်နိုင်ငံသားတိုင်း ပူးပေါင်းကြပါ၊ ကမ္ဘာ့နိုင်ငံသားတိုင်း ၊ နိုင်ငံတွေအားလုံးအတွက် အမေရိကန်ဟာ စံပြဖြစ်ရမယ်ဆိုတဲ့ ပုံစံကိုလည်း ပြောသွားတယ်။ တကယ်လို့သာ အခုလို ညီညီညွတ်ညွတ်နဲ့ အခုလို အခက်အခဲတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ပြည့်နေရတဲ့ အချိန်မှာဆိုရင် သူစောစောက ပြောသလိုပေါ့၊ ဒါက ပြည်တွင်းအကြမ်းဖက်မှုတွေကိုလည်း နှိမ်နင်းနိုင်မယ်၊ လူဖြူကြီစိုးရေးဝါဒ ကိုလည်း ချုပ်ငြိမ်းအောင်လုပ်နိုင်မယ်။ ပြီးတော့ အလုပ်လက်မဲ့ဘေးတို့ ၊ စီးပွားရေး ပြဿနာတို့၊ နောက်အခုဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါဘေးကိုလည်း ကျော်လွှားနိုင်မယ် ၊ အမေရိကန်ပြည်ထောင်စုကြီးလည်း ပြန်လည်ကြီးမြတ်လာမယ်ပေါ့နော်။ အဲဒီနေရာမှာ သူပြန်ပြီးတော့ သမ္မတ Trump လက်ထက်က သုံးတဲ့ “American First” ဆိုတဲ့ စကားလုံးကို သူသုံးသွားတာ ကျနော်ကြားလိုက်သလိုပါပဲ။ အဲဒါတော့ ကျနော် ကြားပါတယ်ခင်ဗျ။

သူက ဒီအချိန်မှာ သူအလေးအနက်ထားပြောတာတွေက တယောက်နဲ့တယောက် ဂုဏ်သိက္ခာအရ တန်ဖိုးထားပြီး လေးစားမှုတွေပြသရမယ့် အချိန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသလို၊ တယောက်နဲ့တယောက် နားထောင်နိုင်ရမယ်၊ ခွင့်လွှတ်နိုင်ရမယ်၊ ပြီးတော့ သူပြောသွားတဲ့အထဲမှာ တော်တော်လေးကို ထူးခြားတဲ့အချက်လို့ ကျနော် ပြောလို့ရတာပေါ့နော် ။ အဲဒါက ဘာလဲဆိုတော့ - ဥပမာအားဖြင့် တယောက်နဲ့တယောက် နားထောင်နိုင်ရမယ်၊ ခွင့်လွှတ်နိုင်ရမယ် ဆိုတဲ့အပြင်ကို တယောက်နဲ့တယောက် ကွဲလွဲမှုတွေ ဖြစ်လို့ရတယ်။ ကွဲလွဲမှုတွေ ဖြစ်တယ်ဆိုပေမယ့်လည်း ငြိမ်းချမ်းစွာ ကွဲလွဲမှုတွေ ဖြစ်ဖို့ အဓိကထားရမယ်။ ကွဲလွဲပေမယ့်လည်း ငြိမ်းချမ်းရမယ်ဆိုတဲ့ သဘောကို သူက ပြောသွားတာ။ အဲဒီတော့ ဒီလိုလေးစားမှုတွေ အပြန်အလှန်ပြပြီးတော့ တဘက်နဲ့ တဘက်မှာ "ပြောင်းလဲလို့မရနိုင်တဲ့အရာ ဘာမှမရှိဘူး" ။ ပြောင်းလဲလို့မရနိုင်တာတွေရှိရင် ကျနော့်ကို ပြောစမ်းပါဆိုပြီးတော့တောင် သူက မေးခွန်းထုတ်လိုက်တယ်ခင်ဗျ။ ဆိုတော့ ဒါက အဓိကပေါ့နော်။ သူ့ရဲ့ အဓိက Message (သတင်းစကား) ကတော့ ဒါက ညီညွတ်ရေး Message ပေါ့နော်။ အားလုံးညီညွတ်ရမယ်၊ တယောက်နဲ့တယောက် လေးစားမှု ပြရမယ် ၊ ပြီးတော့ သဘောထားကွဲလွဲတယ်ဆိုတာတောင်မှ တယောက်နဲ့တယောက်အကြား သဘောထားကွဲလွဲခွင့်ရှိတယ်၊ ဒါဟာလည်း ငြိမ်းချမ်းစွာ သဘောထားကွဲလွဲမှုဖြစ်ရမယ်၊ ဒါဟာ အမေရိကန်တွေအားလုံးအတွက် စံနမူဖြစ်ရမယ်လို့လည်း သူက ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲနိုင်ရမယ်ဆိုတာပြောတယ် သူက။ အလားတူ COVID-၁၉ ကြောင့်သေတာဆိုရင် အမေရိကန်မှာ လူပေါင်း ၄ သိန်းလောက်သေပြီ ။ သူ့မိန့်ခွန်းကြားကာလထဲမှာကို သူက မိန့်ခွန်းပြောနေရင်းနဲ့ သေဆုံးသူတွေအတွက် ဆိုပြီးတော့ ခဏငြိမ်သက်ပြီးတော့ ဆုတောင်းမှုလေးတွေ ပြုသွားတယ်။ နောက်ဆုံး အဓိကအားဖြင့် သူကတိပြုသွားတာကတော့ သူဟာ သူ့ကို ထောက်ခံသူတွေတင်မက ၊ သူ့ကို ဆန့်ကျင်မဲပေးခဲ့တဲ့သူတွေအတွက် နှစ်ဖက်စလုံးအတွက် ၊ အားလုံးအတွက် အမေရိကန်နိုင်ငံသားတွေ အားလုံးအတွက် သမ္မတဖြစ်စေရမယ်ဆိုတဲ့ ဒါက ကတိပြုချက် ၊ ကတိကို သူပေးသွားတယ် ။ အမေရိကန်ပြည်ထောင်စုကို ကာကွယ်မယ်၊ ဒီမိုကရေစီကို ကာကွယ်မယ်၊ အမေရိကန်နိုင်ငံသားတွေရဲ့ အခွင့်အအရေးကို ကာကွယ်မယ်ဆိုတဲ့ မိန့်ခွန်းကို အဓိကအားဖြင့် ပေးသွားတာပါ။ ဒီမိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ VOA ကလည်း မိန့်ခွန်းအပြည့်အစုံကို ဘာသာပြန်ပြီးတော့ တင်ဆက်ပေးဖို့ လုပ်နေပါတယ်။ ကျနော်တို့ Website ၊ Facebook တွေမှာ ကြည့်ရှုကြပါ။ ဒီအချိန်မှာ အေးအေးချမ်းချမ်းနဲ့ အင်မတန်ကို ချမ်းနေတဲ့ ကာလမှာ ကွင်းပြင်ကြီးထဲထွက်ပြီးတော့ သတင်းယူနေတဲ့ မအင်ကြင်းနဲ့ ကိုငြိမ်းချမ်းတို့ကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်။

Skype ကနေတဆင့် VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG