သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားေရးဝန္ႀကီးလ်ာထားခံ Antony Blinken ကို အထက္လႊတ္ေတာ္မဲခဲြမည္


ႏိုင္ငံျခားေရးဝန္ႀကီးလ်ာထားခံရတဲ့ Antony Blinken။

[Zawgyi/Unicode]

သမၼတ Biden အဆိုျပဳထားတဲ့ Antony Blinken ကို အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေနရာခန္႔အပ္ေရး ဒီကေန႔ အဂၤါေန႔ အထက္လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ဖို႔ရွိပါတယ္။

သူ႔အေနနဲ႔ တ႐ုတ္၊ အီရန္၊ ႐ုရွားနဲ႔ ေျမာက္ကိုရီးယားတို႔နဲ႔ ပတ္သက္တဲ့ စိန္ေခၚမႈေတြကိုရင္ဆိုင္ဖို႔ အဆင္သင့္ရွိတယ္လို႔ၿပီးခဲ့တဲ့ အပတ္တြင္းျပဳလုပ္ခဲ့တဲ့ အထက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီ ၾကားနာပြဲမွာ Mr.Blinken ကေျပာဆိုခဲ့ပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ၾကား ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ဖို႔ အေျခအေနရွိေပမဲ့လည္း တ႐ုတ္က အေမရိကန္ရဲ႕ အက်ိဳးစီးပြါးအေပၚ စိန္ေခၚမႈေတြ လုပ္ေဆာင္ေနတယ္ဆိုတာ သိသာထင္ရွားေနတယ္လို႔ Mr. Blinken ကေျပာပါတယ္။

ႏိုင္ငံျခားေရးဌာနနဲ႔ သံတမန္ဝန္ထမ္းေတြ စိတ္ဓာတ္ပိုင္းဆိုင္ရာ ျပန္လည္ျမင့္တက္လာေအာင္လုပ္ေဆာင္သြားမယ္လို႔လည္း သူက ကတိျပဳခဲ့ပါတယ္။ ကမာၻမွာ အေမရိကန္ႏိုင္ငံဦးေဆာင္မႈကိုလည္း ႏွိမ့္ခ်မႈနဲ႔ ယုံၾကည္မႈအေပၚ အေျခခံတည္ေဆာက္သြားမယ္လို႔ သူကေျပာပါတယ္။

သမၼတေဟာင္း Obama အစိုးရလက္ထက္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ရာထူးရယူခဲ့တဲ့ Mr. Blinken ဟာ သမၼတ Joe Biden နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူလည္းျဖစ္ပါတယ္။ Mr. Biden အထက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာ ေကာ္မတီဥကၠ႒ တာဝန္ထမ္းေဆာင္ခဲ့တုန္းကလည္း သူက အထက္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီရဲ႕ ဝန္ထမ္းေရးရာ ၫႊန္ၾကားေရးမႈးတာဝန္ယူခဲ့တာပါ။ သမၼတ Joe Biden ဒုတိယသမၼတအျဖစ္ တာဝန္ယူစဥ္တုန္းကလည္း ဒုတိယသမၼတရဲ႕ ႏိုင္ငံေတာ္လံုျခံဳေရးအၾကံေပးအျဖစ္ တာ၀န္ယူခဲ့ဖူးပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးေနရာအတြက္ Mr. Blinken ကို အထက္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီက ၁၅ မဲ ၃ မဲနဲ႔ ၿပီးခဲ့တဲ့အပတ္က အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔မွာ အထက္လႊတ္ေတာ္တခုလုံးက မဲခြဲဆုံးျဖတ္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံခြားရေးဝန်ကြီးလျာထားခံ Antony Blinken ကို အထက်လွှတ်တော်မဲခွဲမည်

သမ္မတ Biden အဆိုပြုထားတဲ့ Antony Blinken ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာခန့်အပ်ရေး ဒီကနေ့ အင်္ဂါနေ့ အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ဖို့ရှိပါတယ်။

သူ့အနေနဲ့ တရုတ်၊ အီရန်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ အဆင်သင့်ရှိတယ်လို့ပြီးခဲ့တဲ့ အပတ်တွင်းပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲမှာ Mr.Blinken ကပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေရှိပေမဲ့လည်း တရုတ်က အမေရိကန်ရဲ့ အကျိုးစီးပွါးအပေါ် စိန်ခေါ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ Mr. Blinken ကပြောပါတယ်။

နိုင်ငံခြားရေးဌာနနဲ့ သံတမန်ဝန်ထမ်းတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်မြင့်တက်လာအောင်လုပ်ဆောင်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။ ကမ္ဘာမှာ အမေရိကန်နိုင်ငံဦးဆောင်မှုကိုလည်း နှိမ့်ချမှုနဲ့ ယုံကြည်မှုအပေါ် အခြေခံတည်ဆောက်သွားမယ်လို့ သူကပြောပါတယ်။

သမ္မတဟောင်း Obama အစိုးရလက်ထက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရာထူးရယူခဲ့တဲ့ Mr. Blinken ဟာ သမ္မတ Joe Biden နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။ Mr. Biden အထက်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း သူက အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီရဲ့ ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှုးတာဝန်ယူခဲ့တာပါ။ သမ္မတ Joe Biden ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ်တုန်းကလည်း ဒုတိယသမ္မတရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် Mr. Blinken ကို အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက ၁၅ မဲ ၃ မဲနဲ့ ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီးတဲ့နောက် ဒီကနေ့မှာ အထက်လွှတ်တော်တခုလုံးက မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG