သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းအၾကမ္းဖက္ဝါဒစဲြမႈ တိုက္ဖ်က္ေရး ကန္အစိုးရသစ္ သုံးသပ္


အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki. (ဇန္နဝါရီ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံသား ဘယ္ေလာက္အေရအတြက္ထိ အစြန္းေရာက္ဝါဒ ႐ိုက္သြင္းခံထားရၿပီလဲဆိုတဲ့ စိုးရိမ္ခ်က္ေတြေၾကာင့္ ျပည္တြင္း အစြန္းေရာက္ဝါဒ တန္ျပန္ေရး လုပ္ေဆာင္ေနတာေတြအေပၚ သမၼတ Joe Biden အစိုးရက ျပန္သံုးသပ္ေနၿပီး လုပ္ေဆာင္မႈေတြက လံုေလာက္ရဲ႕လားဆိုတာ ဆန္းစစ္ေနပါတယ္။

ဇန္နဝါရီလ ၆ ရက္ေန႔က Capitol လႊတ္ေတာ္အေဆာက္အဦးကို အတင္းဝင္ေရာက္ခဲ့တဲ့ ျဖစ္ရပ္ကို ေထာက္ျပၿပီး ျပည္တြင္းအၾကမ္းဖက္ဝါဒနဲ႔ ပတ္သက္လို႔ ကိုင္တြယ္လုပ္ေဆာင္ပံု တခုလံုးကုိ ေျပာင္းလဲပစ္မယ့္အေၾကာင္း အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

"ျဖစ္ခ့ဲ့တဲ့ ဝမ္းနည္းဖြယ္ ေသဆံုးမႈေတြနဲ႔ ဖ်က္ဆီးမႈေတြက ကာလရွည္ၾကာ သိလာခဲ့တာကို အထူးေထာက္ျပေနပါတယ္။ အဲဒါကေတာ့ ျပည္တြင္းအၾကမ္းဖက္ အစြန္းေရာက္ဝါဒ ေခါင္းေထာင္လာတာဟာ ႏုိင္ငံေတာ္လံုၿခံဳေရးအေပၚ ေလးနက္ၿပီး ႀကီးထြားလာေနတဲ့ ၿခိမ္းေျခာက္မႈတခုျဖစ္တယ္ ဆုိတာပါပဲ။ Biden အစိုးရအေနနဲ႔ လိုအပ္တဲ့ အရင္းအျမစ္ေတြကို သံုးစြဲၿပီး ဒီၿခိမ္းေျခာက္မႈကို ရင္ဆိုင္ေျဖရွင္းသြားပါမယ္" လို႔ Jen Psaki က ေျပာပါတယ္။

လုပ္ေဆာင္ပံုတစံုလံုးကို အေျပာင္းအလဲလုပ္တာရဲ႕ တစိတ္တပိုင္းအေနနဲ႔ ၿခိမ္းေျခာက္မႈနဲ႔ ပတ္သက္ၿပီး ၿပီးျပည့္စံုတဲ့ ဆန္းစစ္သံုးသပ္ခ်က္တရပ္ ထြက္လာဖုိ႔အတြက္ ဖက္ဒရယ္ စံုစမ္းစစ္ေဆးေရးဗ်ဴ႐ို (FBI)၊ အမိေျမလံုၿခံဳေရးဌာနတို႔နဲ႔ လက္တြဲလုပ္ေဆာင္ဖို႔ အမ်ဳိးသားလံုၿခံဳေရးဌာန ၫႊန္ၾကားေရးမွဴးကို သမၼတ Biden က ေသာၾကာေန႔မွာ တာဝန္ေပးခဲ့ပါတယ္။

ဒီဆန္းစစ္မႈမွာ အစိုးရေအဂ်င္စီေတြ၊ ဥပေဒစိုးမိုးေရးဌာနေတြအျပင္ လိုအပ္ရင္ လုိအပ္သလို ပုဂၢလိကက႑ သုေတသီေတြဆီက သံုးသပ္ခ်က္ေတြကို ရယူသြားဖို႔ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ပြည်တွင်းအကြမ်းဖက်ဝါဒစွဲမှု တိုက်ဖျက်ရေး ကန်အစိုးရသစ် သုံးသပ်

အမေရိကန်နိုင်ငံသား ဘယ်လောက်အရေအတွက်ထိ အစွန်းရောက်ဝါဒ ရိုက်သွင်းခံထားရပြီလဲဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် ပြည်တွင်း အစွန်းရောက်ဝါဒ တန်ပြန်ရေး လုပ်ဆောင်နေတာတွေအပေါ် သမ္မတ Joe Biden အစိုးရက ပြန်သုံးသပ်နေပြီး လုပ်ဆောင်မှုတွေက လုံလောက်ရဲ့လားဆိုတာ ဆန်းစစ်နေပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က Capitol လွှတ်တော်အဆောက်အဦးကို အတင်းဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်ကို ထောက်ပြပြီး ပြည်တွင်းအကြမ်းဖက်ဝါဒနဲ့ ပတ်သက်လို့ ကိုင်တွယ်လုပ်ဆောင်ပုံ တခုလုံးကို ပြောင်းလဲပစ်မယ့်အကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"ဖြစ်ခဲ့တဲ့ ဝမ်းနည်းဖွယ် သေဆုံးမှုတွေနဲ့ ဖျက်ဆီးမှုတွေက ကာလရှည်ကြာ သိလာခဲ့တာကို အထူးထောက်ပြနေပါတယ်။ အဲဒါကတော့ ပြည်တွင်းအကြမ်းဖက် အစွန်းရောက်ဝါဒ ခေါင်းထောင်လာတာဟာ နိုင်ငံတော်လုံခြုံရေးအပေါ် လေးနက်ပြီး ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတခုဖြစ်တယ် ဆိုတာပါပဲ။ Biden အစိုးရအနေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကို သုံးစွဲပြီး ဒီခြိမ်းခြောက်မှုကို ရင်ဆိုင်ဖြေရှင်းသွားပါမယ်" လို့ Jen Psaki က ပြောပါတယ်။

လုပ်ဆောင်ပုံတစုံလုံးကို အပြောင်းအလဲလုပ်တာရဲ့ တစိတ်တပိုင်းအနေနဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ ဆန်းစစ်သုံးသပ်ချက်တရပ် ထွက်လာဖို့အတွက် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အမိမြေလုံခြုံရေးဌာနတို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ အမျိုးသားလုံခြုံရေးဌာန ညွှန်ကြားရေးမှူးကို သမ္မတ Biden က သောကြာနေ့မှာ တာဝန်ပေးခဲ့ပါတယ်။

ဒီဆန်းစစ်မှုမှာ အစိုးရအေဂျင်စီတွေ၊ ဥပဒေစိုးမိုးရေးဌာနတွေအပြင် လိုအပ်ရင် လိုအပ်သလို ပုဂ္ဂလိကကဏ္ဍ သုတေသီတွေဆီက သုံးသပ်ချက်တွေကို ရယူသွားဖို့ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG