သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ရဲ႕ ကိုဗစ္ကာလ ေထာက္ပံ့ေရးအစီအစဥ္


႔My American Dream အစီအစဥ္ကို တင္ဆက္ေနတဲ့ Financial Professional ေငြေၾကးေစ်းကြက္ဆိုင္ရာ ကြ်မ္းက်င္သူ မ၀င္းျမတ္သူ ႏွင့္ VOA ေမးျမန္း

(Zawgyi/Unicode)

American Rescue Plan လို႔ေခၚတဲ့ သမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ ေဒၚလာ ၁.၉ထရီလီယံ တန္ဖိုးရွိတဲ့ ကိုဗစ္-၁၉ေထာက္ပံ့ေရး အစီအစဥ္သစ္ ဟာ အရင္သမၼတ ေဒၚနယ္လ္ထရမ့္လက္ထက္က ေထာက္ပံ့မႈမ်ဳိးနဲ႔ ဘာေတြကြာျခားသလဲ။ ျမန္မာအပါအ၀င္ အေမရိကန္ေရာက္ ႏိုင္ငံျခားသားေတြအတြက္ ဒီအစီအစဥ္ကေန ဘာေတြ ပိုၿပီး ေထာက္ပံ့ေပးမွာလဲ။

လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ရဖို႔ ေစာင့္ဆိုင္းေနတဲ့ သမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ကိုဗစ္ေထာက္ပံ့ေရးနဲ႔ ပတ္သက္လို႔ My American Dream အစီအစဥ္ကို တင္ဆက္ေနတဲ့ Financial Professional ေငြေၾကးေစ်းကြက္ဆိုင္ရာ ကြ်မ္းက်င္သူ မ၀င္းျမတ္သူကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။။ သမၼတသစ္ ဂ်ဳိးဘိုင္ဒန္ရဲ႕ ကိုဗစ္-၁၉ေထာက္ပံ့ေရးအစီအစဥ္က အရင္သမၼတ ေဒၚနယ္လ္ထရမ့္လက္ထက္က ေထာက္ပံ့တဲ့ ပံုစံမ်ဳိးနဲ႔ ဘာေတြကြာျခားမႈရွိလဲရွင့္။

မ၀င္းျမတ္သူ။ ။ ဟုုတ္ကဲ့ အဓိကအားျဖင့္ေတာ့ ဒီ သမၼတသစ္ Joe Biden ရဲ႕ rescue plan ထဲမွာေတာ့ ပိုၿပီးေတာ့ ျပည္သူေတြအေပၚမွာ ရက္ရက္ေရာေရာ ေပးထားတာကို ေတြ႔ရတယ္။ သူက COVID တခုတည္းတင္မဟုတ္ပဲနဲ႔ တႏိုင္ငံလံုးအတြက္ Minimum wage ေတြကို တိုးေပးထားတာမ်ိဳးေတြ ၊ ေနာက္တခု က တျခား ျပည္နယ္အစိုးရေတြ အေထာက္အပံ႔ေပးမယ့္ အစီအစဥ္ ေတြလည္း သူ႔အထဲမွာ ပါ၀င္တယ္ ။ ေနာက္ၿပီးေတာ့ သူ႔ အစီအစဥ္(Program) ထဲမွာက ဗဟိုအစိုးရ (federal) ရဲ႕ အနိမ့္ဆံုးလစာ (Minimum wage) သတ္မွတ္ခ်က္ ကိုတိုးေပးမွာမ်ိဳးေတြ၊ ေနာက္ၿပီးေတာ့ ျပည္နယ္အစိုးရ ေတြဆီကိုလည္း အေထာက္အပံ့လုပ္မယ့္ အစီအစဥ္ေတြလည္း ပါ၀င္တယ္။ ေနာက္ထပ္ COVID ကာကြယ္ေဆး ကို ျပည္နယ္နဲ႔တိုင္း ေနရာအႏွံ႔အျပားကို အျမန္ဆံုးေရာက္ေအာင္ ပို႔ေပးမယ္ဆိုတဲ့ အစီအစဥ္ေတြလည္း ပါ၀င္တဲ့အတြက္ ၿခံဳၿပီးေျပာရမယ္ဆိုရင္ ဒီ Program က ပိုၿပီးလည္း ရက္ေရာတယ္၊ ပိုၿပီးေတာ့လည္း အမ်ားအတြက္ အက်ိဳးရွိမယ္လို႔ ထင္ပါတယ္။

အင္ၾကင္းႏိုင္။။ အဲေတာ့ သမၼတ ဂ်ဳိးဘိုင္ဒန္ရဲ႕ American Rescue အစီအစဥ္က ျမန္မာေတြအပါအ၀င္ အေမရိကန္ျပည္ေထာင္စုမွာ အေျခခ်ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြအတြက္ေရာ ဘယ္လိုပိုၿပီး ေထာက္ပံ့တဲ့ အစီအစဥ္ေတြ ပါသလဲရွင့္။

မ၀င္းျမတ္သူ။ ။ ဟုုတ္ကဲ့။ ျမန္မာအပါအ၀င္ ဒီႏိုင္ငံကို ေရာက္ရွိေနတဲ့ ဒီမွာ တရား၀င္ေနထိုင္တဲ့သူေတြ အားလံုးအတြက္ အက်ံဳး၀င္တာကေတာ့ ေနာက္ထပ္ ေဒၚလာ ၁,၄၀၀ stimulus check ရမွာျဖစ္တယ္။ ဒီ ေဒၚလာ ၁,၄၀၀ က (stand alone cash) ေငြသား အေနနဲ႔ ထုတ္ယူဖို႔ ေပးပို႔မွာျဖစ္ၿပီးေတာ့ ၿပီးခဲ့တဲ့ အရင္သမၼတေဟာင္း Trump လက္ထက္တုန္းက ေပးခဲ့တဲ့ ေဒၚလာ ၆၀၀ နဲ႔ဆိုရင္ စုစုေပါင္း ၂၀၀၀ ရမွာျဖစ္တယ္။ ဒါေပမယ့္ အဲဒီ ေဒၚလာ ၆၀၀ ေပးတုန္းကဆိုရင္ Dependent ေတြအေနနဲ႔ မရရွိခဲ့ဘူး။ Dependent ဆိုတာ အသက္ ၁၇ ႏွစ္အထက္ ၊ ၿပီးေတာ့ Parents Dependent ေတြေပါ့ေနာ္။ သူတို႔ေတြက မရဘူး။ ကေလးဆိုရင္လည္း အသက္ ၁၆ ႏွစ္ နဲ႔ ၁၇ ႏွစ္ေအာက္ Dependent ေတြပဲ ဒီ ေဒၚလာ ၆၀၀ ကို ရခဲ့တယ္။ အခု ေနာက္ထပ္ေပးမယ့္ ၁၄၀၀ အစီအစဥ္မွာေတာ့ မည္သူမဆို ဒီႏိုင္ငံမွာ တရား၀င္ေနတဲ့သူေတြအကုန္လံုး ရႏိုင္ပါတယ္။ အဲဒီ တခ်ိဳ႕က ဒီ ၁၄၀၀ ကိုရၿပီးေတာ့ ဒီ ေဒၚလာ ၆၀၀ ကို ျပန္ရမလားဆိုၿပီးေတာ့ ေမးတယ္။ အဲလိုေတာ့ ျပန္ၿပီးေတာ့ ရမွာ မဟုတ္ပါဘူး။

အင္ၾကင္းႏိုင္။။ ဒီေတာ့ ေဒၚလာ ၁၄၀၀ တန္ ခ်က္လက္မွတ္ကို ဘယ္ေတာ့ေလာက္ရမယ္လို႔ ေမွ်ာ္လင့္ရသလဲရွင္။

မ၀င္းျမတ္သူ။ ။ ဒီေန႔အထိေပါ့ေနာ္ က်မၾကားရသေလာက္ကေတာ့ Pass မျဖစ္ေသးဘူး။ ဒါေပမယ့္ ရဖို႔ chance ကေတာ့ အရမ္းမ်ားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ President Biden က President ျဖစ္ျဖစ္ခ်င္းကို ဒါနဲ႔ ပတ္သက္ၿပီးေတာ့ approve လုပ္မယ္ဆိုၿပီးေတာ့ executive order နဲ႔ေတာင္လုပ္မယ္ဆိုၿပီးေတာ့ ကတိေပးထားတာမ်ိဳးေတြရွိတယ္။ အဲဒါေၾကာင့္မို႔လို႔ ဒီတပတ္ထဲမွာ ေဒၚလာ ၁၄၀၀ stimulus check နဲ႔ ပတ္သက္ၿပီး က်မတို႔ သိရမွာ ျဖစ္ပါတယ္။ ရဖို႔ အလားအလာ အရမ္းမ်ားပါတယ္။ ဒါေပမယ့္ ခုနက က်မေျပာသလိုပါပဲ ဘာမွ ေတာ့ အတိအက် မသိရေသးဘူး။

သမၼတ Biden ရဲ႕ ကိုဗစ္ကာလ ေထာက္ပံ့ေရးအစီအစဥ္
please wait

No media source currently available

0:00 0:03:30 0:00
တိုက္႐ိုက္ လင့္ခ္


..................

သမ္မတ Biden ရဲ့ ကိုဗစ်ကာလ ထောက်ပံ့ရေးအစီအစဉ်

(Unicode)

American Rescue Plan လို့ခေါ်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒေါ်လာ ၁.၉ထရီလီယံ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ထောက်ပံ့ရေး အစီအစဉ်သစ် ဟာ အရင်သမ္မတ ဒေါ်နယ်လ်ထရမ့်လက်ထက်က ထောက်ပံ့မှုမျိုးနဲ့ ဘာတွေကွာခြားသလဲ။ မြန်မာအပါအဝင် အမေရိကန်ရောက် နိုင်ငံခြားသားတွေအတွက် ဒီအစီအစဉ်ကနေ ဘာတွေ ပိုပြီး ထောက်ပံ့ပေးမှာလဲ။

လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့ စောင့်ဆိုင်းနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ကိုဗစ်ထောက်ပံ့ရေးနဲ့ ပတ်သက်လို့My American Dream အစီအစဉ်ကို တင်ဆက်နေတဲ့ Financial Professional ငွေကြေးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူ မဝင်းမြတ်သူကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။။ သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ ကိုဗစ်-၁၉ထောက်ပံ့ရေးအစီအစဉ်က အရင်သမ္မတ ဒေါ်နယ်လ်ထရမ့်လက်ထက်က ထောက်ပံ့တဲ့ ပုံစံမျိုးနဲ့ ဘာတွေကွာခြားမှုရှိလဲရှင့်။

မဝင်းမြတ်သူ။ ။ ဟုတ်ကဲ့ အဓိကအားဖြင့်တော့ ဒီ သမ္မတသစ် Joe Biden ရဲ့ rescue plan ထဲမှာတော့ ပိုပြီးတော့ ပြည်သူတွေအပေါ်မှာ ရက်ရက်ရောရော ပေးထားတာကို တွေ့ရတယ်။ သူက COVID တခုတည်းတင်မဟုတ်ပဲနဲ့ တနိုင်ငံလုံးအတွက် Minimum wage တွေကို တိုးပေးထားတာမျိုးတွေ ၊ နောက်တခု က တခြား ပြည်နယ်အစိုးရတွေ အထောက်အပံ့ပေးမယ့် အစီအစဉ် တွေလည်း သူ့အထဲမှာ ပါဝင်တယ် ။ နောက်ပြီးတော့ သူ့ အစီအစဉ်(Program) ထဲမှာက ဗဟိုအစိုးရ (federal) ရဲ့ အနိမ့်ဆုံးလစာ (Minimum wage) သတ်မှတ်ချက် ကိုတိုးပေးမှာမျိုးတွေ၊ နောက်ပြီးတော့ ပြည်နယ်အစိုးရ တွေဆီကိုလည်း အထောက်အပံ့လုပ်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်။ နောက်ထပ် COVID ကာကွယ်ဆေး ကို ပြည်နယ်နဲ့တိုင်း နေရာအနှံ့အပြားကို အမြန်ဆုံးရောက်အောင် ပို့ပေးမယ်ဆိုတဲ့ အစီအစဉ်တွေလည်း ပါဝင်တဲ့အတွက် ခြုံပြီးပြောရမယ်ဆိုရင် ဒီ Program က ပိုပြီးလည်း ရက်ရောတယ်၊ ပိုပြီးတော့လည်း အများအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။

အင်ကြင်းနိုင်။။ အဲတော့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ American Rescue အစီအစဉ်က မြန်မာတွေအပါအဝင် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက်ရော ဘယ်လိုပိုပြီး ထောက်ပံ့တဲ့ အစီအစဉ်တွေ ပါသလဲရှင့်။

မဝင်းမြတ်သူ။ ။ ဟုတ်ကဲ့။ မြန်မာအပါအဝင် ဒီနိုင်ငံကို ရောက်ရှိနေတဲ့ ဒီမှာ တရားဝင်နေထိုင်တဲ့သူတွေ အားလုံးအတွက် အကျုံးဝင်တာကတော့ နောက်ထပ် ဒေါ်လာ ၁,၄၀၀ stimulus check ရမှာဖြစ်တယ်။ ဒီ ဒေါ်လာ ၁,၄၀၀ က (stand alone cash) ငွေသား အနေနဲ့ ထုတ်ယူဖို့ ပေးပို့မှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အရင်သမ္မတဟောင်း Trump လက်ထက်တုန်းက ပေးခဲ့တဲ့ ဒေါ်လာ ၆၀၀ နဲ့ဆိုရင် စုစုပေါင်း ၂၀၀၀ ရမှာဖြစ်တယ်။ ဒါပေမယ့် အဲဒီ ဒေါ်လာ ၆၀၀ ပေးတုန်းကဆိုရင် Dependent တွေအနေနဲ့ မရရှိခဲ့ဘူး။ Dependent ဆိုတာ အသက် ၁၇ နှစ်အထက် ၊ ပြီးတော့ Parents Dependent တွေပေါ့နော်။ သူတို့တွေက မရဘူး။ ကလေးဆိုရင်လည်း အသက် ၁၆ နှစ် နဲ့ ၁၇ နှစ်အောက် Dependent တွေပဲ ဒီ ဒေါ်လာ ၆၀၀ ကို ရခဲ့တယ်။ အခု နောက်ထပ်ပေးမယ့် ၁၄၀၀ အစီအစဉ်မှာတော့ မည်သူမဆို ဒီနိုင်ငံမှာ တရားဝင်နေတဲ့သူတွေအကုန်လုံး ရနိုင်ပါတယ်။ အဲဒီ တချို့က ဒီ ၁၄၀၀ ကိုရပြီးတော့ ဒီ ဒေါ်လာ ၆၀၀ ကို ပြန်ရမလားဆိုပြီးတော့ မေးတယ်။ အဲလိုတော့ ပြန်ပြီးတော့ ရမှာ မဟုတ်ပါဘူး။

အင်ကြင်းနိုင်။။ ဒီတော့ ဒေါ်လာ ၁၄၀၀ တန် ချက်လက်မှတ်ကို ဘယ်တော့လောက်ရမယ်လို့ မျှော်လင့်ရသလဲရှင်။

မဝင်းမြတ်သူ။ ။ ဒီနေ့အထိပေါ့နော် ကျမကြားရသလောက်ကတော့ Pass မဖြစ်သေးဘူး။ ဒါပေမယ့် ရဖို့ chance ကတော့ အရမ်းများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ President Biden က President ဖြစ်ဖြစ်ချင်းကို ဒါနဲ့ ပတ်သက်ပြီးတော့ approve လုပ်မယ်ဆိုပြီးတော့ executive order နဲ့တောင်လုပ်မယ်ဆိုပြီးတော့ ကတိပေးထားတာမျိုးတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီတပတ်ထဲမှာ ဒေါ်လာ ၁၄၀၀ stimulus check နဲ့ ပတ်သက်ပြီး ကျမတို့ သိရမှာ ဖြစ်ပါတယ်။ ရဖို့ အလားအလာ အရမ်းများပါတယ်။ ဒါပေမယ့် ခုနက ကျမပြောသလိုပါပဲ ဘာမှ တော့ အတိအကျ မသိရသေးဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG