သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ျပည္၀င္ခြင့္ဗီဇာကန္႔သတ္ခ်က္ ရုပ္သိမ္းတဲ့အေပၚ ျမန္မာ-အေမရိကန္တခ်ဳိ႕ရဲ႕အျမင္


သမၼတသစ္ ဂ်ဳိးဘုိင္ဒန္ သမၼတအမိန္႔ ၃ခုကို လက္မွတ္ေရးထိုး (ဇန္န၀ါရီလ ၂၀ ရက္ ၂၀၂၁)

(Zawgyi/Unicode)

သမၼတသစ္ ဂ်ဳိးဘုိင္ဒန္ စတက္လာခ်ိန္မွာပဲ ေဒၚနယ္ထရမ့္လက္ထက္က ျပည္ဝင္ခြင့္ဗီဇာ အမ်ဳိးအစားတခ်ဳိ႕ပိတ္ပင္ ကန္႔သတ္ထားတာကို ျပန္႐ုပ္သိမ္းလိုက္တဲ့အေပၚ ျမန္မာအေမရိကန္တခ်ဳိ႕က အေကာင္းျမင္ ႀကဳိဆိုၾကတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္မွာ မူဆလင္ေတြ အဓိကေနထိုင္တဲ့ ႏိုင္ငံကလာသူေတြကို အေမရိကန္ ျပည္ဝင္ခြင့္ဗီဇာ ပိတ္ပင္တယ္ဆိုၿပီး ၂၀၁၇ ဇန္နဝါရီလမွာ သမၼတအမိန္႔တရပ္ စတင္ထုတ္ျပန္ခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုဟာ ဘာသာေရးလြတ္လပ္ခြင့္ကို အသိမွတ္ျပဳ အေလးထားတဲ့ႏိုင္ငံျဖစ္တာေၾကာင့္ ေဒၚနယ္ထရမ့္ရဲ႕ ျပည္ဝင္ခြင့္တားျမစ္ခ်က္ကို သမၼတ ဂ်ဳိးဘိုင္ဒန္ တက္လာၿပီး ေနာက္တေန႔ - ဇန္နဝါရီ(၂၁)မွာပဲ သမၼတလုပ္ပိုင္ခြင့္အမိန္႔နဲ႔ ဖ်က္သိမ္းလိုက္တဲ့အေပၚ ႀကဳိဆိုတယ္လို႔ ေမရီလန္းျပည္နယ္ ခ်င္းတုိင္းရင္းသားအဖြဲ႔ ေခါင္းေဆာင္ ဦးဇိုသုန္းမႈန္က ေျပာပါတယ္။

“ ဒီ သမၼတထရမ့္က Immigrant Visa လို႔ေခၚတဲ့ ေရႊ႕ေျပာင္းအေျခခ်ေနထုိင္မႈ ဗီဇာအမ်ဳိးအစား ပိတ္ပင္ထားတာကို သမၼတ ဘိုင္ဒန္က ပယ္ဖ်က္လိုက္ၿပီးေတာ့ လမ္းဖြင့္ေပးတဲ့အတြက္ က်ေနာ္ႀကဳိဆိုပါတယ္ ဝမ္းလည္းဝမ္းသာပါတယ္။ အဲဒီ ေရႊ႕ေျပာင္းအေျခခ်ဗီဇာ ဆိုတာက ကုိယ့္မိသားစု ကိုယ့္အေဖအေမ၊ ကိုယ့္ဇနီး ၊ ညီအကိုေမာင္ႏွမကို ေခၚႏိုင္တဲ့ဗီဇာ ျဖစ္တယ္။ ျမန္မာျပည္ကလူေတြကို ေခၚႏိုင္ၿပီဆိုေတာ့ က်ေနာ္တုိ႔ မိသားစုေတြ အခ်င္းခ်င္း ျပန္ဆုံရမွာဆိုေတာ့ အေတာ္ေလး ဝမ္းသာမိပါတယ္။ ဒါ သတင္းေကာင္းပါပဲ။”

ေဒၚနယ္ထရမ့္လက္ထက္ ၂၀၂၀ ဇန္နဝါရီလမွာလည္း အေမရိကန္ျပည္ဝင္ခြင့္ဗီဇာ ကန္႔သတ္ဖို႔ ေနာက္ထပ္တုိးလိုက္တဲ့ (၆)ႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံလည္း ပါဝင္ခဲ့တာပါ။ ျမန္မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria နဲ႔ Tanzania ႏိုင္ငံေတြ ျဖစ္ပါတယ္။ ပိတ္ပင္တဲ့အထဲ ျမန္မာႏိုင္ငံကိုထည့္သြင္းရတာဟာ အေမရိကန္ ျပည္ဝင္ခြင့္ဗီဇာ ေလွ်ာက္တဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ ခုိင္မာမႈရွိမရွိ စိစစ္ရာမွာ ျမန္မာအာဏာပိုင္ေတြဘက္က ပူးေပါင္းေဆာင္ရြက္မႈ အားနည္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္လည္း ပါဝင္ပါတယ္။

သမၼတ ဂ်ဳိးဘိုင္ဒန္လက္ထက္မွာ အေမရိကန္ျပည္ဝင္ခြင့္ဗီဇာ မူဝါဒ ေပ်ာ့ေျပာင္းလာမယ္လို႔ နယူးေယာက္ၿမဳိ႕က အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးဆုိင္ရာ ေရွ႕ေနျဖစ္သူ ကို Patrick Wang က ျမင္ပါတယ္။

“ ဒီဗီဇာ ကန္႔သတ္ခ်က္ေတြ လုံးဝ ဖ်က္သိမ္းရမယ္ဆိုၿပီးေတာ့ သမၼတက သက္ဆုိင္ရာ သံ႐ုံးေတြကို အမိန္႔ထုတ္ ညႊန္ၾကားလိုက္ၿပီေလ။ အဲဒီေတာ့ ဗီဇာေတြ ဝင္ေလွ်ာက္လို႔ရၿပီေပါ့။ အရင္တုန္းကဆိုရင္ သမၼတ ထရမ့္ရဲ႕ ဗီဇာပိတ္ပင္မႈေၾကာင့္ ေလွ်ာက္ဖို႔ ခက္တယ္ေလ။ အခုကေတာ့ နဂိုတုန္းကလိုပဲ သံ႐ုံးဖြင့္မယ္ဆိုရင္ေတာ့ သြားေလွ်ာက္လို႔ ရသြားၿပီေပါ့။ အေျခအေနက ေတာ္ေတာ္ေလး လြယ္ကူလာမယ့္ သေဘာရွိတယ္။ ဂ်ဳိးဘိုင္ဒန္က သူ ေရြးေကာက္ပဲြ စဝင္တဲ့ ေဆာင္ပုဒ္ကိုက Immigrant ေရႊ႕ေျပာင္းအေျခခ်လိုသူေတြ အမ်ားႀကီး လက္ခံမယ္ ေျပာထားတယ္။ ဆိုေတာ့ လူေတြ ေတာ္ေတာ္ေလး ဝင္လာၾကလိမ့္မယ္။”

ေဒၚနယ္ထရမ့္လက္ထက္တုန္းက အေမရိကန္ျပည္ေထာင္စုမွာ လာေရာက္အေျခခ်ေနထိုင္ဖုိ႔ တႏွစ္ကို တကမၻာလုံးကဒုကၡသည္ ဦးေရ (၁၈,၀၀၀)ကိုသာ ခြင့္ျပဳခဲ့ၿပီး ၊ သမၼတသစ္ ဂ်ဳိးဘိုင္ဒန္ကေတာ့ တကမၻာလုံးအတိုင္းအတာအရ တႏွစ္ကို ဒုကၡသည္(၁၂၅,၀၀၀)ကို လက္ခံသြားမယ္လို႔ မဲဆြယ္ကတိမွာ ထည့္သြင္း ေျပာဆိုခဲ့ဖူးပါတယ္။

Muslim Travel Ban လို႔ လူသိမ်ားတဲ့ ေဒၚနယ္ထရမ့္လက္ထက္က ဗီဇာတားျမစ္ခံရတဲ့ႏိုင္ငံေတြထဲမွာ ဆီးရီးယား၊ အီရန္ ၊ အီရတ္၊ လစ္ဗ်ား၊ ဆိုမာလီယာ၊ ဆူဒန္နဲ႔ ယီမင္ ႏိုင္ငံေတြ ပါဝင္တာပါ။

ျမန္မာႏိုင္ငံကေန အေမရိကန္လာမယ့္သူေတြထဲမွာ ေရႊ႕ေျပာင္းအေျခခ်ဗီဇာ ေလွ်ာက္ထားသူေတြ၊ DV ကံစမ္းမဲ ေပါက္ထားသူေတြလည္း ပါဝင္ၿပီး၊ ေဒၚနယ္ထရမ့္အစိုးရက အမိန္႔ထုတ္ၿပီးေနာက္ သက္ဆိုင္ရာ အေမရိကန္သံ႐ုံးေတြကလည္း အေမရိကန္လူဝင္မႈပုဒ္မ(212 f) / (215 a)အရ DV ဗီဇာ ထုတ္ေပးဖို႔ ျငင္းပယ္ခဲ့ေၾကာင္း ျမန္မာတခ်ဳိ႕က VOA ကို ေျဖၾကားခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

သမ္မတ Biden ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက် ရုပ်သိမ်းတဲ့အပေါ် မြန်မာ-အမေရိကန်တချို့ရဲ့အမြင်

(Unicode)

သမ္မတသစ် ဂျိုးဘိုင်ဒန် စတက်လာချိန်မှာပဲ ဒေါ်နယ်ထရမ့်လက်ထက်က ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားတချို့ပိတ်ပင် ကန့်သတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ် မြန်မာအမေရိကန်တချို့က အကောင်းမြင် ကြိုဆိုကြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ မူဆလင်တွေ အဓိကနေထိုင်တဲ့ နိုင်ငံကလာသူတွေကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တယ်ဆိုပြီး ၂၀၁၇ ဇန်နဝါရီလမှာ သမ္မတအမိန့်တရပ် စတင်ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အသိမှတ်ပြု အလေးထားတဲ့နိုင်ငံဖြစ်တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့်တားမြစ်ချက်ကို သမ္မတ ဂျိုးဘိုင်ဒန် တက်လာပြီး နောက်တနေ့ - ဇန်နဝါရီ(၂၁)မှာပဲ သမ္မတလုပ်ပိုင်ခွင့်အမိန့်နဲ့ ဖျက်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားအဖွဲ့ ခေါင်းဆောင် ဦးဇိုသုန်းမှုန်က ပြောပါတယ်။

“ ဒီ သမ္မတထရမ့်က Immigrant Visa လို့ခေါ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်မှု ဗီဇာအမျိုးအစား ပိတ်ပင်ထားတာကို သမ္မတ ဘိုင်ဒန်က ပယ်ဖျက်လိုက်ပြီးတော့ လမ်းဖွင့်ပေးတဲ့အတွက် ကျနော်ကြိုဆိုပါတယ် ဝမ်းလည်းဝမ်းသာပါတယ်။ အဲဒီ ရွှေ့ပြောင်းအခြေချဗီဇာ ဆိုတာက ကိုယ့်မိသားစု ကိုယ့်အဖေအမေ၊ ကိုယ့်ဇနီး ၊ ညီအကိုမောင်နှမကို ခေါ်နိုင်တဲ့ဗီဇာ ဖြစ်တယ်။ မြန်မာပြည်ကလူတွေကို ခေါ်နိုင်ပြီဆိုတော့ ကျနော်တို့ မိသားစုတွေ အချင်းချင်း ပြန်ဆုံရမှာဆိုတော့ အတော်လေး ဝမ်းသာမိပါတယ်။ ဒါ သတင်းကောင်းပါပဲ။”

ဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ဇန်နဝါရီလမှာလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ဖို့ နောက်ထပ်တိုးလိုက်တဲ့ (၆)နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့တာပါ။ မြန်မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria နဲ့ Tanzania နိုင်ငံတွေ ဖြစ်ပါတယ်။ ပိတ်ပင်တဲ့အထဲ မြန်မာနိုင်ငံကိုထည့်သွင်းရတာဟာ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက် ခိုင်မာမှုရှိမရှိ စိစစ်ရာမှာ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်လည်း ပါဝင်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ မူဝါဒ ပျော့ပြောင်းလာမယ်လို့ နယူးယောက်မြို့က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေဖြစ်သူ ကို Patrick Wang က မြင်ပါတယ်။

“ ဒီဗီဇာ ကန့်သတ်ချက်တွေ လုံးဝ ဖျက်သိမ်းရမယ်ဆိုပြီးတော့ သမ္မတက သက်ဆိုင်ရာ သံရုံးတွေကို အမိန့်ထုတ် ညွှန်ကြားလိုက်ပြီလေ။ အဲဒီတော့ ဗီဇာတွေ ဝင်လျှောက်လို့ရပြီပေါ့။ အရင်တုန်းကဆိုရင် သမ္မတ ထရမ့်ရဲ့ ဗီဇာပိတ်ပင်မှုကြောင့် လျှောက်ဖို့ ခက်တယ်လေ။ အခုကတော့ နဂိုတုန်းကလိုပဲ သံရုံးဖွင့်မယ်ဆိုရင်တော့ သွားလျှောက်လို့ ရသွားပြီပေါ့။ အခြေအနေက တော်တော်လေး လွယ်ကူလာမယ့် သဘောရှိတယ်။ ဂျိုးဘိုင်ဒန်က သူ ရွေးကောက်ပွဲ စဝင်တဲ့ ဆောင်ပုဒ်ကိုက Immigrant ရွှေ့ပြောင်းအခြေချလိုသူတွေ အများကြီး လက်ခံမယ် ပြောထားတယ်။ ဆိုတော့ လူတွေ တော်တော်လေး ဝင်လာကြလိမ့်မယ်။”

ဒေါ်နယ်ထရမ့်လက်ထက်တုန်းက အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်ဖို့ တနှစ်ကို တကမ္ဘာလုံးကဒုက္ခသည် ဦးရေ (၁၈,၀၀၀)ကိုသာ ခွင့်ပြုခဲ့ပြီး ၊ သမ္မတသစ် ဂျိုးဘိုင်ဒန်ကတော့ တကမ္ဘာလုံးအတိုင်းအတာအရ တနှစ်ကို ဒုက္ခသည်(၁၂၅,၀၀၀)ကို လက်ခံသွားမယ်လို့ မဲဆွယ်ကတိမှာ ထည့်သွင်း ပြောဆိုခဲ့ဖူးပါတယ်။

Muslim Travel Ban လို့ လူသိများတဲ့ ဒေါ်နယ်ထရမ့်လက်ထက်က ဗီဇာတားမြစ်ခံရတဲ့နိုင်ငံတွေထဲမှာ ဆီးရီးယား၊ အီရန် ၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင် နိုင်ငံတွေ ပါဝင်တာပါ။

မြန်မာနိုင်ငံကနေ အမေရိကန်လာမယ့်သူတွေထဲမှာ ရွှေ့ပြောင်းအခြေချဗီဇာ လျှောက်ထားသူတွေ၊ DV ကံစမ်းမဲ ပေါက်ထားသူတွေလည်း ပါဝင်ပြီး၊ ဒေါ်နယ်ထရမ့်အစိုးရက အမိန့်ထုတ်ပြီးနောက် သက်ဆိုင်ရာ အမေရိကန်သံရုံးတွေကလည်း အမေရိကန်လူဝင်မှုပုဒ်မ(212 f) / (215 a)အရ DV ဗီဇာ ထုတ်ပေးဖို့ ငြင်းပယ်ခဲ့ကြောင်း မြန်မာတချို့က VOA ကို ဖြေကြားခဲ့ဖူးပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG