သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden လက္ထက္ ျဖစ္လာႏိုင္တဲ႔ ကန္-ျမန္မာဆက္ဆံေရး ပံုစံ


(Zawgyi/Unicode)
အေမရိကန္သမၼတသစ္ Joe Biden ရဲ့ ဦးစားေပးအစီအစဥ္ေတြထဲမွာ ကမၻာတဝန္းက ဒီမိုကေရစီမဟာမိတ္ေတြနဲ႔ ဒီမိုကေရစီ ျပန္လည္ခိုင္မာေအာင္လုပ္ၿပိီးေတာ့ အေမရိကန္ရဲ့ စံတန္ဖိုး ဒီမိုကေရစီျမွင့္တင္ဖို ့အတြက္လည္း ပါ၀င္ပါတယ္။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ကိစၥေတြ ျပန္လည္ျမွင့္တင္တဲ့အခါမွာ လူ႔အခြင့္အေရးအားနည္းတယ္လို ့အျမင္ခံေနရတဲ့ ျမန္မာနိုင္ငံနဲ ့ဆက္ဆံေရးမွာေရာ ဘယ္လိုျဖစ္လာနို္င္ပါသလဲ။ နိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ ့လံုၿခံဳေရးဆိုင္ရာ အေမရိကန္အေျခစိုက္ Stimson Center တတ္သိပညာရွင္မ်ားအဖြဲ႔က သုေတသီ ကိုအမရသီဟကို မစုျမတ္မြန္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ရိုဟင္ဂ်ာကိစၥအပါအ၀င္ လူ႔အခြင့္ေရးကိစၥေတြ ေထာက္ျပစရာရွိေနတဲ့ျမန္မာႏုိင္ငံနဲ႔ အေမရိကန္နိုင္ငံဆက္ဆံေရး အဖုအထစ္မျဖစ္ေအာင္ ဘယ္လိုလုပ္သင့္တယ္ ထင္ပါလဲလို႔ စေမးပါတယ္။

ကိုအမရသီဟ။ ။ ပုံမွန္ကေတာ့ အေမရိကန္ျပည္ေထာင္စုကေနျပီး ျမန္မာနိုင္ငံကို လူ ့အခြင့္အေရးအရဆက္ဆံတဲ့အခါမွာ မူ၀ါဒအရေတာ့ မ်ားေသာအားျဖင့္ ေျပာင္းလဲမႈသိပ္မရွိဘူး။ ဘယ္အစိုးရတက္တက္ ရုိဟင္ဂ်ာကိစၥကို သူတို ့ေျပာမယ္။ ျပီးေတာ့ တိုင္းရင္းသားေဒသေတြမွာျဖစ္တဲ့ စစ္ကိစၥေျပာမယ္။ ျပီးေတာ့ လူ ့အခြင့္အေရးကိစၥေတြကို သူတို ့ပံုမွန္အားျဖင့္ေတာ့ ေျပာေလ့ေျပာထရွိတယ္။ ႏုိင္ငံရဲ့ ေပၚလစီကိုက၊ သူတို ့က နိုင္ငံတကာဆက္ဆံေရးမွာ အဲဒါေတြကို အေျခခံျပီး ေျပာေလ့ရွိတယ္။ State Department ရဲ့ Assessments ေတြအရ ေျပာတာေပါ့။ အဲဒီလိုမ်ိဳး လူ႔အခြင့္အေရးနဲ ့ပတ္သက္တဲ့ကိစၥေတြကို ေျဖရွင္းဖို ့ႀကိဳးစားတဲ့ေနရာမွာ ဒီမိုကရက္အစိုးရေတြက မ်ားေသာအားျဖင့္ ျမန္မာနိုင္ငံကို ခ်ဥ္းကပ္တဲ့အခါမွာ သူကပုံမွန္အားျဖင့္ ပိုျပီးေတာ့ Proactive ျဖစ္တယ္ ေျပာမလား။ ျပစ္တင္ၿပီးေတာ့ ေ၀ဖန္ ပိတ္ဆို႔တာထက္ ပိုျပီးေတာ့ အစိုးရနဲ႔ နီးနီးကပ္ကပ္စဥ္းစားျပီးေတာ့ ပူးေပါင္းျပီးေတာ့ အစိုးရနဲ ့ပိုၿပီး ဆက္ဆံေရးတိုးျမွင့္တာတို ့ကို က်ေနာ္တို ့က အရင္ထဲက ေတြ ့ရတယ္။ အိုဘားမားလက္ထက္မွာ တခုလံုးေပါ့။ လူ႔အခြင့္အေရးနဲ ့ပက္သက္တဲ့ မူ၀ါဒကေတာ့ ဒီအတိုင္းပဲ ရွိေနမယ္။ ဒါေပမဲ့ ျမန္မာနိုင္ငံအစိုးရနဲ႔ ဆက္ဆံတဲ့အခါမွာေတာ့ Proactive အျဖစ္နဲ ့ခ်ဥ္းကပ္မယ္လို ့က်ေနာ္သံုးသပ္မိပါတယ္ခင္ဗ်။

Proactive နဲ ့ခ်ဥ္းကပ္တဲ့အခါမွာ သံုးသပ္တယ္ ဆိုတာကလည္း ႏွစ္ပိုင္းရွိတယ္။ အစိုးရနဲ႔ ဘယ္ေလာက္ထိ ဆက္ဆံမွာလဲ။ ျပီးေတာ့ အစိုးရနဲ ့ဆက္ဆံတဲ့ေနရာမွာ အရမ္းႀကီးဆက္ဆံလို႔ မရတဲ့အခ်ိန္မွာ အတိုင္းအတာတခုထိပဲ ဆက္ဆံျပီးေတာ့ အျခားေသာ Civil society ေတြကို ပိုၿပီးေတာ့ အားေပးေထာက္ခံမွာလားဆိုတဲ့ အပိုင္းနွစ္ခုရွိတယ္ေပါ့။ မ်ားေသာအားျဖင့္ က်ေနာ္တို ့ရဲ့ အေတြ ့အၾကံဳအရ မ်ားေသာအားျဖင့္ ဒီမိုကရက္အစိုးရေတြက Civil society နဲ ့NGO ေတြကို Support လုပ္တာပိုမ်ားတယ္။ အဲဒီေတာ့ ေရွ႕ေလ်ွာက္မွာေတာ့ US ကေနျပီးေတာ့ ျမန္မာနိုင္ငံမွာရွိတဲ့ civil society အားေကာင္းဖို ့၊ လူ ့အခြင့္အေရးတိုးျမွင့္ဖို႔ အတြက္ကို Civil society ေတြကတဆင့္ Engage ကိုလုပ္မယ္လို ေမ်ွာ္မွန္းပါတယ္ခင္ဗ်။

စုျမတ္မြန္။ ။ ကိုအမရသီဟ ေစာေစာကေျပာခဲ့သလိုေပါ့ ျမန္မာနိုင္ငံနဲ ့ အေမရိကန္ဆက္ဆံေရး ေတာ္ေတာ္ေလးျပန္ေကာင္းေအာင္လုပ္ခဲ့တဲ့ Obama အစိုးရလက္ထက္က ျမန္မာနိုင္ငံလာသြားတဲ့ ထိပ္တန္းအႀကီးအကဲတေယာက္ျဖစ္တဲ့ Antony Blinken ၊ သူဆိုရင္အခုဆိုရင္ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးသစ္ ျဖစ္လာေတာ့မယ္။ ေနာက္အခု အိမ္ျဖဴေတာ္မွာ ေျပာခြင့္ရျဖစ္တာတဲ့ Jen Psaki ဆိုတာကလည္း အရင္တုန္းက Obama လက္ထက္တုန္းက နိုင္ငံျခားေရးဌာန ေျပာခြင့္ရ ျဖစ္ခဲ့တာပါ။ အဲဒီေတာ့ ဒီလူေတြဟာ ျမန္မာ့အေရးကိစၥဆိုရင္ ေတာ္ေတာ္ေလး သိတဲ့သူေတြ ျဖစ္တယ္ေပါ့ေလ။ ျမန္မာနိုင္ငံနဲ ့ဆိုင္တဲ့ကိစၥေတြေပၚလာတဲ့အခါမွာ သူတို ့ဟာ ထဲထဲ၀င္၀င္ကိုင္တြယ္နိုင္တဲ့ သူမ်ိဳးေတြျဖစ္တယ္။ ဆိုေတာ့ ျမန္မာအစိုးရဘက္က အေမရိကန္အစိုးရနဲ႔ ဆက္ဆံတဲ့အခါမွာေရာ ဘယ္လုိမ်ိဴး ပါးပါးနပ္နပ္ ကိုင္တြယ္သင့္ေၾကာင္း ေျပာလိုပါသလဲရွင့္။

ကိုအမရသီဟ။ ။ ဟုတ္ကဲ့၊ အမေျပာသလိုပါပဲ။ က်ေနာ္တို ့ဒီလက္ရွိ Biden Administration မွာ ေပၚလစီပိုင္းတာ၀န္ႀကီးႀကီးေတြယူထားတဲ့ Political Post ေတာ္ေတာ္မ်ားမ်ားဟာ ျမန္မာနိုင္ငံနဲ ့ရင္းနွီးျပီးသားျဖစ္တယ္။ အဲဒီအတြက္ သူတို ့ဟာ Contextual Knowledge ေပါ့။ ျမန္မာနိုင္ငံပတ္သက္လို႔ ၾကည့္တဲ့အခါမွာ စံတခုအေျချပဳၾကည့္တာနဲ ့စာရင္ ျမန္မာနိင္ငံမွာ ဒီျပႆနာက ဘယ္လိုျဖစ္ေနတယ္ဆိုတာ သူတို ့က အေတာ္အသင့္ နားလည္ၿပီးသား ျဖစ္တယ္။ ျဖစ္ေတာ့ ျမန္မာနိုင္ငံအေနနဲ ့အေမရိကန္ျပည္ေထာင္စုနဲ ့ဆက္ဆံတဲ့အခါမွာ က်ေနာ္တို ့က အရင္အစိုးရထက္ပိုၿပီး အဆင္ေျပမယ့္ တလိုင္းက ဘာကိုေတြ ့နိုင္လဲဆိုေတာ့ ဒီလူေတြကို က်ေနာ္တို႔က ဒီ Context ကို ရွင္းျပဖို ့က ပံုမွန္ထက္ က်ေနာ္တို ့က အတိုင္းအတာတခုထိ ေရွ႕ေရာက္ျပီးသား ျဖစ္ေနတယ္။ ဥပမာအားျဖင့္ ရိုဟင္ဂ်ာကိစၥ ဆိုတာကလည္း Obama လက္ထက္ထဲက ရွိခဲ့တဲ့အတြက္ သူတို ့က ဒါကို အတိုင္းအတာတခုထိ နားလည္ျပီးသားျဖစ္တယ္။ အျခားအျခားေသာ ေျပာေရးဆုိခြင့္ရ ပုဂၢဳိလ္ေတြကလည္း ျမန္မာနိုင္ငံကိုလာၿပီးေတာ့ က်ေနာ္တို႔ ဦးသိန္းစိန္အစိုးရေခတ္မွာ Engagement ေတြ လုပ္ခဲ့ဖူးတာေတြ ရွိတယ္ေပါ့။ ဒီေတာ့ ျမန္မာအစိုးရအေနနဲ ့အေမရိကန္ျပည္ေထာင္စုကို ဆက္ဆံတဲ့အခါက်ေတာ့ လိုင္းသံုးလိုင္းေပါ့။ ပထမလိုင္းကေတာ့ Track-1 ေပါ့။ ဒါေတြကေတာ့ Official announcement ေျပာတာေတြရယ္၊ က်ေနာ္တို ့အသြားအျပန္ Official စာ ထုတ္တာေတြ ပါမယ္ေပါ့။ ဒါေပမဲ့ က်ေနာ္တို ့အေနနဲ ့Focus ပိုလုပ္သင့္တာကေတာ့ Track 1.5, Track 2 ေပါ့။ Track 1.5 ဆိုတာက အရာရွိႀကီးေတြက ျမန္မာနိုင္ငံကို အသြားအျပန္ ရွိေနတယ္။ ဒါေပမဲ့ က်ေနာ္တို ့ဟာ official position ႀကီးေတြကို အေျချပဳၿပီး ေျပာတာမဟုတ္ဘဲနဲ ့ ျပႆနာ ေျဖရွင္းမယ္ဆိုတဲ့ အျမင္နဲ႔ ေပၚလစီတခုကို ဘယ္လိုေရွ႕တိုးမလဲ၊ က်ေနာ္တို ့Track 1.5 ေပါ့။ အဲဒါမ်ိဳး Shuttle Diplomacy ေပါ့။ ဦးသိန္းစိန္းအစိုးရ စပိုင္းကေန ေႏွာင္းပိုင္းအထိ က်ေနာ္တို ့လုပ္ခဲ့တယ္ေပါ့။ Track 2 ကေတာ့ Think Tanks အခ်င္းခ်င္းေပါ့ ။ ျမန္မာဘက္က Think Tank ေတြက US မွာ ေျပာတာမ်ိဳး၊ US က Think Tanks ေတြက သူတို ့ေပၚလစီကို ဘယ္လိုမ်ိဳး ျမန္မာနိုင္ငံမွာ Engage လုပ္မလဲစသျဖင့္ Track 2 ကို Liaison လုပ္တာမ်ိဳးကတဆင့္ ေပၚလစီေတြကို လိုအပ္သလို Tailoring လုပ္သင့္တယ္လို ့ျမင္ပါတယ္ခင္ဗ်။

စုျမတ္မြန္။ ။ ေနာက္တခ်က္ကလည္းေပါ့ေနာ္... ဒီ ျမန္မာနုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္ၾကီး Thomas L. Vajda ဟာဆိုရင္ ျမန္မာနိုင္ငံ ေရာက္လာတာ သိပ္မၾကာေသးတဲ့ အေမရိကန္ သံအမတ္အသစ္ ျဖစ္ပါတယ္။ သူ ့အေနနဲ႔လည္း ျမန္မာ့အေရးကိစၥေတြမွာ ဘယ္လိုကိစၥကို ပိုၿပီးကိုင္တြယ္သင့္တယ္လို႔ ျမင္ပါသလဲ။ ဘာလို႔လဲဆိုေတာ့ သူ႔မတိုင္ခင္ သံအမတ္ႀကီး Scot Marciel လက္ထက္မွာဆိုရင္ေတာ့ Engagement က သိပ္မျမင္ခဲ့ရဘူးေပါ့ေလ။ အခုသံအမတ္ႀကီး အသစ္အေနနဲ႔ကေရာ ျမန္မာ့အေရးကိစၥမွာ သူ ့ဘက္က ဘက္ေပါင္းစံု ကိုင္တြယ္တဲ့ေနရာမွာ ဘယ္လို ကိစၥရပ္ေတြကို ပိုလုပ္သင့္လဲလို႔ ျမင္ပါသလဲရွင့္။

ကိုအမရသီဟ။။ ။ လက္ရွိ Ambassador အေနနဲ ့ဘယ္လိုသြားမလဲဆိုတာ က်ေနာ္တို ့ၾကည့္ရမွာက State Department က က်ေနာ္တုိ႔ ျမန္မာနိုင္ငံနဲ႔ ဘယ္ေလာက္ထိ Engage ျပန္လုပ္ခ်င္သလဲေပါ့။ ပံုမွန္ လက္ရွိလိုပဲ စာေတြထုတ္လုိက္၊ Official visit ေတြသြားလိုက္၊ စာအျပန္လွန္ထုတ္တဲ့ဆီကို သြားမလား။ ဒါမွမဟုတ္ ျမန္မာနိုင္ငံနဲ ့ဆက္ဆံေရးကို ေနာက္ထပ္အဆင့္တခုဆီကို သြားမလားဆိုတာ ၾကည့္လို ့ရမွာေပါ့။ ဒါေပမဲ့ တခုရွိတာက Obama Administration ထဲကိုက သူတို ့က ျမန္မာနိုင္ငံကို Proactively ဆက္ဆံတယ္ဆိုတာက သူတုိ႔ Obama Administration ရဲ့ တခုတည္းေသာ၊ ဒါမွမဟုတ္လို ့ရွိရင္လည္း One of fews diplomatic success လို႔ သူတို ့ျပခ်င္တာကိုး။ Trump က ေျမာက္ကိုရီးယားကို စဥ္းစားၾကည့္တယ္၊ အဆင္မေျပဘူးေပါ့။ လက္ရွိ Biden အစိုးရ အေနနဲ႔ေရာ ျမန္မာႏုိင္ငံကို ဒီထက္ပိုၿပီး Opening up ဒီထက္ပုိေကာင္းတယ္ဆိုတာမ်ိဴး Step ကိုသြားၿပီးေတာ့ ျပခ်င္သလား။ ဒါမွမဟုတ္လို ့ရွိရင္ ဘယ္လိုမ်ိဴးနဲ ့သြားမလဲေပါ့။ ျဖစ္ႏုိင္ေခ်တခုက က်ေနာ္တို ့က ဒီ Indo-pacific strategy ကို အေျခခံျပီးေတာ့ US ကေနျပီးေတာ့ Engage လုပ္နိုင္မယ္လို ့က်ေနာ္ကထင္တယ္။ အဲလို Engagement လုပ္လို ့ရွိရင္ေတာ့ က်ေနာ္တို႔က အတုိင္းအတာတခုထိ Proactively ဆက္ဆံဖို႔အတြက္ အတိုင္းအတာတခုအထိ လမ္းေၾကာင္းတခုရွိမယ္လို ့က်ေနာ္ျမင္ပါတယ္ခင္ဗ်။

အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Stimson Center တတ္သိပညာရွင္မ်ားအဖြဲ ့က သုေတသီ ကိုအမရသီဟ ျဖစ္ပါတယ္။ ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံပါဘူး။

................................................................

တိုက္႐ိုက္ လင့္ခ္

(Unicode)

သမ္မတ Biden လက်ထက် ဖြစ်လာနိုင်တဲ့ ကန်-မြန်မာဆက်ဆံရေး ပုံစံ

အမေရိကန်သမ္မတသစ် Joe Biden ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ ကမ္ဘာတဝန်းက ဒီမိုကရေစီမဟာမိတ်တွေနဲ့ ဒီမိုကရေစီ ပြန်လည်ခိုင်မာအောင်လုပ်ပြီးတော့ အမေရိကန်ရဲ့ စံတန်ဖိုး ဒီမိုကရေစီမြှင့်တင်ဖို့အတွက်လည်း ပါဝင်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ ပြန်လည်မြှင့်တင်တဲ့အခါမှာ လူ့အခွင့်အရေးအားနည်းတယ်လို့အမြင်ခံနေရတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ အမေရိကန်အခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က သုတေသီ ကိုအမရသီဟကို မစုမြတ်မွန်က ဆက်သွယ် မေးမြန်းထားပါတယ်။

ရိုဟင်ဂျာကိစ္စအပါအဝင် လူ့အခွင့်ရေးကိစ္စတွေ ထောက်ပြစရာရှိနေတဲ့မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံဆက်ဆံရေး အဖုအထစ်မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ထင်ပါလဲလို့ စမေးပါတယ်။

ကိုအမရသီဟ။ ။ ပုံမှန်ကတော့ အမေရိကန်ပြည်ထောင်စုကနေပြီး မြန်မာနိုင်ငံကို လူ့အခွင့်အရေးအရဆက်ဆံတဲ့အခါမှာ မူဝါဒအရတော့ များသောအားဖြင့် ပြောင်းလဲမှုသိပ်မရှိဘူး။ ဘယ်အစိုးရတက်တက် ရိုဟင်ဂျာကိစ္စကို သူတို့ပြောမယ်။ ပြီးတော့ တိုင်းရင်းသားဒေသတွေမှာဖြစ်တဲ့ စစ်ကိစ္စပြောမယ်။ ပြီးတော့ လူ့အခွင့်အရေးကိစ္စတွေကို သူတို့ပုံမှန်အားဖြင့်တော့ ပြောလေ့ပြောထရှိတယ်။ နိုင်ငံရဲ့ ပေါ်လစီကိုက၊ သူတို့က နိုင်ငံတကာဆက်ဆံရေးမှာ အဲဒါတွေကို အခြေခံပြီး ပြောလေ့ရှိတယ်။ State Department ရဲ့ Assessments တွေအရ ပြောတာပေါ့။ အဲဒီလိုမျိုး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့နေရာမှာ ဒီမိုကရက်အစိုးရတွေက များသောအားဖြင့် မြန်မာနိုင်ငံကို ချဉ်းကပ်တဲ့အခါမှာ သူကပုံမှန်အားဖြင့် ပိုပြီးတော့ Proactive ဖြစ်တယ် ပြောမလား။ ပြစ်တင်ပြီးတော့ ဝေဖန် ပိတ်ဆို့တာထက် ပိုပြီးတော့ အစိုးရနဲ့ နီးနီးကပ်ကပ်စဉ်းစားပြီးတော့ ပူးပေါင်းပြီးတော့ အစိုးရနဲ့ပိုပြီး ဆက်ဆံရေးတိုးမြှင့်တာတို့ကို ကျနော်တို့က အရင်ထဲက တွေ့ရတယ်။ အိုဘားမားလက်ထက်မှာ တခုလုံးပေါ့။ လူ့အခွင့်အရေးနဲ့ပက်သက်တဲ့ မူဝါဒကတော့ ဒီအတိုင်းပဲ ရှိနေမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာတော့ Proactive အဖြစ်နဲ့ချဉ်းကပ်မယ်လို့ကျနော်သုံးသပ်မိပါတယ်ခင်ဗျ။

Proactive နဲ့ချဉ်းကပ်တဲ့အခါမှာ သုံးသပ်တယ် ဆိုတာကလည်း နှစ်ပိုင်းရှိတယ်။ အစိုးရနဲ့ ဘယ်လောက်ထိ ဆက်ဆံမှာလဲ။ ပြီးတော့ အစိုးရနဲ့ဆက်ဆံတဲ့နေရာမှာ အရမ်းကြီးဆက်ဆံလို့ မရတဲ့အချိန်မှာ အတိုင်းအတာတခုထိပဲ ဆက်ဆံပြီးတော့ အခြားသော Civil society တွေကို ပိုပြီးတော့ အားပေးထောက်ခံမှာလားဆိုတဲ့ အပိုင်းနှစ်ခုရှိတယ်ပေါ့။ များသောအားဖြင့် ကျနော်တို့ရဲ့ အတွေ့အကြုံအရ များသောအားဖြင့် ဒီမိုကရက်အစိုးရတွေက Civil society နဲ့NGO တွေကို Support လုပ်တာပိုများတယ်။ အဲဒီတော့ ရှေ့လျှောက်မှာတော့ US ကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ civil society အားကောင်းဖို့၊ လူ့အခွင့်အရေးတိုးမြှင့်ဖို့ အတွက်ကို Civil society တွေကတဆင့် Engage ကိုလုပ်မယ်လို မျှော်မှန်းပါတယ်ခင်ဗျ။

စုမြတ်မွန်။ ။ ကိုအမရသီဟ စောစောကပြောခဲ့သလိုပေါ့ မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး တော်တော်လေးပြန်ကောင်းအောင်လုပ်ခဲ့တဲ့ Obama အစိုးရလက်ထက်က မြန်မာနိုင်ငံလာသွားတဲ့ ထိပ်တန်းအကြီးအကဲတယောက်ဖြစ်တဲ့ Antony Blinken ၊ သူဆိုရင်အခုဆိုရင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာတော့မယ်။ နောက်အခု အိမ်ဖြူတော်မှာ ပြောခွင့်ရဖြစ်တာတဲ့ Jen Psaki ဆိုတာကလည်း အရင်တုန်းက Obama လက်ထက်တုန်းက နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဖြစ်ခဲ့တာပါ။ အဲဒီတော့ ဒီလူတွေဟာ မြန်မာ့အရေးကိစ္စဆိုရင် တော်တော်လေး သိတဲ့သူတွေ ဖြစ်တယ်ပေါ့လေ။ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေပေါ်လာတဲ့အခါမှာ သူတို့ဟာ ထဲထဲဝင်ဝင်ကိုင်တွယ်နိုင်တဲ့ သူမျိုးတွေဖြစ်တယ်။ ဆိုတော့ မြန်မာအစိုးရဘက်က အမေရိကန်အစိုးရနဲ့ ဆက်ဆံတဲ့အခါမှာရော ဘယ်လိုမျိူး ပါးပါးနပ်နပ် ကိုင်တွယ်သင့်ကြောင်း ပြောလိုပါသလဲရှင့်။

ကိုအမရသီဟ။ ။ ဟုတ်ကဲ့၊ အမပြောသလိုပါပဲ။ ကျနော်တို့ဒီလက်ရှိ Biden Administration မှာ ပေါ်လစီပိုင်းတာဝန်ကြီးကြီးတွေယူထားတဲ့ Political Post တော်တော်များများဟာ မြန်မာနိုင်ငံနဲ့ရင်းနှီးပြီးသားဖြစ်တယ်။ အဲဒီအတွက် သူတို့ဟာ Contextual Knowledge ပေါ့။ မြန်မာနိုင်ငံပတ်သက်လို့ ကြည့်တဲ့အခါမှာ စံတခုအခြေပြုကြည့်တာနဲ့စာရင် မြန်မာနိင်ငံမှာ ဒီပြဿနာက ဘယ်လိုဖြစ်နေတယ်ဆိုတာ သူတို့က အတော်အသင့် နားလည်ပြီးသား ဖြစ်တယ်။ ဖြစ်တော့ မြန်မာနိုင်ငံအနေနဲ့အမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆံတဲ့အခါမှာ ကျနော်တို့က အရင်အစိုးရထက်ပိုပြီး အဆင်ပြေမယ့် တလိုင်းက ဘာကိုတွေ့နိုင်လဲဆိုတော့ ဒီလူတွေကို ကျနော်တို့က ဒီ Context ကို ရှင်းပြဖို့က ပုံမှန်ထက် ကျနော်တို့က အတိုင်းအတာတခုထိ ရှေ့ရောက်ပြီးသား ဖြစ်နေတယ်။ ဥပမာအားဖြင့် ရိုဟင်ဂျာကိစ္စ ဆိုတာကလည်း Obama လက်ထက်ထဲက ရှိခဲ့တဲ့အတွက် သူတို့က ဒါကို အတိုင်းအတာတခုထိ နားလည်ပြီးသားဖြစ်တယ်။ အခြားအခြားသော ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေကလည်း မြန်မာနိုင်ငံကိုလာပြီးတော့ ကျနော်တို့ ဦးသိန်းစိန်အစိုးရခေတ်မှာ Engagement တွေ လုပ်ခဲ့ဖူးတာတွေ ရှိတယ်ပေါ့။ ဒီတော့ မြန်မာအစိုးရအနေနဲ့အမေရိကန်ပြည်ထောင်စုကို ဆက်ဆံတဲ့အခါကျတော့ လိုင်းသုံးလိုင်းပေါ့။ ပထမလိုင်းကတော့ Track-1 ပေါ့။ ဒါတွေကတော့ Official announcement ပြောတာတွေရယ်၊ ကျနော်တို့အသွားအပြန် Official စာ ထုတ်တာတွေ ပါမယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့Focus ပိုလုပ်သင့်တာကတော့ Track 1.5, Track 2 ပေါ့။ Track 1.5 ဆိုတာက အရာရှိကြီးတွေက မြန်မာနိုင်ငံကို အသွားအပြန် ရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ official position ကြီးတွေကို အခြေပြုပြီး ပြောတာမဟုတ်ဘဲနဲ့ ပြဿနာ ဖြေရှင်းမယ်ဆိုတဲ့ အမြင်နဲ့ ပေါ်လစီတခုကို ဘယ်လိုရှေ့တိုးမလဲ၊ ကျနော်တို့Track 1.5 ပေါ့။ အဲဒါမျိုး Shuttle Diplomacy ပေါ့။ ဦးသိန်းစိန်းအစိုးရ စပိုင်းကနေ နှောင်းပိုင်းအထိ ကျနော်တို့လုပ်ခဲ့တယ်ပေါ့။ Track 2 ကတော့ Think Tanks အချင်းချင်းပေါ့ ။ မြန်မာဘက်က Think Tank တွေက US မှာ ပြောတာမျိုး၊ US က Think Tanks တွေက သူတို့ပေါ်လစီကို ဘယ်လိုမျိုး မြန်မာနိုင်ငံမှာ Engage လုပ်မလဲစသဖြင့် Track 2 ကို Liaison လုပ်တာမျိုးကတဆင့် ပေါ်လစီတွေကို လိုအပ်သလို Tailoring လုပ်သင့်တယ်လို့မြင်ပါတယ်ခင်ဗျ။

စုမြတ်မွန်။ ။ နောက်တချက်ကလည်းပေါ့နော်... ဒီ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas L. Vajda ဟာဆိုရင် မြန်မာနိုင်ငံ ရောက်လာတာ သိပ်မကြာသေးတဲ့ အမေရိကန် သံအမတ်အသစ် ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း မြန်မာ့အရေးကိစ္စတွေမှာ ဘယ်လိုကိစ္စကို ပိုပြီးကိုင်တွယ်သင့်တယ်လို့ မြင်ပါသလဲ။ ဘာလို့လဲဆိုတော့ သူ့မတိုင်ခင် သံအမတ်ကြီး Scot Marciel လက်ထက်မှာဆိုရင်တော့ Engagement က သိပ်မမြင်ခဲ့ရဘူးပေါ့လေ။ အခုသံအမတ်ကြီး အသစ်အနေနဲ့ကရော မြန်မာ့အရေးကိစ္စမှာ သူ့ဘက်က ဘက်ပေါင်းစုံ ကိုင်တွယ်တဲ့နေရာမှာ ဘယ်လို ကိစ္စရပ်တွေကို ပိုလုပ်သင့်လဲလို့ မြင်ပါသလဲရှင့်။

ကိုအမရသီဟ။။ ။ လက်ရှိ Ambassador အနေနဲ့ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့ကြည့်ရမှာက State Department က ကျနော်တို့ မြန်မာနိုင်ငံနဲ့ ဘယ်လောက်ထိ Engage ပြန်လုပ်ချင်သလဲပေါ့။ ပုံမှန် လက်ရှိလိုပဲ စာတွေထုတ်လိုက်၊ Official visit တွေသွားလိုက်၊ စာအပြန်လှန်ထုတ်တဲ့ဆီကို သွားမလား။ ဒါမှမဟုတ် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို နောက်ထပ်အဆင့်တခုဆီကို သွားမလားဆိုတာ ကြည့်လို့ရမှာပေါ့။ ဒါပေမဲ့ တခုရှိတာက Obama Administration ထဲကိုက သူတို့က မြန်မာနိုင်ငံကို Proactively ဆက်ဆံတယ်ဆိုတာက သူတို့ Obama Administration ရဲ့ တခုတည်းသော၊ ဒါမှမဟုတ်လို့ရှိရင်လည်း One of fews diplomatic success လို့ သူတို့ပြချင်တာကိုး။ Trump က မြောက်ကိုရီးယားကို စဉ်းစားကြည့်တယ်၊ အဆင်မပြေဘူးပေါ့။ လက်ရှိ Biden အစိုးရ အနေနဲ့ရော မြန်မာနိုင်ငံကို ဒီထက်ပိုပြီး Opening up ဒီထက်ပိုကောင်းတယ်ဆိုတာမျိူး Step ကိုသွားပြီးတော့ ပြချင်သလား။ ဒါမှမဟုတ်လို့ရှိရင် ဘယ်လိုမျိူးနဲ့သွားမလဲပေါ့။ ဖြစ်နိုင်ချေတခုက ကျနော်တို့က ဒီ Indo-pacific strategy ကို အခြေခံပြီးတော့ US ကနေပြီးတော့ Engage လုပ်နိုင်မယ်လို့ကျနော်ကထင်တယ်။ အဲလို Engagement လုပ်လို့ရှိရင်တော့ ကျနော်တို့က အတိုင်းအတာတခုထိ Proactively ဆက်ဆံဖို့အတွက် အတိုင်းအတာတခုအထိ လမ်းကြောင်းတခုရှိမယ်လို့ကျနော်မြင်ပါတယ်ခင်ဗျ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် Stimson Center တတ်သိပညာရှင်များအဖွဲ့က သုတေသီ ကိုအမရသီဟ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG