သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump အမႈ ရီပတ္ပလင္ကန္အထက္လႊတ္ေတာ္ေခါင္းဆာင္ႏွစ္ဦး သေဘာကဲြ


သမၼတေဟာင္း Trump။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု Capitol လႊတ္ေတာ္အေဆာက္အဦးအေပၚ တိုက္ခိုက္ခဲ့သူေတြ ဆူပူထႂကြေအာင္ သမၼတေဟာင္း Donald Trump က လႈံ႔ေဆာ္ခ့ဲတယ္ဆိုတဲ့ အမႈနဲ႔ ေအာက္လႊတ္ေတာ္က စြဲခ်က္တင္ထားတဲ့ အမႈအတြက္ ေအာက္လႊတ္ေတာ္က အမႈကိုယ္စားေလ ွ်ာက္ထားသူေတြ ဒီေန႔ တနလၤာေန႔ညက်ရင္ အထက္လႊတ္ေတာ္ကို အမႈတင္ျပမွာ ျဖစ္ပါတယ္။ နက္ျဖန္ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ အမႈၾကားနာစစ္ေဆးဖုိ႔ အထက္လႊတ္ေတာ္အမတ္ေတြ က်မ္းက်ိန္မွာျဖစ္တယ္လို႔ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Chuck Schumer က တနဂၤေႏြေန႔က ေျပာၾကားပါတယ္။

အမႈစတင္ၾကားနာပဲြကိုေတာ့ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ စတင္မွာျဖစ္ပါတယ္။ ဒီအမႈနဲ႔ပတ္သက္လို႔ အထက္လႊတ္ေတာ္က အေရးပါတဲ့ Republican အမတ္ ၂ ေယာက္ၾကားမွာ သိသိသာသာကဲြျပားတဲ့ သေဘာထားအျမင္ေတြ ႐ွိေနၾကပါတယ္။ လႊတ္ေတာ္အေဆာက္အဦးအေပၚ တိုက္ခိုက္မႈအတြက္ သမၼတေဟာင္း Trump မွာ တစံုတရာ တာဝန္မကင္းတာ မွန္ေပမဲ့ သမၼတအေပၚ တရားစဲြတာကိုေတာ့ ကန္႔ကြက္တယ္လို႔ Florida ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Marco Rubio က Fox News Sunday အစီအစဥ္မွာ ေျပာၾကားပါတယ္။ လႊတ္ေတာ္မွာ တရားစဲြတာဟာ ရာဇဝတ္မႈအတြက္ စံုစမ္းတာမဟုတ္ဘဲ ႏိုင္ငံေရးအရလုပ္တဲ့ လုပ္ငန္းစဥ္ျဖစ္ေၾကာင္းနဲ႔ ဒီလိုလုပ္တဲ့အတြက္ သေဘာထားကြဲမႈေတြ ပုိဆိုးၿပီး တိုင္းျပည္ေ႐ွ႕ဆက္ မရျဖစ္လိမ့္မယ္လို႔ အမတ္ Rubio ကဆိုပါတယ္။

Utah ျပည္နယ္က အထက္လႊတ္ေတာ္အမတ္ Mitt Romney ကေတာ့ ဆူပူထႂကြေအာင္ လံႈ႔ေဆာ္တာကို တရားစြဲႏုိင္တဲ့ က်ဴးလြန္မႈျဖစ္တယ္လို႔ သူယံုၾကည္ေၾကာင္း CNN ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ဒီမိုကေရစီအေပၚ တခါမွ မႀကံဳခဲ့ဖူးတဲ့ တိုက္ခိုက္ခံရမႈမွာ Trump က ပူးေပါင္းပါဝင္ေနတယ္လို႔ ယံုၾကည္ေၾကာင္း သူကေျပာပါတယ္။ သမၼတေဟာင္း Trump မွာ အျပစ္႐ွိေၾကာင္း ဆံုးျဖတ္ဖို႔ Democrat အမတ္ ၅၀ လံုးအျပင္ Republican အမတ္ ၁၇ ေယာက္ရဲ႕ ေထာက္ခံခ်က္ လိုအပ္ပါတယ္။ တကယ္လို႔ အျပစ္႐ွိတယ္လို႔ ဆံုးျဖတ္ၾကတယ္ဆိုရင္ Trump ကိုေနာက္ထပ္ သမၼတအေ႐ြးမခံရေအာင္ တားျမစ္သင့္၊ မသင့္ ထပ္ၿပီး မဲခဲြမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သမ္မတဟောင်း Trump အမှု ရီပတ်ပလင်ကန်အထက်လွှတ်တော်ခေါင်းဆာင်နှစ်ဦးသဘောကွဲ

အမေရိကန်ပြည်ထောင်စု Capitol လွှတ်တော်အဆောက်အဦးအပေါ် တိုက်ခိုက်ခဲ့သူတွေ ဆူပူထကြွအောင် သမ္မတဟောင်း Donald Trump က လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့ အမှုအတွက် အောက်လွှတ်တော်က အမှုကိုယ်စားလေ ျှာက်ထားသူတွေ ဒီနေ့ တနင်္လာနေ့ညကျရင် အထက်လွှတ်တော်ကို အမှုတင်ပြမှာ ဖြစ်ပါတယ်။ နက်ဖြန် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အမှုကြားနာစစ်ဆေးဖို့ အထက်လွှတ်တော်အမတ်တွေ ကျမ်းကျိန်မှာဖြစ်တယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer က တနင်္ဂနွေနေ့က ပြောကြားပါတယ်။

အမှုစတင်ကြားနာပွဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အထက်လွှတ်တော်က အရေးပါတဲ့ Republican အမတ် ၂ ယောက်ကြားမှာ သိသိသာသာကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနေကြပါတယ်။ လွှတ်တော်အဆောက်အဦးအပေါ် တိုက်ခိုက်မှုအတွက် သမ္မတဟောင်း Trump မှာ တစုံတရာ တာဝန်မကင်းတာ မှန်ပေမဲ့ သမ္မတအပေါ် တရားစွဲတာကိုတော့ ကန့်ကွက်တယ်လို့ Florida ပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio က Fox News Sunday အစီအစဉ်မှာ ပြောကြားပါတယ်။ လွှတ်တော်မှာ တရားစွဲတာဟာ ရာဇဝတ်မှုအတွက် စုံစမ်းတာမဟုတ်ဘဲ နိုင်ငံရေးအရလုပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်းနဲ့ ဒီလိုလုပ်တဲ့အတွက် သဘောထားကွဲမှုတွေ ပိုဆိုးပြီး တိုင်းပြည်ရှေ့ဆက် မရဖြစ်လိမ့်မယ်လို့ အမတ် Rubio ကဆိုပါတယ်။

Utah ပြည်နယ်က အထက်လွှတ်တော်အမတ် Mitt Romney ကတော့ ဆူပူထကြွအောင် လှုံ့ဆော်တာကို တရားစွဲနိုင်တဲ့ ကျူးလွန်မှုဖြစ်တယ်လို့ သူယုံကြည်ကြောင်း CNN ရုပ်သံကို ပြောကြားခဲ့ပါတယ်။ အမေရိကန်ဒီမိုကရေစီအပေါ် တခါမှ မကြုံခဲ့ဖူးတဲ့ တိုက်ခိုက်ခံရမှုမှာ Trump က ပူးပေါင်းပါဝင်နေတယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။ သမ္မတဟောင်း Trump မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ဖို့ Democrat အမတ် ၅၀ လုံးအပြင် Republican အမတ် ၁၇ ယောက်ရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ တကယ်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကြတယ်ဆိုရင် Trump ကိုနောက်ထပ် သမ္မတအရွေးမခံရအောင် တားမြစ်သင့်၊ မသင့် ထပ်ပြီး မဲခွဲမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG