သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို တရားစွဲဆိုထားတဲ့စာတမ်း အထက်လွှတ်တော်ကို တနင်္လာနေ့ပို့မည်


(Zawgyi/Unicode)

သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် တရားစွဲဆိုချက် စာတမ်းကို အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တနင်္လာနေ့မှာ ပေးပို့မှာဖြစ်ကြောင်း အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဖြစ်လာတဲ့ ဒီမိုကရက်တစ်ပါတီဝင် Chuck Schumer က သောကြာနေ့မှာ ပြောပါတယ်။

ဒါဟာ အမေရိကန်လွှတ်တော် အဆောက်အဦးတွင်း သေဆုံးမှုဖြစ်ခဲ့ရတဲ့ ဝင်ရောက်စီးနင်းမှု ဖြစ်အောင် လှုံ့ဆော်မှုနဲ့ သမ္မတဟောင်းထရမ့် အပြစ်ဒဏ်ကျခံရနိုင်ချေရှိတဲ့ တရားရင်ဆိုင်မှုတွေ စတင်နိုင်ဖို့ ဖြစ်ပြီး မ ျှတမှုရှိတဲ့ တရားရင်ဆိုင်မှု လုပ်မှာ ဖြစ်ကြောင်း Chuck Schumer က ပြောပါတယ်။

ထရမ့်ရဲ့ တရားရေးအဖွဲ့အနေနဲ့ ဒီစွဲချက်အတွက် ခုခံတင်ပြမယ့် ဗျူဟာချဖို့ အချိန်ပိုလိုအပ်တာကြောင့် ဒီ တရားစွဲဆိုမှုကို ရှေ့လထဲ ရွှေ့ဆိုင်းဖို့ ရီပတ်ဘလစ်ကင်ပါတီက အထက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Mitch McConnell က ပြောကြားခဲ့ပေမယ့် ဒီမိုကရက်တစ်ပါတီဝင်တွေက လက်မခံ ပယ်ချခဲ့တာပါ။

သမ္မတဟောင်း ထရမ့်ဟာ အမေရိကန်သမ္မတတွေထဲမှာ ၂ ကြိမ်တိုင်တိုင် တရားစွဲဆိုခံရတဲ့ ပထမဆုံး သမ္မတဖြစ်ပြီး သမ္မတတာဝန်ပြီးဆုံးတဲ့ နောက် ပထမဆုံး တရားရင်ဆိုင်ရသူလည်း ဖြစ်ပါတယ်။ ဘယ်အချိန်မှာ တရားရင်ဆိုင်မှုကို စတင်မယ် ဆိုတာကိုတော့ Schumer ကမပြောပါဘူး။

အပြစ်ဒဏ်ချမှတ်နိုင်ဖို့ အတွက် အနည်းဆုံး ရီပတ်ဘလစ်ကင် အထက်လွှတ်တော် အမတ် ၁၇ ဦးရဲ့ မဲရဖို့ လိုအပ်ပေမယ့် ခုချိန်အထိတော့ သမ္မတဟောင်း ထရမ့်ကို အပြစ်ဒဏ်ချမှတ်ဖို့ စဉ်းစားသူ သိပ်မရှိသေးသလို အများစုကတော့ အခုလို သမ္မတတဦးကို သူ့သမ္မတသက်တမ်းပြီးသွားတဲ့နောက် တရားစွဲဆိုမှု လုပ်တာဟာ တရားဝင်ဟုတ်မဟုတ် မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် အခုလို တရားရင်ဆိုင်မှု လုပ်တာဟာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာစေသလို ဘိုင်ဒန်အစိုးရအဖွဲ့သစ် က အာရုံလွှဲဖို့ လုပ်ဆောင်မှုသာ ဖြစ်ကြောင်း ရီပတ်ဘလစ်ကင် တွေက မကျေမနပ် ပြောဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG