သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Trump အစိုးရလက္ထက္ အရာရွိေဟာင္းတခ်ိဳ႕ တရုတ္အေရးယူမႈ သမၼတ Biden ျပစ္တင္ေ၀ဖန္


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံက အရင္ သမၼတ ထရမ့္ အစိုးရလက္ထက္က အေမရိကန္ အရာရွိေတြကို ဒဏ္ခတ္ အေရးယူတဲ့အေပၚသမၼတ Joe Biden အစိုးရက ျပစ္တင္ ေဝဖန္ လိုက္ပါတယ္။ တ႐ုတ္နိုင္ငံရဲ႕ အေရးယူမႈက အက်ိဳးမရွိသလို အတၱဆန္တဲ့ လုပ္ရပ္ျဖစ္တယ္ လို႔သမၼတ Joe Biden ရဲ႕ အမ်ိဳးသား လုံျခဳံေရးေကာင္စီ ေျပာခြင့္ရ Emily Horne က တံု႔ျပန္ေျပာဆိုလိုက္တာပါ။

တ႐ုတ္နိုင္ငံကို ယွဥ္ၿပိဳင္ အသာရဖို႔အေရး ႏွစ္ပါတီ စလုံးက ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးၿပီး အေမရိကန္ရဲ့ ရပ္တည္ခ်က္တစ္ခု ရယူဖို႔ Joe Biden က ေမၽွာ္မွန္းထားတယ္လို႔လည္း ေျပာခြင့္ရ Horne က ေျပာပါတယ္။

ဗုဒၶဟူးေန႔က သမၼတ Joe Biden က်မ္းသစၥာ က်ိန္ဆိုအၿပီး မိနစ္ပိုင္းအတြင္းမွာပဲ တ႐ုတ္နိုင္ငံက ထရမ့္ အစိုးရ လက္ထက္က တာဝန္ယူခဲ့တဲ့ ထိပ္တန္း အေမရိကန္တာဝန္ရွိသူေတြကို ပိတ္ဆို႔ ဒဏ္ခတ္ အေရးယူ လိုက္တာပါ။ အဲဒီ အထဲ နိုင္ငံျခားေရး ဝန္ႀကီး ေဟာင္း Mike Pompeo လည္း ပါပါတယ္။ သူအပါအဝင္ လူ ပုဂၢိဳလ္ ၂၈ ဦးကို တ႐ုတ္နိုင္ငံရဲ့ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ တဲ့လုပ္ေဆာင္ခ်က္ေတြ ႀကိဳတင္ ျပင္ဆင္၊ တိုးျမႇင့္ ေဆာင္ရြက္ခဲ့လို႔ အခုလို ဒဏ္ခတ္ အေရးယူရတာလို႔ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဌာနက ေျပာပါတယ္။

ထရမ့္ရဲ့ ကုန္သြယ္ေရး အႀကံေပးေဟာင္း Peter Navarro ၊ အမ်ိဳးသား လုံျခဳံေရး အႀကံေပးေဟာင္း Robert O’Brien နဲ႔ သူ႔မတိုင္ခင္က အႀကံေပး John Bolton တို႔လည္း တ႐ုတ္တို႔က ဒဏ္ခတ္လိုက္တဲ့ ပုဂၢိဳလ္ေတြထဲ ပါဝင္ပါတယ္

သမၼတေဟာင္း ေဒၚနယ္ထရမ့္ တာဝန္ယူၿပီး သိပ္ မၾကာမီမွာပဲ ကုန္သြယ္ေရးစစ္ပြဲကို စတင္လိုက္ခ်ိန္ကစလို႔ တ႐ုတ္နဲ႔ အေမရိကန္ ႏွစ္နိုင္ငံ ဆက္ဆံေရး ဆိုးဆိုးရြားရြား ယိုယြင္းလာေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Trump အစိုးရလက်ထက် အရာရှိဟောင်းတချို့ တရုတ်အရေးယူမှု သမ္မတ Biden ပြစ်တင်ဝေဖန်

(Unicode)

တရုတ်နိုင်ငံက အရင် သမ္မတ ထရမ့် အစိုးရလက်ထက်က အမေရိကန် အရာရှိတွေကို ဒဏ်ခတ် အရေးယူတဲ့အပေါ်သမ္မတ Joe Biden အစိုးရက ပြစ်တင် ဝေဖန် လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးယူမှုက အကျိုးမရှိသလို အတ္တဆန်တဲ့ လုပ်ရပ်ဖြစ်တယ် လို့သမ္မတ Joe Biden ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ Emily Horne က တုံ့ပြန်ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံကို ယှဉ်ပြိုင် အသာရဖို့အရေး နှစ်ပါတီ စလုံးက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး အမေရိကန်ရဲ့ ရပ်တည်ချက်တစ်ခု ရယူဖို့ Joe Biden က မျှော်မှန်းထားတယ်လို့လည်း ပြောခွင့်ရ Horne က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတ Joe Biden ကျမ်းသစ္စာ ကျိန်ဆိုအပြီး မိနစ်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ထရမ့် အစိုးရ လက်ထက်က တာဝန်ယူခဲ့တဲ့ ထိပ်တန်း အမေရိကန်တာဝန်ရှိသူတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက်တာပါ။ အဲဒီ အထဲ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း Mike Pompeo လည်း ပါပါတယ်။ သူအပါအဝင် လူ ပုဂ္ဂိုလ် ၂၈ ဦးကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် တဲ့လုပ်ဆောင်ချက်တွေ ကြိုတင် ပြင်ဆင်၊ တိုးမြှင့် ဆောင်ရွက်ခဲ့လို့ အခုလို ဒဏ်ခတ် အရေးယူရတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

ထရမ့်ရဲ့ ကုန်သွယ်ရေး အကြံပေးဟောင်း Peter Navarro ၊ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Robert O’Brien နဲ့ သူ့မတိုင်ခင်က အကြံပေး John Bolton တို့လည်း တရုတ်တို့က ဒဏ်ခတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲ ပါဝင်ပါတယ်

သမ္မတဟောင်း ဒေါ်နယ်ထရမ့် တာဝန်ယူပြီး သိပ် မကြာမီမှာပဲ ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်ချိန်ကစလို့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးဆိုးရွားရွား ယိုယွင်းလာနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG