သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump လက္ထက္က ခန္႔အပ္ခဲ႔သူကိုပဲ FBI အႀကီးအကဲအျဖစ္ သမၼတ Biden  ဆက္လက္ခန္႔ထားမည္


အေမရိကန္ ဗဟိုအစိုးရေထာက္လွမ္းေရးဗ်ဴရို FBI အႀကီးအကဲ Christopher Wray

(Zawgyi/Unicode)
အေမရိကန္ ဗဟိုအစိုးရေထာက္လွမ္းေရးဗ်ဴရို FBI အႀကီးအကဲ Christopher Wray ရဲ့ လုပ္ေဆာင္ခ်က္ေတြ အတြက္ သူယံုၾကည္မႈရွိတာေၾကာင့္ Wrayကို ဒီရာထူးမွာပဲ ဆက္လက္ထမ္းေဆာင္ဖုိ႔ သမၼတသစ္ဂ်ိဳးဘိုင္ဒန္က ပန္ၾကားလိုက္ေၾကာင္း သမၼတအိမ္ျဖဴက ၾကာသပေတးေန႔မွာ ေျပာပါတယ္။

သူ႔ကို ရီပတ္ဘလစ္ကင္ သမၼတေဟာင္းေဒၚနယ္ထရမ့္က ဒီရာထူးမွာ ခန္႔အပ္ခဲ့တာ ျဖစ္ေပမယ့္ ႏိုဝင္ဘာ ၃ ရက္ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိတယ္ဆိုတဲ့ ေျပာၾကားခ်က္ကို လက္မခံတဲ့အတြက္ ထရမ့္ရဲ့ အမ်က္ထြက္မႈကို မၾကာခဏ ခံရသူ ျဖစ္ပါတယ္။

FBI အႀကီးအကဲ ရာထူးဟာ ၁၀ ႏွစ္ သက္တမ္းရွိတဲ့အတြက္ Wray အတြက္ ဒီတာဝန္ကို ဆက္ၿပီး ထမ္းေဆာင္ဖို႔ ေနာက္ထပ္ ၆ ႏွစ္ က်န္ေနေသးတာပါ။ သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki က သမၼတဘိုင္ဒန္အေနနဲ႔ FBI အႀကီးအကဲ Christopher Wray ရဲ့ လုပ္ကိုင္မႈကို ယံုၾကည္တာေၾကာင့္ သူ႔ကို ဒီရာထူးမွာ ဆက္ထားဖို႔ ဆႏၵရွိေၾကာင္း တြစ္တာမွာ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

Wray ကို FBI အၾကီးအကဲ အျဖစ္ဆက္ၿပီး ထားတာအတြက္ ထရမ့္ရဲ့ ေထာက္လွမ္းေရးကိစၥရပ္ ကိုင္တြယ္မႈေတြကို ေဝဖန္ေလ့ရွိတဲ့ ေအာက္လႊတ္ေတာ္ ေထာက္လွမ္းေရး ေကာ္မတီ ဥကၠဌ Adam Schiff က ႀကိဳဆိုလိုက္ပါတယ္။

ဒါ့အျပင္ ဇန္နဝါရီလ ၆ ရက္ လႊတ္ေတာ္မွာ အတင္းဝင္ေရာက္စီးနင္းခံရတာ အတြက္ ေထာက္လွမ္းေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ပ်က္ကြက္မႈေတြကို ဆန္းစစ္ရာမွာ Wray နဲ႔အတူ လက္တြဲ လုပ္ေဆာင္ဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။

............................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

Donald Trump လက်ထက်က ခန့်အပ်ခဲ့သူကိုပဲ FBI အကြီးအကဲအဖြစ် သမ္မတ Biden ဆက်လက်ခန့်ထားမည်
အမေရိကန် ဗဟိုအစိုးရထောက်လှမ်းရေးဗျူရို FBI အကြီးအကဲ Christopher Wray ရဲ့ လုပ်ဆောင်ချက်တွေ အတွက် သူယုံကြည်မှုရှိတာကြောင့် Wrayကို ဒီရာထူးမှာပဲ ဆက်လက်ထမ်းဆောင်ဖို့ သမ္မတသစ်ဂျိုးဘိုင်ဒန်က ပန်ကြားလိုက်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ပြောပါတယ်။


သူ့ကို ရီပတ်ဘလစ်ကင် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ဒီရာထူးမှာ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ ပြောကြားချက်ကို လက်မခံတဲ့အတွက် ထရမ့်ရဲ့ အမျက်ထွက်မှုကို မကြာခဏ ခံရသူ ဖြစ်ပါတယ်။


FBI အကြီးအကဲ ရာထူးဟာ ၁၀ နှစ် သက်တမ်းရှိတဲ့အတွက် Wray အတွက် ဒီတာဝန်ကို ဆက်ပြီး ထမ်းဆောင်ဖို့ နောက်ထပ် ၆ နှစ် ကျန်နေသေးတာပါ။ သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က သမ္မတဘိုင်ဒန်အနေနဲ့ FBI အကြီးအကဲ Christopher Wray ရဲ့ လုပ်ကိုင်မှုကို ယုံကြည်တာကြောင့် သူ့ကို ဒီရာထူးမှာ ဆက်ထားဖို့ ဆန္ဒရှိကြောင်း တွစ်တာမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။


Wray ကို FBI အကြီးအကဲ အဖြစ်ဆက်ပြီး ထားတာအတွက် ထရမ့်ရဲ့ ထောက်လှမ်းရေးကိစ္စရပ် ကိုင်တွယ်မှုတွေကို ဝေဖန်လေ့ရှိတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဌ Adam Schiff က ကြိုဆိုလိုက်ပါတယ်။


ဒါ့အပြင် ဇန်နဝါရီလ ၆ ရက် လွှတ်တော်မှာ အတင်းဝင်ရောက်စီးနင်းခံရတာ အတွက် ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုတွေကို ဆန်းစစ်ရာမှာ Wray နဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။

p

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG