သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမာၻဒီးယားရဲရံုးခ်ဳပ္မွာ FBI ရံုးဖြင့္လွစ္မည္


ကေမၻာဒီးယားႏိုင္ငံ ဖႏြမ္ပင္ၿမိဳ႕ရွိ တရားရံုးခ်ဳပ္အေရွ႕မွာ ရပ္ေနၾကတဲ့ ရဲတပ္ဖဲြ႔၀င္မ်ားကို ေတြ႔ရ။ (ေအာက္တိုဘာ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

တရုတ္ႏုိင္ငံရဲ႕ အနီးကပ္မဟာမိတ္ ကေမာၻဒီးယားႏုိင္ငံနဲ႔ အေမရိကန္ၾကား မေျပမလည္ျဖစ္ေနတဲ့ ဆက္ဆံေရးေတြတိုးတက္ေအာင္ ၀ါရွင္တန္က ႀကိဳးပမ္းေနခ်ိ္န္မွာပဲ ကေမၻာဒီးယား ရဲဌာနခ်ဳပ္မွာ အေမရိကန္ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဴ႐ို FBI က ႐ုံးခန္းတခုဖြင့္လွစ္ေတာ့မွာပါ။ အေမရိကန္၀ရမ္းေျပးေတြနဲ႔ အၾကမ္းဖက္၀ါဒစြဲတုိက္ခိုက္မႈေတြကို ေျခမႈန္းဖို႔ ကေမၻာဒီးယားရဲတပ္ဖြဲ႔ကို FBI ကကူညီသြားမွာျဖစ္္တယ္လို႔ ကေမၻာဒီးယားရဲဌာနေျပာခြင့္ရ Chhay Kim Khoeun ကအဂၤါေန႔မွာေျပာပါတယ္။

FBI ႐ုံးကို ဘယ္ေတာ့ဖြင့္ႏုိ္င္မလဲဆိုတာ မသိဘူးလို႔လည္း ေျပာခြင့္ရသူက ဆိုပါတယ္။ FBI ႐ုံးခန္းဖြင့္လွစ္ေရးနဲ႔ ပတ္သက္လို႔ ရိုက္တာသတင္းဌာနရဲ ႔ေမးျမန္းခ်က္ကို ဖႏြမ္ပင္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရုံးက မွတ္ခ်က္မေပးေပမယ့္ ကေမၻာဒီယားရဲတပ္ဖြဲ႔နဲ႔ FBI ၾကား ဆက္ဆံေရး တိုးတက္ေအာင္တည္ေဆာက္ေနတယ္လို႔ အီးေမးလ္းကေန အေၾကာင္းျပန္ထားပါတယ္။ ကေလးေတြအေပၚ က်ဴးလြန္တဲ့ရာဇ၀တ္မႈ၊ ေငြေၾကးခ၀ါခ်မႈနဲ႔ ဘ႑ာေရးဆုိင္ရာ ရာဇ၀တ္မႈေတြကို ထိန္းခ်ဳပ္တားျမစ္ႏုိင္ေရး FBI နဲ႔ ကေမၻာဒီယားရဲတပ္ဖြဲ႔တို႔ ပူးေပါင္းလုပ္ငန္းအဖြဲ႔ေၾကာင့္ ႏွစ္ႏုိင္ငံစလုံး ပိုၿပီးလုံၿခဳံေဘးကင္းလာေစတယ္လို႔လည္း သံရုံးကေပးပို႔လာတဲ့ အီးေမးလ္ထဲမွာ ေဖာ္ျပထားပါတယ္။

ႏွစ္ႏုိင္ငံပူးေပါင္းလုပ္ငန္းအဖြဲ႔ကို ဖြဲ႔စည္းဖို႔ မႏွစ္က သေဘာတူထားတာျဖစ္ၿပီး အုပ္စုလိုက္က်ဴးလြန္တဲ့ ရာဇ၀တ္မႈေတြ၊ ေငြေၾကးခ၀ါခ်မႈနဲ႔ ႏုိင္ငံတကာ ၀ရမ္းေျပးေတြကို ဖမ္းဆီးအေရးယူဖို႔ ျဖစ္တယ္လို႔လည္း သံရုံးကေျပာပါတယ္။ အဓိက အတုိက္အခံပါတီကို ဖ်က္သိမ္းၿပီး ၿပိဳင္ဖက္ႏိုင္ငံေရးသမားေတြန႔ဲ လႈပ္ရွားတက္ၾကြသူေတြကို ကေမၻာဒီယားအစိုးရက ဖမ္းဆီးအေရးယူတဲ့အေပၚ အေမရိကန္ ေ၀ဖန္ခဲ့တာေၾကာင့္ နွစ္ႏို္င္ငံဆက္ဆံေရးမွာ အဖုအထစ္ေတြေပၚေပါက္ေနတာပါ။

ကေမၻာဒီးယားရဲ ႔ အႀကီးဆုံးစီးပြားေရးနဲ႔ သံတမန္ေရးမိတ္ဖက္ တ႐ုတ္ႏုိင္ငံကတပ္ဖြဲ႔ေတြကို သူ႔ႏုိင္ငံမွာ အေျခစိုက္ခြင့္ျပဳဖို႔ လ်ွဳိ႕၀ွက္သေဘာတူထားတယ္ဆိုတဲ့ သတင္းေတြကိုထြက္ေပၚေနၿပီး ကေမၻာဒီးယားကေတာ့ အဲဒီသတင္း မဟုတ္မမွန္ေၾကာင္း အႀကိမ္ႀကိမ္ ျငင္းဆန္ထားတာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘောဒီးယားရဲရုံးချုပ်မှာ FBI ရုံးဖွင့်လှစ်မည်

တရုတ်နိုင်ငံရဲ့ အနီးကပ်မဟာမိတ် ကမ္ဘောဒီးယားနိုင်ငံနဲ့ အမေရိကန်ကြား မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးတွေတိုးတက်အောင် ဝါရှင်တန်က ကြိုးပမ်းနေချိန်မှာပဲ ကမ္ဘောဒီးယား ရဲဌာနချုပ်မှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က ရုံးခန်းတခုဖွင့်လှစ်တော့မှာပါ။ အမေရိကန်ဝရမ်းပြေးတွေနဲ့ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုတွေကို ခြေမှုန်းဖို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ကို FBI ကကူညီသွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားရဲဌာနပြောခွင့်ရ Chhay Kim Khoeun ကအင်္ဂါနေ့မှာပြောပါတယ်။

FBI ရုံးကို ဘယ်တော့ဖွင့်နိုင်မလဲဆိုတာ မသိဘူးလို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။ FBI ရုံးခန်းဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်ကို ဖနွမ်ပင်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မှတ်ချက်မပေးပေမယ့် ကမ္ဘောဒီယားရဲတပ်ဖွဲ့နဲ့ FBI ကြား ဆက်ဆံရေး တိုးတက်အောင်တည်ဆောက်နေတယ်လို့ အီးမေးလ်းကနေ အကြောင်းပြန်ထားပါတယ်။ ကလေးတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ ငွေကြေးခဝါချမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတွေကို ထိန်းချုပ်တားမြစ်နိုင်ရေး FBI နဲ့ ကမ္ဘောဒီယားရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ငန်းအဖွဲ့ကြောင့် နှစ်နိုင်ငံစလုံး ပိုပြီးလုံခြုံဘေးကင်းလာစေတယ်လို့လည်း သံရုံးကပေးပို့လာတဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပူးပေါင်းလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဖို့ မနှစ်က သဘောတူထားတာဖြစ်ပြီး အုပ်စုလိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံတကာ ဝရမ်းပြေးတွေကို ဖမ်းဆီးအရေးယူဖို့ ဖြစ်တယ်လို့လည်း သံရုံးကပြောပါတယ်။ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းပြီး ပြိုင်ဖက်နိုင်ငံရေးသမားတွေနဲ့ လှုပ်ရှားတက်ကြွသူတွေကို ကမ္ဘောဒီယားအစိုးရက ဖမ်းဆီးအရေးယူတဲ့အပေါ် အမေရိကန် ဝေဖန်ခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်တွေပေါ်ပေါက်နေတာပါ။

ကမ္ဘောဒီးယားရဲ့ အကြီးဆုံးစီးပွားရေးနဲ့ သံတမန်ရေးမိတ်ဖက် တရုတ်နိုင်ငံကတပ်ဖွဲ့တွေကို သူ့နိုင်ငံမှာ အခြေစိုက်ခွင့်ပြုဖို့ လျှို့ဝှက်သဘောတူထားတယ်ဆိုတဲ့ သတင်းတွေကိုထွက်ပေါ်နေပြီး ကမ္ဘောဒီးယားကတော့ အဲဒီသတင်း မဟုတ်မမှန်ကြောင်း အကြိမ်ကြိမ် ငြင်းဆန်ထားတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG