သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေမၻာဒီးယားကုိေပးထားတဲ့ ကုန္သြယ္မႈအထူးအခြင့္အေရး အီးယူရုပ္သိမ္း


EU ဥေရာပ သမဂၢ အလံ

(Zawgyi/Unicode)

ကေမၻာဒီးယားနိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ေပၚေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ EU ဥေရာပ သမဂၢက ကေမၻာဒီးယားကို ေပးအပ္ထားတဲ့ ကုန္သြယ္မႈ အထူး အခြင့္အေရးကို ျပန္႐ုပ္သိမ္းလိုက္ပါတယ္။ ဒါေၾကာင့္ ကေမၻာဒီးယားနိုင္ငံ ကေန ဥေရာပသမဂၢကို တင္ပို႔ေန႔တဲ့ ကုန္ပစၥည္းေတြကို ဗုဒၶဟူးေန႔က စၿပီး အေကာက္ခြန္ ျပန္လည္ စည္းက်ပ္လိုက္ၿပီ ျဖစ္ပါတယ္။

အခုလို အခြန္ စည္းက်ပ္လိုက္ေပမဲ့ EU အေနနဲ႔ COVID 19 တိုက္ဖ်က္ေရးမွာ ကေမၻာဒီးယားနိုင္ငံနဲ႔ လက္တြဲ ေဆာင္ရြက္ သြားမွာ ျဖစ္တယ္လို႔ EU ရဲ့ ကုန္သြယ္ေရး ေကာ္မရွင္နာ Phil Hogan က ေျပာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ကေမၻာဒီယားနိုင္ငံအတြင္း လူ႔အခြင့္အေရးနဲ႔ အလုပ္သမား အခြင့္အေရးေတြကို ေလးစား လိုက္နာမႈ အပူတျပင္းလိုအပ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။

ပို႔ကုန္ အေျခခံတဲ့ လုပ္ငန္းေတြ တိုးတက္ျဖစ္ထြန္းလာေစဖို႔ ကေမၻာဒီးယားနိုင္ငံကို EU က ကုန္သြယ္ေရးဆိုင္ရာ အခြင့္အေရးေတြ ေပးအပ္ခဲ့သလို ကေမၻာဒီးယား ျပည္သူ ေထာင္ေပါင္းမ်ားစြာအတြက္လည္း အလုပ္အကိုင္ ဖန္တီးေပးခဲ့တယ္လို႔ EU ကုန္သြယ္ေရး ေကာ္မရွင္နာ Hogan က ေျပာပါတယ္။

ဗုဒၶဟူးေန႔ကစလို႔ ကေမၻာဒီးယားအေနနဲ႔ ဖြံ့ၿဖိဳးမႈ အနည္းဆုံး နိုင္ငံေတြအေပၚ EU က ေပးအပ္ထားတဲ့ အခြန္ ကင္းလြတ္ခြင့္ အခြင့္ အေရးေတြ ဆုံးရႈံးသြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေမၻာဒီးယားနိုင္ငံရဲ့ အဓိက ပို႔ကုန္လုပ္ငန္းျဖစ္တဲ့ အထည္ခ်ဳပ္၊ ဖိနပ္လုပ္ငန္းနဲ႔ ခရီးသြားလုပ္ငန္းဆိုင္ရာ ကုန္ပစၥည္း ထုတ္လုပ္မႈကို အထိနာေစမွာ ျဖစ္ပါတယ္။

အဲဒီ ကုန္ပစၥည္းေတြက EU ကို တင္ပို႔ေနတဲ့ ကုန္ပစၥည္းအားလုံးရဲ့ ၂၀ ရာခိုင္ႏႈန္း ရွိပါတယ္။

ကေမၻာဒီးယားနိုင္ငံထဲ လူ႔အခြင့္အေရး တိုးတက္မႈ သိသိသာသာ ရွိလာမယ္ဆိုရင္ေတာ့ အခြန္ကင္းလြတ္ခြင့္ကို ျပန္လည္ ေပးအပ္ သြားမယ္လို႔လည္း ေကာ္မရွင္နာ Hogan က ေျပာပါတယ္။

ကေမၻာဒီးယား အထည္ခ်ဳပ္လုပ္ငန္းမွာ လုပ္သားအင္အား ၇၀၀,၀၀၀ ရွိၿပီး EU နဲ႔ ကေမၻာဒီးယား ကုန္သြယ္မႈ ပမာဏ ၿပီးခဲ့တဲ့ႏွစ္က ယူရိုေငြ ၅.၆ ဘီလီယံ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကမ္ဘောဒီးယားကိုပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး အီးယူရုပ်သိမ်း
(Unicode)

ကမ္ဘောဒီးယားနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ EU ဥရောပ သမဂ္ဂက ကမ္ဘောဒီးယားကို ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူး အခွင့်အရေးကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားနိုင်ငံ ကနေ ဥရောပသမဂ္ဂကို တင်ပို့နေ့တဲ့ ကုန်ပစ္စည်းတွေကို ဗုဒ္ဓဟူးနေ့က စပြီး အကောက်ခွန် ပြန်လည် စည်းကျပ်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို အခွန် စည်းကျပ်လိုက်ပေမဲ့ EU အနေနဲ့ COVID 19 တိုက်ဖျက်ရေးမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ EU ရဲ့ ကုန်သွယ်ရေး ကော်မရှင်နာ Phil Hogan က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီယားနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို လေးစား လိုက်နာမှု အပူတပြင်းလိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

ပို့ကုန် အခြေခံတဲ့ လုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းလာစေဖို့ ကမ္ဘောဒီးယားနိုင်ငံကို EU က ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ ပေးအပ်ခဲ့သလို ကမ္ဘောဒီးယား ပြည်သူ ထောင်ပေါင်းများစွာအတွက်လည်း အလုပ်အကိုင် ဖန်တီးပေးခဲ့တယ်လို့ EU ကုန်သွယ်ရေး ကော်မရှင်နာ Hogan က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကစလို့ ကမ္ဘောဒီးယားအနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေအပေါ် EU က ပေးအပ်ထားတဲ့ အခွန် ကင်းလွတ်ခွင့် အခွင့် အရေးတွေ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပို့ကုန်လုပ်ငန်းဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်း ထုတ်လုပ်မှုကို အထိနာစေမှာ ဖြစ်ပါတယ်။

အဲဒီ ကုန်ပစ္စည်းတွေက EU ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းအားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘောဒီးယားနိုင်ငံထဲ လူ့အခွင့်အရေး တိုးတက်မှု သိသိသာသာ ရှိလာမယ်ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ကို ပြန်လည် ပေးအပ် သွားမယ်လို့လည်း ကော်မရှင်နာ Hogan က ပြောပါတယ်။

ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းမှာ လုပ်သားအင်အား ၇၀၀,၀၀၀ ရှိပြီး EU နဲ့ ကမ္ဘောဒီးယား ကုန်သွယ်မှု ပမာဏ ပြီးခဲ့တဲ့နှစ်က ယူရိုငွေ ၅.၆ ဘီလီယံ ရှိပါတယ်။

XS
SM
MD
LG