(Zawgyi/Unicode)
ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ဖို႔အတြက္ လႈပ္ရွားေဆာင္႐ြက္မယ့္ အဆင့္လိုက္ အစီအစဥ္ေတြကို ဗုဒၶဟူးေန႔က အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ လက္မွတ္ေရးထိုးလိုက္ပါတယ္။ သိပၸံနည္းပညာဆိုင္ရာ သိကၡာသမာဓိရွိရွိ၊ သက္ေသအေထာက္အထား ခိုင္မာတဲ့ မူဝါဒခ်မွတ္မႈေတြအျဖစ္ သူတို႔ အစိုးရအေနနဲ႔ျပန္လည္ ျပဳျပင္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သမၼတ ဘိုင္ဒန္က အိမ္ျဖဴေတာ္မွာ မေန႔က ျပဳလုပ္တဲ့ လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ေျပာၾကားသြားပါတယ္။
”ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ အခြင့္အလမ္းမ်ားစြာရွိေနတဲ့ အနာဂတ္ျဖစ္ဖို႔ လက္ရွိ က်ေနာ္တို႔ ရင္ဆိုင္ေနရတဲ့ ရာသီဥတု ေျပာင္းလဲမႈ အႏၲရာယ္ျမင့္မားမႈကို ေျဖရွင္းေဆာင္႐ြက္ ကိုင္တြယ္ရမွာျဖစ္ပါတယ္။”
ဒါ့အျပင္ သမၼတရာထူးသက္တမ္း ေလးႏွစ္ထမ္းေဆာင္မယ့္ ဘိုင္ဒန္အေနနဲ႔ ပထမ သီတင္းပတ္အတြင္းမွာ သမၼတ အထူးအာဏာအမိန႔္နဲ႔ လက္မွတ္ေရးထိုးျပဌာန္းခ်က္ေတြဟာ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ၂၀၃၅ ခုႏွစ္အေရာက္မွာ ကာဗြန္ညစ္ညမ္းမႈကင္းမဲ့တဲ့ စြမ္းအင္က႑ ရရွိေစမွာျဖစ္သလို၊ ၂၀၅၀ ျပည့္ႏွစ္အေရာက္မွာေတာ့ အေမရိကန္ႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းေတြက စြန႔္ပစ္တဲ့ ဖန္လုံအိမ္ ဓါတ္ေငြ႕GHG ထုတ္လႊင့္မႈကို လုံးဝဖယ္ရွားေပးမွာျဖစ္တယ္လို႔လည္း ဘိုင္ဒန္က ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဇန္န၀ါရီလ ၂၀ ရက္ေန႔က သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြအၿပီး အခ်ိန္ပိုင္းအတြင္းမွာပဲ ၂၀၁၆ ခုနွစ္ ႏိုင္ငံတကာဆိုင္ရာ ပဲရစ္ ရာသီဥတုေျပာင္းလဲမႈ သေဘာတူညီခ်က္မွာ အေမရိကန္ ျပန္ၿပီး ၀င္ေရာက္ဖို႔ သူရည္ရြယ္ထားေၾကာင္းလည္း ဘိုင္ဒန္က ေၾကညာခဲ့တာပါ။ သူ ့အစိုးရလက္ထက္မွာ အေမရိကန္ ရာသီဥတုဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ၂၀၀၄ ေရြးေကာက္ပြဲမွာ ရွဳံးနိမ္းခဲ့တဲ့ ဒီမိုကရက္ သမၼတေလာင္း ဂြ်န္ကယ္ရီကို ဂ်ဳိးဘိုင္ဒန္က ခန္႔အပ္ခဲ့ပါတယ္။
.................................................................
ဥတုရာသီပြောင်းလဲစေမှုတိုက်ဖျက်ရေးအမိန့်တွေ သမ္မတ Joe Biden လက်မှတ်ထိုး
(Unicode)
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မယ့် အဆင့်လိုက် အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်ပါတယ်။ သိပ္ပံနည်းပညာဆိုင်ရာ သိက္ခာသမာဓိရှိရှိ၊ သက်သေအထောက်အထား ခိုင်မာတဲ့ မူဝါဒချမှတ်မှုတွေအဖြစ် သူတို့ အစိုးရအနေနဲ့ပြန်လည် ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်မှာ မနေ့က ပြုလုပ်တဲ့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။
”မျှော်လင့်ချက်အပြည့်နဲ့ အခွင့်အလမ်းများစွာရှိနေတဲ့ အနာဂတ်ဖြစ်ဖို့ လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရာသီဥတု ပြောင်းလဲမှု အန္တရာယ်မြင့်မားမှုကို ဖြေရှင်းဆောင်ရွက် ကိုင်တွယ်ရမှာဖြစ်ပါတယ်။”
ဒါအပြင် သမ္မတရာထူးသက်တမ်း လေးနှစ်ထမ်းဆောင်မယ့် ဘိုင်ဒန်အနေနဲ့ ပထမ သီတင်းပတ်အတွင်းမှာ သမ္မတ အထူးအာဏာအမိန့်နဲ့ လက်မှတ်ရေးထိုးပြဌာန်းချက်တွေဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၃၅ ခုနှစ်အရောက်မှာ ကာဗွန်ညစ်ညမ်းမှုကင်းမဲ့တဲ့ စွမ်းအင်ကဏ္ဍ ရရှိစေမှာဖြစ်သလို၊ ၂၀၅၀ ပြည့်နှစ်အရောက်မှာတော့ အမေရိကန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့GHG ထုတ်လွှင့်မှုကို လုံးဝဖယ်ရှားပေးမှာဖြစ်တယ်လို့လည်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အချိန်ပိုင်းအတွင်းမှာပဲ ၂၀၁၆ ခုနှစ် နိုင်ငံတကာဆိုင်ရာ ပဲရစ် ရာသီဥတုပြောင်းလဲမှု သဘောတူညီချက်မှာ အမေရိကန် ပြန်ပြီး ဝင်ရောက်ဖို့ သူရည်ရွယ်ထားကြောင်းလည်း ဘိုင်ဒန်က ကြေညာခဲ့တာပါ။ သူ့အစိုးရလက်ထက်မှာ အမေရိကန် ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၄ ရွေးကောက်ပွဲမှာ ရှုံးနိမ်းခဲ့တဲ့ ဒီမိုကရက် သမ္မတလောင်း ဂျွန်ကယ်ရီကို ဂျိုးဘိုင်ဒန်က ခန့်အပ်ခဲ့ပါတယ်။