သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ႏ်ဴကလီးယား သေဘာတူညီခ်က္ အသက္ျပန္၀င္လာေရး လုပ္ေဆာင္မည္ (သမၼတ ဂ်ဳိး ဘိုင္ဒန္)


Munich လံုၿခံဳေရးဆိုင္ရာ ညီလာခံမွာ သမၼတဘိုင္ဒန္ ေျပာၾကား

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုဟာ အီရန္ႏ်ဴကလီးယား အေရး ၂၀၁၅ ႏိုင္ငံတကာ သေဘာတူညီခ်က္ျပန္အသက္ဝင္လာေရး အတြက္ ညွိႏႈိင္းမႈေတြ ျပန္လုပ္မွာ ျဖစ္ၿပီး အေရွ႕အလယ္ပိုင္းေဒသ မတည္မၿငိမ္ထပ္ျဖစ္လာေစမယ့္ အမွားမ်ိဳးကို ေရွာင္ဖို႔ဆႏၵရွိေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္က ေသာၾကာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ဒီအတြက္ မဟာဗ်ဴဟာဆိုင္ရာ နားလည္မႈလြဲတာေတြ ဒါမွမဟုတ္ မွားယြင္းမႈေတြ နည္းႏိုင္သမွ်နည္းေစဖို႔ ပြင့္လင္းျမင္သာမႈနဲ႔ အဆက္အသြယ္ေတြ လုပ္ဖို႔ လိုအပ္ေၾကာင္း အြန္လိုင္းက တဆင့္ေဆြးေႏြးတဲ့ Munich လံုၿခံဳေရးဆိုင္ရာ ညီလာခံမွာ သမၼတဘိုင္ဒန္က ေျပာပါတယ္။

အေမရိကန္ႏုိင္ငံက အီရန္ အေပၚ ခ်မွတ္ထားတဲ့ အေရးယူဒဏ္ခတ္မႈေတြကို ဖယ္ရွားေပးမယ္ ဆိုရင္ သူတို႔ဘက္က သေဘာတူညီခ်က္ ခ်ိဳးေဖာက္မႈေတြ မလုပ္ေတာ့ပဲ ျပန္ေျပာင္းလဲေပးမွာ ျဖစ္ေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Javad Zarif ေျပာၾကား လိုက္ၿပီး နာရီပိုင္းအတြင္းမွာပဲ အခုလို သမၼတဘိုင္ဒန္ရဲ႕ မွတ္ခ်က္ေပး ေျပာၾကားမႈ ထြက္လာတာပါ။

အီရန္ ႏိုင္ငံ ႏ်ဴကလီယားလက္နက္ ထုတ္မယ့္ အစီစဥ္ေတြ အားေပ်ာ့သြားၿပီး အထီးက်န္ျဖစ္ေအာင္ ရည္ရြယ္တဲ့ သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ့ အျမင့္ဆံုးဖိအားေပးမႈ မ်ိဳးမလုပ္ပဲ ၂၀၁၅ သေဘာတူညီခ်က္ ျပန္အသက္ဝင္လာေစဖို႔ ေဆြးေႏြးမႈေတြမွာ ပါဝင္ဖို႔ သမၼတဘိုင္ဒန္က လိုလားတာျဖစ္ပါတယ္။

ႏ်ဴကလီယားလက္နက္ဆိုင္ရာ မျပန္႔ပြားေရး လုပ္ေဆာင္ရာမွာ အမွားေတြ ေရွာင္ႏိုင္ဖို႔ သတိနဲ႔ေဆာင္ရြက္တဲ့ သံတမန္ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ လိုအပ္တာေၾကာင့္ ညွွိႏိႈင္းမႈေတြ ျပန္လုပ္ဖို႔ ျပင္ေနတာလို႔လည္း သမၼတဘိုင္ဒန္က ေျပာပါတယ္။

ၿဗိတိန္၊ တရုတ္၊ ျပင္သစ္၊ ဂ်ာမဏီ၊ ရုရွားနဲ႔ အေမရိကန္တို႔က ၂၀၁၅ ဇူလုိင္လ ထဲမွာ သမၼတေဟာင္း ဘားရက္အိုဘားမား ရဲ့ ညွိႏႈိင္းမႈနဲ႔ အီရန္နဲ႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။ စာခ်ဳပ္အရ အီရန္ဘက္က သူ႔ႏ်ဴကလီယား အစီစဥ္ေတြ သိသိသာသာ ေလွ်ာ့ခ်ေပးရမွာ ျဖစ္ၿပီး ဒီ့အတြက္ အျပန္အလွန္ အေနနဲ႔ စီးပြားေရး အကူညီေတြ ေပးဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အီရန်နျူကလီးယားသဘောတူညီချက် အသက်ပြန်ဝင်လာရေး လုပ်ဆောင်မည် (သမ္မတ ဂျိုး ဘိုင်ဒန်)
(Unicode)

အမေရိကန်ပြည်ထောင်စုဟာ အီရန်နျူကလီးယား အရေး ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်ပြန်အသက်ဝင်လာရေး အတွက် ညှိနှိုင်းမှုတွေ ပြန်လုပ်မှာ ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ထပ်ဖြစ်လာစေမယ့် အမှားမျိုးကို ရှောင်ဖို့ဆန္ဒရှိကြောင်း သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီအတွက် မဟာဗျူဟာဆိုင်ရာ နားလည်မှုလွဲတာတွေ ဒါမှမဟုတ် မှားယွင်းမှုတွေ နည်းနိုင်သမျှနည်းစေဖို့ ပွင့်လင်းမြင်သာမှုနဲ့ အဆက်အသွယ်တွေ လုပ်ဖို့ လိုအပ်ကြောင်း အွန်လိုင်းက တဆင့်ဆွေးနွေးတဲ့ Munich လုံခြုံရေးဆိုင်ရာ ညီလာခံမှာ သမ္မတဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်နိုင်ငံက အီရန် အပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးမယ် ဆိုရင် သူတို့ဘက်က သဘောတူညီချက် ချိုးဖောက်မှုတွေ မလုပ်တော့ပဲ ပြန်ပြောင်းလဲပေးမှာ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif ပြောကြား လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို သမ္မတဘိုင်ဒန်ရဲ့ မှတ်ချက်ပေး ပြောကြားမှု ထွက်လာတာပါ။

အီရန် နိုင်ငံ နျူကလီယားလက်နက် ထုတ်မယ့် အစီစဉ်တွေ အားပျော့သွားပြီး အထီးကျန်ဖြစ်အောင် ရည်ရွယ်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အမြင့်ဆုံးဖိအားပေးမှု မျိုးမလုပ်ပဲ ၂၀၁၅ သဘောတူညီချက် ပြန်အသက်ဝင်လာစေဖို့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ သမ္မတဘိုင်ဒန်က လိုလားတာဖြစ်ပါတယ်။

နျူကလီယားလက်နက်ဆိုင်ရာ မပြန့်ပွားရေး လုပ်ဆောင်ရာမှာ အမှားတွေ ရှောင်နိုင်ဖို့ သတိနဲ့ဆောင်ရွက်တဲ့ သံတမန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တာကြောင့် ညှိနှိုင်းမှုတွေ ပြန်လုပ်ဖို့ ပြင်နေတာလို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှားနဲ့ အမေရိကန်တို့က ၂၀၁၅ ဇူလိုင်လ ထဲမှာ သမ္မတဟောင်း ဘားရက်အိုဘားမား ရဲ့ ညှိနှိုင်းမှုနဲ့ အီရန်နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာပါ။ စာချုပ်အရ အီရန်ဘက်က သူ့နျူကလီယား အစီစဉ်တွေ သိသိသာသာ လျှော့ချပေးရမှာ ဖြစ်ပြီး ဒီ့အတွက် အပြန်အလှန် အနေနဲ့ စီးပွားရေး အကူညီတွေ ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG