သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတကာနဲ႔ရထားတဲ့ ႏ်ဴကလီးယား သေဘာတူညီခ်က္ ေျပာင္းလဲမႈလုပ္တာကုိ လက္ခံမည္မဟုတ္ (အီရန္ႏုိင္ငံျခားေရးဌာန)


အီရန္ရွိ ႏ်ဴကလီးယားစက္႐ုံတခု အတြင္းပုိင္ျမင္ကြင္း။ (ေအာက္တုိိဘာ ၂၆၊ ၂၀၁၀)

(Zawgyi / Unicode)

အီရန္နဲ႔ ကမာၻ႔အင္အားႀကီးႏုိင္ငံေတြၾကား ခ်ဳပ္ဆိုထားတဲ့ အီရန္ရဲ႕ ႏ်ဴကလီးယားအေရး သေဘာတူညီခ်က္အတြက္ ေနာက္ထပ္ ညႇိႏႈိင္းမႈအသစ္ေတြ၊ ပါဝင္သူအေျပာင္းအလဲ လုပ္တာေတြကို လက္ခံမွာမဟုတ္ေၾကာင္း အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာဆိုလုိက္ပါတယ္။

ေနာက္ထပ္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္မယ္ဆိုရင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံပါ ပါဝင္သင့္တယ္လို႔ ျပင္သစ္သမၼတ Emmanuel Macron က ေသာၾကာေန႔က ေျပာၾကားခဲ့တဲ့ေနာက္ အခုလုိ အီရန္ဘက္က ေျပာၾကားလိုက္တာပါ။

ဒီ ႏ်ဴကလီးယား သေဘာတူညီခ်က္ဟာ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ဆံုးျဖတ္ခ်က္အမွတ္ ၂၂၃၁ နဲ႔ အတည္ျပဳေပးထားတဲ့ ႏိုင္ငံတကာ သေဘာတူညီခ်က္တခုျဖစ္ၿပီး ပါဝင္သူျဖစ္ေစ ညႇိႏႈိင္းမႈအသစ္ျဖစ္ေစ ထပ္ၿပီး မလုပ္ေဆာင္ရဘူးဆိုတာ ရွင္းေနသလို ဒါဟာ အေျပာင္းအလဲ လုပ္လိို႔မရေၾကာင္း အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Saeed Khatibzadeh ရဲ႕ ေျပာၾကားခ်က္ကို ႏိုင္ငံပိုင္သတင္းမွာ ေဖာ္ျပထားတာပါ။

၂၀၁၈ မွာ သမၼတျဖစ္တဲ့ Donald Trump က ဒီသေဘာတူညီခ်က္ကေန ႏုတ္ထြက္ခဲ့ၿပီး အီရန္အေပၚ စီးပြားေရးဒဏ္ခတ္မႈေတြ ျပန္ခ်မွတ္ခဲ့တဲ့ေနာက္ပိုင္း အီရန္က သေဘာတူညီခ်က္ပါ ယူေရနီယံ သန္႔စင္မႈပမာဏ သတ္မွတ္ခ်က္ကို စၿပီး ခ်ိဳးေဖာက္ခဲ့တာ ျဖစ္ပါတယ္။

သမၼတသစ္ Joe Biden အစိုးရက ဒီသေဘာတူညီခ်က္မွာ အေမရိကန္ ျပန္ပါဝင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ေပမယ့္ အီရန္ဘက္က သတ္မွတ္ခ်က္ေတြအတိုင္း အျပည့္အဝျပန္လုပ္မွ ျပန္ပါဝင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ေဆာ္ဒီအာေရဗ်နဲ႔ အာရပ္ေစာ္ဘြားမ်ားသမၼတႏိုင္ငံ (UAE) တို႔ကလည္း အီရန္အေရး ဘယ္လို ေဆြးေႏြးမႈမွာျဖစ္ျဖစ္ ပင္လယ္ေကြ႔ေဒသ အာရပ္ႏိုင္ငံေတြပါ ပါဝင္သင့္ေၾကာင္းနဲ႔ အီရန္ရဲ႕ ပဲ့ထိန္းတပ္ဒံုးက်ည္ အစီအစဥ္ေတြအတြက္ပါ ေျပာၾကားသင့္တယ္လို႔ ေျပာပါတယ္။

----------------------

(Unicode)

နိုင်ငံတကာနဲ့ရထားတဲ့ နျူကလီးယား သဘောတူညီချက် ပြောင်းလဲမှုလုပ်တာကို လက်ခံမည်မဟုတ် (အီရန်နိုင်ငံခြားရေးဌာန)

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ အီရန်ရဲ့ နျူကလီးယားအရေး သဘောတူညီချက်အတွက် နောက်ထပ် ညှိနှိုင်းမှုအသစ်တွေ၊ ပါဝင်သူအပြောင်းအလဲ လုပ်တာတွေကို လက်ခံမှာမဟုတ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံပါ ပါဝင်သင့်တယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က သောကြာနေ့က ပြောကြားခဲ့တဲ့နောက် အခုလို အီရန်ဘက်က ပြောကြားလိုက်တာပါ။

ဒီ နျူကလီးယား သဘောတူညီချက်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ နဲ့ အတည်ပြုပေးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တခုဖြစ်ပြီး ပါဝင်သူဖြစ်စေ ညှိနှိုင်းမှုအသစ်ဖြစ်စေ ထပ်ပြီး မလုပ်ဆောင်ရဘူးဆိုတာ ရှင်းနေသလို ဒါဟာ အပြောင်းအလဲ လုပ်လို့မရကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Saeed Khatibzadeh ရဲ့ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားတာပါ။

၂၀၁၈ မှာ သမ္မတဖြစ်တဲ့ Donald Trump က ဒီသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် စီးပွားရေးဒဏ်ခတ်မှုတွေ ပြန်ချမှတ်ခဲ့တဲ့နောက်ပိုင်း အီရန်က သဘောတူညီချက်ပါ ယူရေနီယံ သန့်စင်မှုပမာဏ သတ်မှတ်ချက်ကို စပြီး ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတသစ် Joe Biden အစိုးရက ဒီသဘောတူညီချက်မှာ အမေရိကန် ပြန်ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် အီရန်ဘက်က သတ်မှတ်ချက်တွေအတိုင်း အပြည့်အဝပြန်လုပ်မှ ပြန်ပါဝင်မှာဖြစ်ကြောင်း ပြောပါတယ်။

ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများသမ္မတနိုင်ငံ (UAE) တို့ကလည်း အီရန်အရေး ဘယ်လို ဆွေးနွေးမှုမှာဖြစ်ဖြစ် ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေပါ ပါဝင်သင့်ကြောင်းနဲ့ အီရန်ရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေအတွက်ပါ ပြောကြားသင့်တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG