သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ႏုိင္ငံျခားေရးဝန္ႀကီး IAEA အႀကီးအကဲႏွင့္ ေတ႔ြဆံု


အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Javad Zarif (ဘယ္) နဲ႔အဖြဲ႔ IAEA အႀကီးအကဲႏွင့္ တီဟီရန္ၿမဳိ႔မွာေတြ႔ဆုံစဥ္။ (February 21, 2021)

[ Zawgyi ]

အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Javad Zarif က IAEA ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ေအဂ်င္စီ အႀကီးအကဲ Rafael Grossi ကို Tehran ၿမဳိ႕မွာ တနဂၤေႏြေန႔က ေတြ႔ဆုံခဲ့ပါတယ္။ အီရန္အေနနဲ႔ ႏ်ဴကလီးယားလက္နက္ ထုတ္ဖို႔ ႀကဳိးပမ္းေနတာမ်ဳိး မရွိေၾကာင္း ႐ုိက္တာသတင္းဌာနက ေမးျမန္းစဥ္မွာ Zarif က ေျဖၾကားသြားပါတယ္။

“IAEA ညႊန္ၾကားေရးမွဴးခ်ဳပ္ Mr. Grossi ကို အီရန္လာဖို႔ ဖိတ္ေခၚခဲ့တာေၾကာင့္ ေခ်ာေမြ႔တဲ့ အသြင္ကူးေျပာင္းေရးကို က်ေနာ္တို႔ လုပ္ႏိုင္ပါလိမ့္မယ္။ က်ေနာ္တို႔ ဘာမွ ဖုံးကြယ္ထားတာ မရွိပါဘူး။ အီရန္အေနနဲ႔ ႏ်ဴကလီးယားလက္နက္ ထုတ္ဖို႔ ႀကဳိးပမ္းေနတာလည္း မရွိပါဘူး။ ဒီဆုံးျဖတ္ခ်က္က ခိုင္လုံတဲ့ ပထဝီႏိုင္ငံေရး အခ်က္အလက္ေတြ၊ ဘာသာေရးနဲ႔ က်င့္ဝတ္ပိုင္းဆုိင္ရာ အခ်က္ေတြေပၚ အေျခခံၿပီး ျဖစ္ေပၚလာတာပါ” လို႔ ဝန္ႀကီး Zarif က ေျပာသြားပါတယ္။

၂၀၁၅ အီရန္ ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္လို႔ အဓိက အင္အားႀကီးႏိုင္ငံေတြနဲ႔ ျပန္ၿပီး စစ္ေဆြဖုိ႔ဆိုရင္ အေမရိကန္အေနနဲ႔ အီရန္ေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို အရင္ဆုံး ႐ုပ္သိမ္းေပးရလိမ့္မယ္လို႔ Javad Zarif က အေစာပိုင္းမွာ ေျပာထားခဲ့တာပါ။

အီရန္က ႏ်ဴကလီးယားလက္နက္ မထုတ္လုပ္ႏိုင္ေအာင္ ႏုိင္ငံတကာက ဝိုင္းဝန္း ပိတ္ဆို႔အေရးယူထားတာ အမ်ားစုကုိ ျပန္႐ုပ္သိမ္းေပးမယ့္ တခ်ိန္တည္းမွာပဲ အေမရိကန္က အီရန္နဲ႔ေဆြးေႏြးဖို႔ အဆင္သင့္ရွိေနေၾကာင္း သမၼတ Joe Biden အစိုးရက ၿပီးခဲ့တဲ့အပတ္ထဲ ေျပာခဲ့ပါတယ္။ အီရန္ကေတာ့ သမၼတေဟာင္း Donald Trump လက္ထက္ အီရန္ေပၚ ခ်မွတ္ထားတဲ့ အေမရိကန္ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြကို ေဖေဖာ္ဝါရီ ၂၃ ရက္ ေနာက္ဆုံးထားၿပီး Joe Biden အစိုးရက ျပန္႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုထားပါတယ္။

အီရန္ႏ်ဴကလီးယားနဲ႔ပတ္သက္ၿပီး လိုအပ္တဲ့ စစ္ေဆးအတည္ျပဳခ်က္ေတြ လုပ္ေဆာင္ႏိုင္ဖို႔ IAEA အႀကီးအကဲ Rafael Grossi ကုိ ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

[ Unicode ]

အီရန်နိုင်ငံခြားရေးဝန်ကြီး IAEA အကြီးအကဲနှင့် တေ့ွဆုံ

အီရန်နိုင်ငံခြားရေးဝန်ကြီး Javad Zarif က IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ Rafael Grossi ကို Tehran မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်ဖို့ ကြိုးပမ်းနေတာမျိုး မရှိကြောင်း ရိုက်တာသတင်းဌာနက မေးမြန်းစဉ်မှာ Zarif က ဖြေကြားသွားပါတယ်။

“IAEA ညွှန်ကြားရေးမှူးချုပ် Mr. Grossi ကို အီရန်လာဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးကို ကျနော်တို့ လုပ်နိုင်ပါလိမ့်မယ်။ ကျနော်တို့ ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး။ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်ဖို့ ကြိုးပမ်းနေတာလည်း မရှိပါဘူး။ ဒီဆုံးဖြတ်ချက်က ခိုင်လုံတဲ့ ပထဝီနိုင်ငံရေး အချက်အလက်တွေ၊ ဘာသာရေးနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တွေပေါ် အခြေခံပြီး ဖြစ်ပေါ်လာတာပါ” လို့ ဝန်ကြီး Zarif က ပြောသွားပါတယ်။

၂၀၁၅ အီရန် နျူကလီးယား သဘောတူစာချုပ်နဲ့ ပတ်သက်လို့ အဓိက အင်အားကြီးနိုင်ငံတွေနဲ့ ပြန်ပြီး စစ်ဆွေးဖို့ဆိုရင် အမေရိကန်အနေနဲ့ အီရန်ပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရင်ဆုံး ရုပ်သိမ်းပေးရလိမ့်မယ်လို့ Javad Zarif က အစောပိုင်းမှာ ပြောထားခဲ့တာပါ။

အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်နိုင်အောင် နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့အရေးယူထားတာ အများစုကို ပြန်ရုပ်သိမ်းပေးမယ့် တချိန်တည်းမှာပဲ အမေရိကန်က အီရန်နဲ့ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း သမ္မတ Joe Biden အစိုးရက ပြီးခဲ့တဲ့အပတ်ထဲ ပြောခဲ့ပါတယ်။ အီရန်ကတော့ သမ္မတဟောင်း Donald Trump လက်ထက် အီရန်ပေါ် ချမှတ်ထားတဲ့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖေဖော်ဝါရီ ၂၃ ရက် နောက်ဆုံးထားပြီး Joe Biden အစိုးရက ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

အီရန်နျူကလီးယားနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးအတည်ပြုချက်တွေ လုပ်ဆောင်နိုင်ဖို့ IAEA အကြီးအကဲ Rafael Grossi ကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG