သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် နိုင်ငံခြားရေး မူဝါဒမိန့်ခွန်း ပြောဖို့ရှိ


အမေရိကန်သမ္မတ Joe Biden။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)
အမေရိကန်သမ္မတ Joe Biden။ (ဖေဖော်ဝါရီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

သမ္မတ Joe Biden ဒီကနေ့ ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားရောက်ပြီး ပထမဆုံး အကြိမ်အဖြစ် အရေးပါတဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ အမေရိကန်ရဲ့ ပြိုင်ဖက်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီယား၊ ရုရှားနဲ့ အီရန် နိုင်ငံဆိုင်ရာမူဝါဒတွေကို အသေးစိတ် ပြောကြားဖို့ မရှိပေမဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ သမ္မတ Biden က သူ့ရဲ့ အမြင်သဘောထားကို ပြောကြားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

သမ္မတ Biden အနေနဲ့ ချဉ်းကပ်မှု ပုံစံ အသေးစိတ်ကို ချပြမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price တို့ကလည်း ပြောထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကိစ္စ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သမ္မတ Biden က ယူဆကြောင်း ပြောခွင့်ရ Jen Psaki က ပြောပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကတော့ အမေရိကန် မူဝါဒ ပြောင်းလဲမှာ မဟုတ်ကြောင်းနဲ့ အမေရိကန်ရဲ့ မူဝါဒကို တရုတ် တနိုင်ငံတည်းဆိုတဲ့ မူဝါဒနဲ့ အညီ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း နိုင်ငံခြားရေး ဝန်ကြီး Anthony Blinken က VOA ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အမေရိကန် - တရုတ် ဆက်ဆံရေးဟာ ရှေ့လျှောက်သွားမယ့် ကမ္ဘာကြီးအတွက် အရေးအကြီးဆုံး ဆက်ဆံရေး ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ strategic patience လို့ခေါ်တဲ့ မဟာဗျူဟာကျ စိတ်ရှည်သည်းခံမှုဆိုတဲ့ မူဝါဒကို အမေရိကန်နိုင်ငံက ကျင့်သုံးလာနေတယ်လို့ တာဝန်ရှိသူတွေ ပြောကြားနေချိန်မှာ သမ္မတ Biden က တရုတ်ဆိုင်ရာ မူဝါဒကို ဒီကနေ့ ပြောကြားမှာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန် နိုင်ငံခြားရေး မူဝါဒမိန့်ခွန်း ပြောဖို့ရှိ
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG