သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ာမဏီက တပ္ရုပ္သိမ္းေရး Trump ဆံုးျဖတ္ခ်က္ Biden အစိုးရ ျပန္ျပင္ဖြယ္ရွိ


ကာကြယ္ေရး၀န္ၾကီးသစ္ Lloyd Austin

(Zawgyi/Unicode)

အေမရိကန္တပ္ေတြ ဂ်ာမဏီႏိုင္ငံမွာ ခ်ထားတာကို သူ႔အေနနဲ႔ တန္ဖိုးထားေၾကာင္း အေမရိကန္ကာကြယ္ေရး ဝန္ႀကီးသစ္ Lloyd Austin က ဗုဒၶဟူးေန႔မွာ ေျပာၾကားလုိက္တာေၾကာင့္ ဒါဟာ အရင္ ထရမ့္အစိုးရအဖြဲ႔ ဂ်ာမဏီကေန အေမရိကန္တပ္ေတြ ျပန္ရုပ္သိမ္းဖို႔ ဆံုးျဖတ္ခ်က္ကို ျပန္ေျပာင္းလဲႏိုင္ေၾကာင္း ခန္႔မွန္း ေျပာဆိုမႈေတြ ရွိလာေစပါတယ္။

ဝန္ႀကီး Austin က ဂ်ာမဏီကာကြယ္ေရးဝန္ႀကီး Annegret Kramp-Karrenbauer ကို တယ္လီဖုန္းနဲ ့ ဆက္ၿပီး မိတ္ဆက္ စကားေျပာၾကားရာမွာ အခုလုိ ေျပာခဲ့တာပါ။ ဒီလို ဆက္သြယ္ေျပာၾကားခ်က္ကို ကာကြယ္ေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုဒ္မွာေဖၚျပထားရာမွာ အေမရိကန္တပ္ေတြ ဂ်ာမဏီမွာ ဆက္ျပီးလက္ခံထားတာ အတြက္ ဂ်ာမဏီကို ေက်းဇူးတင္ေၾကာင္းနဲ႔ ဂ်ာမဏီမွာ အေမရိကန္တပ္ ထားရွိတဲ့ အေနထား နဲ႔ပတ္သက္ၿပီး ဆက္လက္ ေဆြးေႏြးလိုေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္တုန္းက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ဂ်ာမဏီမွာ ခ်ထားတဲ့ အေမရိကန္ တပ္သား ေတြထဲက ၂၅ % ေက်ာ္ ေလာက္ ေလ ွ်ာ့ခ်ဖုိ႔ အမိန္႔ေပးခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ဂ်ာမဏီတိ္ု႔ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈမွာ အေရးႀကီးတဲ့ အစိတ္အပိုင္း အေနနဲ႔ အေမရိကန္တပ္ေတြဂ်ာမဏီမွာ ထားရွိဖို႔ အေမရိကန္က ဆက္စဥ္းစားမွာ ျဖစ္ေၾကာင္း ဝန္ႀကီး Austin က AP သတင္းဌာနကို ေျပာၾကားခဲ့တာပါ။ လက္ရွိမွာ အေမရိကန္တပ္သား ၃ ေသာင္းခြဲေလာက္ ဂ်ာမဏီမွာ ရွိေနပါတယ္။

............................................................

တိုက္႐ိုက္ လင့္ခ္


ဂျာမဏီက တပ်ရုပ်သိမ်းရေး Trump ဆုံးဖြတ်ချက် Biden အစိုးရ ပြန်ပြင်ဖွယ်ရှိ

(Unicode)

အမေရိကန်တပ်တွေ ဂျာမဏီနိုင်ငံမှာ ချထားတာကို သူ့အနေနဲ့ တန်ဖိုးထားကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ် Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တာကြောင့် ဒါဟာ အရင် ထရမ့်အစိုးရအဖွဲ့ ဂျာမဏီကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းလဲနိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုတွေ ရှိလာစေပါတယ်။

ဝန်ကြီး Austin က ဂျာမဏီကာကွယ်ရေးဝန်ကြီး Annegret Kramp-Karrenbauer ကို တယ်လီဖုန်းနဲ့ ဆက်ပြီး မိတ်ဆက် စကားပြောကြားရာမှာ အခုလို ပြောခဲ့တာပါ။ ဒီလို ဆက်သွယ်ပြောကြားချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာဖေါ်ပြထားရာမှာ အမေရိကန်တပ်တွေ ဂျာမဏီမှာ ဆက်ပြီးလက်ခံထားတာ အတွက် ဂျာမဏီကို ကျေးဇူးတင်ကြောင်းနဲ့ ဂျာမဏီမှာ အမေရိကန်တပ် ထားရှိတဲ့ အနေထား နဲ့ပတ်သက်ပြီး ဆက်လက် ဆွေးနွေးလိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဂျာမဏီမှာ ချထားတဲ့ အမေရိကန် တပ်သား တွေထဲက ၂၅ % ကျော် လောက် လေ ျှာ့ချဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျာမဏီတို့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်း အနေနဲ့ အမေရိကန်တပ်တွေဂျာမဏီမှာ ထားရှိဖို့ အမေရိကန်က ဆက်စဉ်းစားမှာ ဖြစ်ကြောင်း ဝန်ကြီး Austin က AP သတင်းဌာနကို ပြောကြားခဲ့တာပါ။ လက်ရှိမှာ အမေရိကန်တပ်သား ၃ သောင်းခွဲလောက် ဂျာမဏီမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG