သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နဲ့ သဘောတူညီမှု ပိုမိုရရှိလာဖို့ ဂျာမဏီဝန်ကြီးချုပ်မျှော်လင့်


(Zawgyi/Unicode)

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်မှာ အရင် အမေရိကန်အစိုးရအဖွဲ့ထက် ပိုပြီး သဘောတူညီမှု အခွင့်အလန်းတွေ ပိုရလာနိုင်မှာ ဖြစ်ပေမယ့် ဂျာမဏီနဲ့ ဥရောပနိုင်ငံတွေ အနေနဲ့ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှု အပေါ် အရင်ကလောက် အားမထားနိုင်တော့ဘူးလို့ သူယုံကြည်ကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel က ဘာလင်မှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတဘိုင်ဒန် ဗုဒ္ဓဟူးနေ့ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ထုတ်ပြန်တဲ့ သမ္မတအမိန့်တွေကို ကြည့်ရင် ဘိုင်ဒန်နဲ့ လက်တွဲလုပ်ဆောင်နိုင်တာတွေ အများကြီးတွေရတယ်လို့ ပြောပါတယ်။

သမ္မတသစ်ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ရင် WHO မှာ အမေရိကန်ဆက်ရှိနေဖို့နဲ့ ပါရီ ဥတုရာသီဆိုင်ရာ သဘောတူညီချက်မှာ ပြန်ပါဖို့အပြင် ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာလို အရေးတွေမှာ အမေရိကန်နဲ့ ဂျာမဏီတို့ လက်တွဲဆောင်ရွက်နိုင်ကြောင်း တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုင်ရာ အားလုံးကိုတော့ အပြည့်အဝ သဘောတူနိုင်ဖို့ သူမျှော်လင့် မထားကြောင်းလည်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ အရင်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တုန်းက ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တဲ့ ဂျာမဏီ ဝန်ကြီးချုပ် Merkel က ဂျာမဏီနဲ့ ဥရောပအနေနဲ့ အမေရိကန်အပေါ်မှာ သံတမန်ရေးအရရော စစ်ရေးအရပါ သိပ်အားထားလို့ မရနိုင်တာကို အဲဒီတုန်းက သိခဲ့ရသလို ခုလည်း ဒီအတိုင်းလက်ခံထားကြောင်း ပြောပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဂျာမဏီကရော ဥရောပသမဂ္ဂတို့ကပါ အသင့်ဖြစ်နေပြီဖြစ်ပြီး နောင်မှာ ခံယူချက်တူတာတွေကိုပဲ ပြန်ပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


........................................................................

(Unicode)

သမ်မတ Biden နဲ့ သဘောတူညီမှု ပိုမိုရရှိလာဖို့ ဂြာမဏီဝနျကွီးခြုပျမြှောျလင့ျ





XS
SM
MD
LG