သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာ အာဏာရပါတီရဲ့ ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်


ခရစ်ယန်ဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင်သစ် Armin Laschet. (ဇန်နဝါရီ ၁၆၊ ၂၀၂၁)
ခရစ်ယန်ဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင်သစ် Armin Laschet. (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျာမနီနိုင်ငံမှာ ဝန်ကြီးချုပ် Angela Merkel ဦးဆောင်တဲ့ ခရစ်ယန်ဒီမိုကရက်တစ်ပါတီ (CDU) ရဲ့ ခေါင်းဆောင်သစ်အဖြစ် Armin Laschet ကို စနေနေ့မှာ ရွေးချယ်လိုက်ကြပါတယ်။

ဝန်ကြီးချုပ် Merkel နေရာကို ဆက်ခံမယ့် အလယ်လတ်ဝါဒီ Armin Laschet က လာမယ့် ရွေးကောက်ပွဲမှာလည်း သူတို့ပါတီ အနိုင်ရအောင် သူကြိုးစားမယ့်အကြောင်း သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ဒီရာထူးအတွက် ယူရမယ့် တာဝန်တွေကို သူနားလည်ကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်း ကျင်းပတော့မယ့် ဒေသတွင်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့နဲ့ လာမယ့်အထွေထွေရွေးကောက်ပွဲမှာပါ သေချာအနိုင်ရပြီး ဂျာမနီဝန်ကြီးချုပ် ဖြစ်လာအောင် ကြိုးစားမှာဖြစ်ကြောင်း” ဂျာမန်ဘာသာနဲ့ ပြောသွားတာပါ။

ဒါ့အပြင် အနောက်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့အတူ ပြန့်နေတဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်ကြဖို့ ဒီမိုကရက် အင်အားစုတွေကို တိုက်တွန်းခဲ့ပါတယ်။

ဥရောပဒေသရဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ Angela Merkel ဟာ သူ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ဂျာမန်ပြည်သူတွေရဲ့ သဘောကျလက်ခံမှုကို ပုံမှန်ရခဲ့တာဖြစ်ပြီး နောက်တကြိမ် သူပြန်အရွေးမခံတော့ဘူးလို့ ကြေညာခဲ့တာပါ။

သူဟာ CDU ပါတီခေါင်းဆောင်အဖြစ်ကနေ ၂၀၁၈ ခုနှစ်ကတည်းက နုတ်ထွက်ခဲ့တာဖြစ်ပေမယ့် သူ့နေရာကို ဆက်ခံမယ့်သူကို မရွေးနိုင်ဘဲ ဖြစ်နေရာက အခုမှ Laschet ကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG