သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဖမ္းဆီးတဲ့ ႏိုင္က်ဥ္း ၇၀၀ နီးပါးရွိလာ


ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕ဆႏၵျပပဲြမွာ ဆႏၵျပသူ တဦးကို ဖမ္းဆီးေနတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီးမႈေတြ ဆက္တိုက္လိုရွိေနတဲ့အတြက္ ႏိုင္ငံေရးအက်ဥ္းသားအေရအတြက္ ပိုမ်ားလာမွာကို လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔ ကၽြမ္းက်င္သူေတြက စိုးရိမ္ေနၾကပါတယ္။

အဂၤါေန႔အထိဆိုရင္ သံဃာေတာ္ေတြ၊ စာေရးဆရာေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ႏုိင္ငံေရးသမားေတြအပါအဝင္ ဖမ္းဆီးခံထားရသူေပါင္း ၇၀၀ နီးပါးရွိေနၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) ကေျပာပါတယ္။

သမၼတဦးသိန္းစိန္ အစိုးရလက္ထက္နဲ႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အစိုးရလက္ထက္က အက်ဥ္းခ်ခံထားရတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြအျပင္ အခုေနာက္ထပ္ ရာနဲ႔ခ်ီၿပီး တိုးလာတာပါ။

"ေနာက္ထပ္ ႏိုင္ငံေရးအက်ဥ္းသားေတြ တိုးလာတာကိုသာမက ႏုိင္ငံေရးအက်ဥ္းသားေဟာင္းေတြကို ပစ္မွတ္ထားလာတာကိုပါ ေတြ႔ေနရပါတယ္။" လို႔ နယူးေယာက္အေျခစိုက္၊ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ (HRW) က ျမန္မာသုေတသီ မန္နီေမာင္က ေအပီသတင္းဌာနကို ေျပာပါတယ္။

NLD ပါတီ ဦးေဆာင္တဲ့ အစိုးရလက္ထက္မွာ သတင္းေထာက္ေတြ၊ စစ္တပ္နဲ႔ အစိုးရကိုေဝဖန္သူေတြနဲ႔ တျခားလူေတြကို ကိုလိုနီလက္ထက္ကတည္းက ျပဌာန္းခဲ့တဲ့ ဥပေဒေတြနဲ႔ တရားစြဲ ေထာင္ခ်တာေတြရွိခဲ့ပါတယ္။

ဇန္နဝါရီလ ၃၁ ရက္ေန႔အထိဆိုရင္ ႏုိင္ငံေရးအက်ဥ္းသားေပါင္း ၇၀၀ ေက်ာ္ရွိၿပီး အမ်ားအျပားဟာ NLD အစိုးရလက္ထက္မွာ အက်ဥ္းခ်ခံရတာျဖစ္တယ္လို႔ AAPP ကေျပာပါတယ္။

ညဥ့္နက္သန္းေခါင္မွာ အရပ္ဝတ္ေတြနဲ႔ ဝင္ဖမ္းတာအပါအဝင္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပသူေတြကို စစ္ေကာင္စီက ဆက္ၿပီးႏွိမ္နင္းေနတာနဲ႔အမ ွ် အဖမ္းမခံရဖို႔အတြက္ ပုန္းေရွာင္ေနရတယ္လုိ႔ ထင္ရွားတဲ့ ဒီမိုကေရစီေရးလႈပ္ရွားသူေတြက ေအပီသတင္းဌာနကို ေျပာပါတယ္။

ဖမ္းခံထားရသူေတြအေနနဲ႔ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မရသလို သူတို႔ကို ဘယ္မွာထိ္န္းသိမ္းထားတယ္ဆိုတာလည္း မသိရပါဘူး။

"အက်ဥ္းသားေတြရဲ႕ အေျခအေနနဲ႔ပတ္သက္လို႔ တကယ့္ကို စိုးရိမ္မိပါတယ္။ ဆိုးဆိုးရြားရြား ျပဳမူခံရတာအျပင္ ႏွိပ္စက္ညွဥ္းပန္းတာမ်ဳိးအထိ အရင္ကလည္း ျဖစ္ခဲ့ဖူးတာေၾကာင့္ အဆိုးဆံုးကို ေမ ွ်ာ္လင့္ထားပါတယ္။" လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔က သုေတသီ မန္နီေမာင္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လိုရှိနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာမှာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

အင်္ဂါနေ့အထိဆိုရင် သံဃာတော်တွေ၊ စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေအပါအဝင် ဖမ်းဆီးခံထားရသူပေါင်း ၇၀၀ နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခုနောက်ထပ် ရာနဲ့ချီပြီး တိုးလာတာပါ။

"နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ တိုးလာတာကိုသာမက နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပစ်မှတ်ထားလာတာကိုပါ တွေ့နေရပါတယ်။" လို့ နယူးယောက်အခြေစိုက်၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က မြန်မာသုတေသီ မန်နီမောင်က အေပီသတင်းဌာနကို ပြောပါတယ်။

NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ သတင်းထောက်တွေ၊ စစ်တပ်နဲ့ အစိုးရကိုဝေဖန်သူတွေနဲ့ တခြားလူတွေကို ကိုလိုနီလက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေတွေနဲ့ တရားစွဲ ထောင်ချတာတွေရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့အထိဆိုရင် နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀ ကျော်ရှိပြီး အများအပြားဟာ NLD အစိုးရလက်ထက်မှာ အကျဉ်းချခံရတာဖြစ်တယ်လို့ AAPP ကပြောပါတယ်။

ညဉ့်နက်သန်းခေါင်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာအပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီက ဆက်ပြီးနှိမ်နင်းနေတာနဲ့အမ ျှ အဖမ်းမခံရဖို့အတွက် ပုန်းရှောင်နေရတယ်လို့ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက အေပီသတင်းဌာနကို ပြောပါတယ်။

ဖမ်းခံထားရသူတွေအနေနဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသလို သူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရပါဘူး။

"အကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ တကယ့်ကို စိုးရိမ်မိပါတယ်။ ဆိုးဆိုးရွားရွား ပြုမူခံရတာအပြင် နှိပ်စက်ညှဉ်းပန်းတာမျိုးအထိ အရင်ကလည်း ဖြစ်ခဲ့ဖူးတာကြောင့် အဆိုးဆုံးကို မေ ျှာ်လင့်ထားပါတယ်။" လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က သုတေသီ မန်နီမောင်ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG