[Zawgyi/Unicode]
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ဟာ ထုိင္းႏို္င္ငံကိုလာေရာက္ျပီး ထုိင္းဝန္ႀကီးခ်ဳပ္နဲ႔ ေဖေဖၚ၀ါရီလ ၂၄ ရက္ေန႔ မွာ လာေရာက္ေတြ ့ဆံုခဲ့တဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာပါ။
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက တာ၀န္ရွိသူ တဦးျဖစ္တဲ့ ဦး၀ဏၰေမာင္လြင္ဟာ ဒီကေန႔ ေန႔လယ္ပိုင္းက ထိုင္းနိုင္ငံ ဘန္ေကာက္ ဒြန္ေမာင္း ေလဆိပ္ အမွတ္(၆) ေလတပ္စခန္းကို ေရာက္ရွိလာျပီး ေန႔လယ္ပိုင္းမွာ ထိုင္းဝန္ၾကီးခ်ဳပ္ ပရာရြတ္ က်န္အိုခ်ာနဲ႔ ေတြ႔ဆံုျပီး လက္ရွိျမန္မာနိုင္ငံအတြင္းမွာ ျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနကို ရွင္းျပေဆြးေႏြးခဲ့ေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကတာပါ။
တနာရီခန္႔ ေဆြးေႏြးပဲြအျပီး သတင္းေထာက္ေတြရဲ႕ အေမးကို ထိုင္း၀န္ၾကီးခ်ဳပ္က အခုလို ေျပာဆုိသြားပါတယ္။
"က်ေနာ္တို႔အေနနဲ႔ကေတာ့ အာဆီယံနိုင္ငံေတြ ပူးေပါင္း လုပ္ေဆာင္မႈ မူအရေတာ့ လက္ရွိျမန္မာနိုင္ငံတြင္းမွာ ျဖစ္ပြားေနတဲ့ အေျခအေနေတြကို လက္ခံ နားေထာင္ခဲ့ပါတယ္။ အာဆီယံနိုင္ငံေတြရဲ႕ အက်ိဳးတူ ပူးေပါင္းလုပ္ေဆာင္ေရးမႈ မူအရ အတတ္နိုင္ဆံုး ႏိုင္ငံေရးျပႆနာေတြကုိ ျပန္လည္ေအာင္ေျဖရွင္းႏိုင္ေအာင္ကူညီရမွာ ျဖစ္ပါတယ္။" ဆိုျပီးထုိင္းဘာသာနဲ႔ေျပာသြားတာပါ။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက ႏုိင္ငံျခားေရးဝန္ႀကီးတို႔ ေတြဆံုခဲ့တယ္ဆုိတာကိုေတာ့ ထုိင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက အတည္ျပဳထားပါတယ္။
ထိုင္းႏိုင္ငံမွာလည္း ျမန္မာေက်ာင္းသားေတြ၊ ျမန္မာအလုပ္သမားေတြက စုေပါင္းျပီး ျမန္မာျပည္မွာ စစ္အာဏာသိမ္းတဲ့ေန႔က စလို႔ ေန႔စဥ္နီးပါးဆႏၵျပေနၾကပါတယ္။ ဒီကေန႔မွာေတာ့ ထုိင္းႏိုင္ငံေရာက္ ျမန္မာႏို္င္ငံသားေတြ စုေပါင္းျပီး ထုိင္းလႊတ္ေတာ္ဥကၠ႒ကို အိတ္ဖြင့္ေပးစာေပးပုိ႔ခ့ဲတယ္လို႔ Myanmar commyuity in Thailand အဖဲြ ့က တာ၀န္ရွိသူ ကိုစိုင္းက အခုလိုေျပာသြားပါတယ္။
"ထိုင္းလႊတ္ေတာ္ဥကၠ႒ႀကီး ခြ်မ္လီပိုင္ကို အိတ္ဖြင့္ေပးစာေပးပုိ႔ခဲ့ပါတယ္။ က်ေနာ္တို႔ ရည္ရြယ္ခ်က္ကေတာ့ ျမန္မာျပည္သူေတြဟာ ဒီကိစၥကို လံုး၀လက္မခံဘူး။ အာဏာသိမ္းထားတာကို လက္မခံဘူး။ က်ေနာ္တို႔ အစိုးရကုိ အာဏာလဲႊေျပာင္းေပးပါ။ ေတာင္းဆိုခဲ့ပါတယ္။ ထုိင္းနဲ႔ ျမန္မာခ်စ္ၾကည္ေရးအရ ထုိင္းနဲ႔ ျမန္မာ ျပည္သူအခ်င္းခ်င္း ေရရွည္တည္တံ့တဲ့ ဆက္ဆံေရးမ်ိဳးကို လိုခ်င္တယ္။ စစ္အစိုးရဘက္က မလိုက္ဘဲ က်ေနာ္တို႔ရဲ ့ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ ဆက္ဆံေပးပါေပါ့ေနာ္။ ႏိုင္ငံတကာဆက္ဆံေရး ေဒသတြင္း ႏိုင္ငံေရးအရ သူတို႔ စကားေျပာတာကို လက္ခံေပးတယ္။ ဒါေပမဲ့ အသိမွတ္ျပဳမႈ၊ တရား၀င္ျဖစ္ေစမႈ အဲဒါေတြကုိေတာ့ က်ေနာ္တို႔ လက္ခံေပးလို႔ မရဘူး။"
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီက တာ၀န္ရွိသူ တဦးကုိ ထုိင္းႏို္င္ငံက ပထမဦးဆံုး အသိမွတ္ျပဳေတြ႔ဆံုခဲ့တာနဲ႔ ပတ္သက္လုိ႔ ထုိင္းအတိုက္အခံေတြနဲ႔ ထုိင္းမီဒီယာေတြၾကားမွာေတာ့ ဒီေတြ႔ဆံုမႈကုိ ျပင္းျပင္းထန္ထန္ေဝဖန္ေနၾကပါတယ္။
[Unicode Version]
ထိုင်းဝန်ကြီးချုပ် မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံ
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံကိုလာရောက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မှာ လာရောက်တွေ့ဆုံခဲ့တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်မောင်း လေဆိပ် အမှတ်(၆) လေတပ်စခန်းကို ရောက်ရှိလာပြီး နေ့လယ်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ကျန်အိုချာနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ရှင်းပြဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြတာပါ။
တနာရီခန့် ဆွေးနွေးပွဲအပြီး သတင်းထောက်တွေရဲ့ အမေးကို ထိုင်းဝန်ကြီးချုပ်က အခုလို ပြောဆိုသွားပါတယ်။
"ကျနော်တို့အနေနဲ့ကတော့ အာဆီယံနိုင်ငံတွေ ပူးပေါင်း လုပ်ဆောင်မှု မူအရတော့ လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို လက်ခံ နားထောင်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရေးမှု မူအရ အတတ်နိုင်ဆုံး နိုင်ငံရေးပြဿနာတွေကို ပြန်လည်အောင်ဖြေရှင်းနိုင်အောင်ကူညီရမှာ ဖြစ်ပါတယ်။" ဆိုပြီးထိုင်းဘာသာနဲ့ပြောသွားတာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးတို့ တွေဆုံခဲ့တယ်ဆိုတာကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အတည်ပြုထားပါတယ်။
ထိုင်းနိုင်ငံမှာလည်း မြန်မာကျောင်းသားတွေ၊ မြန်မာအလုပ်သမားတွေက စုပေါင်းပြီး မြန်မာပြည်မှာ စစ်အာဏာသိမ်းတဲ့နေ့က စလို့ နေ့စဉ်နီးပါးဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ထိုင်းလွှတ်တော်ဥက္ကဋ္ဌကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ Myanmar commyuity in Thailand အဖွဲ့က တာဝန်ရှိသူ ကိုစိုင်းက အခုလိုပြောသွားပါတယ်။
"ထိုင်းလွှတ်တော်ဥက္ကဋ္ဌကြီး ချွမ်လီပိုင်ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေဟာ ဒီကိစ္စကို လုံးဝလက်မခံဘူး။ အာဏာသိမ်းထားတာကို လက်မခံဘူး။ ကျနော်တို့ အစိုးရကို အာဏာလွဲှပြောင်းပေးပါ။ တောင်းဆိုခဲ့ပါတယ်။ ထိုင်းနဲ့ မြန်မာချစ်ကြည်ရေးအရ ထိုင်းနဲ့ မြန်မာ ပြည်သူအချင်းချင်း ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးမျိုးကို လိုချင်တယ်။ စစ်အစိုးရဘက်က မလိုက်ဘဲ ကျနော်တို့ရဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ဆက်ဆံပေးပါပေါ့နော်။ နိုင်ငံတကာဆက်ဆံရေး ဒေသတွင်း နိုင်ငံရေးအရ သူတို့ စကားပြောတာကို လက်ခံပေးတယ်။ ဒါပေမဲ့ အသိမှတ်ပြုမှု၊ တရားဝင်ဖြစ်စေမှု အဲဒါတွေကိုတော့ ကျနော်တို့ လက်ခံပေးလို့ မရဘူး။"
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူ တဦးကို ထိုင်းနိုင်ငံက ပထမဦးဆုံး အသိမှတ်ပြုတွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းအတိုက်အခံတွေနဲ့ ထိုင်းမီဒီယာတွေကြားမှာတော့ဒီတွေ့ဆုံမှုကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။