သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန္ဒပြပွဲဆိုင်ရာ ကျန်းမာရေးအကြံပြုချက်


A protester flash the three-fingered salute during an anti-coup protest outside the Hledan Centre in Yangon, Myanmar, Sunday, Feb. 21, 2021. Police in Myanmar shot dead at least a few anti-coup protesters and injured several others on Saturday as security forces increased pressur
A protester flash the three-fingered salute during an anti-coup protest outside the Hledan Centre in Yangon, Myanmar, Sunday, Feb. 21, 2021. Police in Myanmar shot dead at least a few anti-coup protesters and injured several others on Saturday as security forces increased pressur
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံတဝှမ်း စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း ထိခိုက်ဒဏ်ရာတွေအပြင်၊ အခြားကျန်းမာရေးဆိုင်ရာ စိုးရိမ်ရတဲ့ ကြိုတင်သတိပြုစရာတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

Civil Disobedience Movement (CDM) အကြမ်းမဖက်ဘဲ စစ်တပ်ရဲ့ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ရေး ဆန္ဒပြသူတွေအနေနဲ့၊ အာဏာပိုင်တွေဘက်က ရေအမြှောက်၊ သေနတ်နဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာအတွက် ကာကွယ်ရေးအပြင်၊ လေးခွနဲ့ပစ်တာမျိုးကနေလည်း ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ ရဲနဲ့စစ်သားတွေမှာ ဒိုင်းအကာအရံတွေ ရှိပေမယ့်၊ မိမိတို့ဘက်မှာ အလားတူ မကာကွယ်နိုင်တာကြောင့်၊ အတင့်ရဲပြီး ထိပ်တိုက်တိုးတာ၊ လေးခွနဲ့ ပြန်ပစ်တာမလုပ်ဘဲ၊ ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး၊ ကျောပိုးအိပ်တွေနဲ့ အကာအကွယ် တတ်နိုင်သမျှယူကာ၊ ဝမ်းယားမှောက်လှဲချ ကာကွယ်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် တုတ်၊ ဒါး လက်နက်မျိုးတွေ ဖုံးကွယ်ယူဆောင်လာပြီး အတင်းတိုးဝင် ထိုးနှက်တိုက်ခိုက်လာနိုင်တဲ့ သံသယဖြစ်စရာ လူမျိုးတွေကိုလည်း အထူးသတိနဲ့ ကြိုရှောင်ထားပြီး၊ ကိုယ့်အစုနဲ့ကိုယ် စုပြီးနေသင့်ပါတယ်။

ဒါ့အပြင် လူအုပ်ကြီးထဲ ရုန်းရင်းဆန်ခတ်ဖြစ် ပြေးလွှားပြုံတိုးတာကြောင့် လူချင်းပိမိတာ၊ နင်းမိတာကနေ ကာကွယ်နိုင်ဖို့လည်း ကြိုပြင်ထားသင့်ပါတယ်။ တစ်ခုခုရုတ်တရက် ဖြစ်လာပါက လူအုပ်နဲ့အတင်း တပြုံတည်းထွက်ပြေးတာမျိုး မဟုတ်ဘဲ၊ အစုလိုက် ခွဲထွက်ရှောင်တိမ်းနိုင်ဖို့ ကြိုပြင်ထားတာ၊ စစချင်း ထိုင်ချ၊ လှဲချ၊ ဝပ်ချပြီးမှ အန္တရာယ်ကင်းရာကို တဖြည်းဖြည်း ရွှေ့တာတွေမျိုး လုပ်နိုင်ပါတယ်။ အထူးသဖြင့် လှေခါးထစ်မျိုးမှာ ရှိနေသူတွေ၊ တစောင်းနေရာမျိုးမှာ ရှိနေသူတွေအနေနဲ့၊ လူအုပ် လဲကျ၊ ချော်ကျ၊ ပြိုကျလာတာမျိုး ဖြစ်မှာကို၊ ပိုသတိထား ပြင်ဆင်ထားသင့်ပါတယ်။ အစုလိုက် ခွဲထွက်နိုင်ဖို့ သီးသန့်လမ်းကြောင်း ကြိုရွေးထားဖို့၊ အန္တရာယ်ပိုရှိနိုင်တဲ့ ပိုငယ်ရွယ်သူ၊ ပိုအသက်ကြီးသူနဲ့ အမျိုးသမီးတွေကို ဦးစားပေး သီးသန့်နေရာတွေမှာထားပြီး ကူပေးဖို့၊ လိုအပ်လာလျှင် ဆက်သွယ်ဖို့ နံပါတ်တွေလည်း ရှိထားဖို့ ကြိုပြင်ထားသင့်ပါတယ်။ ဒါ့အပြင် လူအုပ်ထဲ မွန်းကြပ်ပြီး အောက်ဆီဂျင် ငတ်မူးလဲတာမဖြစ်အောင်လည်း ကြိုသတိထားပြီး၊ နေထိုင်မကောင်းလျှင်တော့ ဝင်ဆန္ဒမပြသင့်ပါဘူး။ မိမိအိမ်ကနေပဲ အခြားနည်းတွေ (ဥပမာ သံပုံးတီးတာ၊ အလုပ်မဆင်းတာ) နဲ့ ဆန္ဒထုတ်ဖော်နိုင်ပါတယ်။

နောက်တစ်ခုက အစားအသောက်လည်း အချိန်မှန် ကြိုတင်စားထားတာ၊ အသင့်ပြင်ဆင်ထားတာတွေ လုပ်ထားသင့်ပါတယ်။ အကြောင်းက အော်ဟစ်ဆန္ဒပြရင်း အစာ၊ရေနဲ့ဓာတ်ဆား သကြားဓာတ်တွေ ခမ်းခြောက်ပြီး၊ ကြွက်တက်တာ၊ မူးမေ့လဲတာတွေ ဖြစ်မှာလည်း စိုးရိမ်ရလို့ပါ။ လမ်းမှာလူဒါန်းတဲ့ ဓာတ်ဆားနဲ့ အချိုရည်တွေလည်း ဆောင်ထားပြီး၊ ပုံမှန် တစ်ငုံချင်း သောက်ပေးသင့်ပါတယ်။ ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိလျှင်လည်း ယူဆောင်လာပြီး အချိန်မှန်သောက်ဖို့လိုပါတယ်။ အပေါ့အပါးသွားဖို့အတွက်လည်း ကြိုသွားထားတာ၊ လိုသလို အနားကအိမ်တွေမှာ အကူအညီတောင်းတာတွေ လုပ်ဆောင်သင့်ပါတယ်။ ဒီနေရာမှာ ပစ်ခတ်မူဖြစ်လာလျှင်လည်း ချက်ချင်း ထိုင်ချ၊ လှဲချလိုက်ပြီးမှ အန္တရာယ်ကင်းနိုင်တဲ့နေရာကို တဖြည်းဖြည်းရွှေ့ယူကာ၊ အနီးဆုံးက အိမ်တွေကိုဝင်ပြီး ပုန်းအောင်းဖို့ အကူအညီတောင်းသင့်ပါတယ်။ အနီးအနားက အိမ်တွေကလည်း သားသမီးချင်းစာနာပြီး ကူညီပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ရပ်ရွာအိမ်ခြေနဲ့ ဝေးတဲ့နေရာမျိုးမှာ၊ ကွင်းပြင်ကြီးမျိုးမှာ၊ ပိတ်မိခံရတဲ့အနေအထားမျိုး မရောက်မိအောင်တော့ ကြိုတင်ရှောင်ကွင်းထားသင့်ပါတယ်။ ရက်ပိုင်းအတွင်း မပြီးနိုင်တဲ့ ဒီ CDM ဆန္ဒပြပွဲမှာ၊ ရေရှည်ဆက်တောင့်နိုင်ဖို့ အိပ်ရေးဝဝအိပ်၊ ကောင်းကောင်းစားသောက်ကာ ကိုယ်ခံအားဖြည့်ထားပြီး၊ ပေါ်လာနိုင်တဲ့ အန္တရာယ်မျိုးစုံကိုလည်း ကြိုတွက်သတိထားပြီး၊ အတင့်မရဲဘဲ ဆက်စောင့်ကြည့် ရှောင်ရှားကာကွယ်သွားသင့်ပါတယ်။

ဒီအကြောင်းအရာကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ ဒုဥက္ကဌ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

===Unicode ===







XS
SM
MD
LG