သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္း ျမန္မာႏုိင္ငံမွာ ဘဏ္လုပ္ငန္း အခက္ႀကံဳ


(Zawgyi/ Unicode)


ျမန္မာ့ စစ္အာဏာသိမ္း ဆႏၵျပပြဲေတြမွာ ဘဏ္၀န္ထမ္းေတြလည္း ထဲထဲ၀င္၀င္ ပါ၀င္ လႈပ္ရွားလာတာေၾကာင့္ ဘဏ္လုပ္ငန္းေတြ တုံ႔ဆိုင္းသြားပါတယ္။ စီးပြားေရး သမားေတြၾကားမွာလည္း အီလက္ထေရာနစ္ ဘဏ္ စနစ္နဲ႔ ေငြအလႊဲအေျပာင္းကို မယံုၾကည္သူေတြ ရွိလာ သလို ေရႊနဲ႔ ေဒၚလာ အ၀ယ္လုိက္ေနတယ္လို႔ စီးပြားေရး အ၀န္းအ၀ိုင္းက ေျပာပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

စစ္အာဏာသိမ္းတဲ႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ဘဏ္ေတြ ပိတ္ေၾကာင္း ေၾကညာခဲ႔ၿပီး ေနာက္ပိုင္း ရက္ေတြမွာ အကန္႔အသတ္နဲ႔ ေငြျပန္ထုတ္ေပးခဲ႔ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဘဏ္၀န္ထမ္းေတြကလည္း အလုပ္မဆင္းဘဲ ဆႏၵျပၾကတာေၾကာင့္ ႏုိင္ငံတ၀န္း ဘဏ္ အမ်ားစု မဖြင့္ႏုိင္ပါဘူး။ အမ်ားစုကေတာ့ ATM ေငြထုတ္စက္ေတြမွာ တန္းစီၿပီး ေငြထုတ္ေနၾကရပါတယ္။ ရန္ကုန္ၿမိဳ႕က သတင္းသမား ကိုေနလင္းေအာင္က ရန္ကုန္မွာ ATM က ေငြထုတ္တာမွာ လူတန္းရွည္ႀကီးနဲ႔ တန္းစီရသလို ေငြမရွိတဲ႔ ATM ေတြလည္း ရွိတယ္လို႔ ေျပာပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ႏုိင္ငံတ၀န္း ဆန္႔က်င္ ဆႏၵျပပြဲေတြနဲ႔ ႏုိင္ငံေရး မတည္ၿငိမ္မႈက ပုဂၢလိက စီးပြားေရး လုပ္ငန္းေတြက ၀န္ထမ္းေတြကိုလည္း ထိခိုက္ပါတယ္။ မႏၱေလးက လုပ္ငန္းရွင္ တဦး ျဖစ္တဲ႔ မစုမြန္တိုးကေတာ့ ျမန္မာ က်ပ္ေငြတန္ဖိုးက်မွာကို စိုးရိမ္ေနၾကတဲ႔ အတြက္ အမ်ားစုက ေရႊနဲ႔ ေဒၚလာ ၀ယ္ေနၾကတယ္လို႔ ေျပာပါတယ္။ တခ်ိန္တည္းမွာဘဲ စက္သံုးဆီ မေလာက္ငမႈကိုလည္း စၿပီး ရင္ဆိုင္ေနရပါၿပီ။

ျမန္မာေငြေစ်းက်တာေၾကာင့္ ျပည္ပက စက္သံုးဆီ တင္သြင္းမႈ ရပ္ထားေၾကာင္း ရိုက္တာ သတင္းက ေဖာ္ျပခဲ႔တာပါ။ လက္ရွိ မႏၱေလး ၿမိဳ႕တြင္းမွာ ကားတစီးကို တေသာင္းဖိုဘဲ ေရာင္းေပးေတာ့တယ္လို႔ အေ၀းေျပး ခရီးသည္တင္ ကုန္တင္ကား လုပ္ငန္း လုပ္ကိုင္ေနသူေတြက ေျပာပါတယ္။ ဒီလကုန္ပိုင္းေလာက္ အေရာက္မွာ စက္သံုးဆီ ျပတ္လပ္သြားႏုိင္တဲ႔ အေရးကိုလည္း ကုန္စည္နဲ႔ ခရီးသည္ သယ္ယူပို႔ေဆာင္ေရးပိုင္း လုပ္ငန္းရွင္ေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)


အာဏာသိမ်း မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း အခက်ကြုံ


မြန်မာ့ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေမှာ ဘဏ်ဝန်ထမ်းတွေလည်း ထဲထဲဝင်ဝင် ပါဝင် လှုပ်ရှားလာတာကြောင့် ဘဏ်လုပ်ငန်းတွေ တုံ့ဆိုင်းသွားပါတယ်။ စီးပွားရေး သမားတွေကြားမှာလည်း အီလက်ထရောနစ် ဘဏ် စနစ်နဲ့ ငွေအလွှဲအပြောင်းကို မယုံကြည်သူတွေ ရှိလာ သလို ရွှေနဲ့ ဒေါ်လာ အဝယ်လိုက်နေတယ်လို့ စီးပွားရေး အဝန်းအဝိုင်းက ပြောပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဘဏ်တွေ ပိတ်ကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်း ရက်တွေမှာ အကန့်အသတ်နဲ့ ငွေပြန်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘဏ်ဝန်ထမ်းတွေကလည်း အလုပ်မဆင်းဘဲ ဆန္ဒပြကြတာကြောင့် နိုင်ငံတဝန်း ဘဏ် အများစု မဖွင့်နိုင်ပါဘူး။ အများစုကတော့ ATM ငွေထုတ်စက်တွေမှာ တန်းစီပြီး ငွေထုတ်နေကြရပါတယ်။ ရန်ကုန်မြို့က သတင်းသမား ကိုနေလင်းအောင်က ရန်ကုန်မှာ ATM က ငွေထုတ်တာမှာ လူတန်းရှည်ကြီးနဲ့ တန်းစီရသလို ငွေမရှိတဲ့ ATM တွေလည်း ရှိတယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေက ဝန်ထမ်းတွေကိုလည်း ထိခိုက်ပါတယ်။ မန္တလေးက လုပ်ငန်းရှင် တဦး ဖြစ်တဲ့ မစုမွန်တိုးကတော့ မြန်မာ ကျပ်ငွေတန်ဖိုးကျမှာကို စိုးရိမ်နေကြတဲ့ အတွက် အများစုက ရွှေနဲ့ ဒေါ်လာ ဝယ်နေကြတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာဘဲ စက်သုံးဆီ မလောက်ငမှုကိုလည်း စပြီး ရင်ဆိုင်နေရပါပြီ။ မြန်မာငွေဈေးကျတာကြောင့် ပြည်ပက စက်သုံးဆီ တင်သွင်းမှု ရပ်ထားကြောင်း ရိုက်တာ သတင်းက ဖော်ပြခဲ့တာပါ။

က်ရှိ မန္တလေး မြို့တွင်းမှာ ကားတစီးကို တသောင်းဖိုဘဲ ရောင်းပေးတော့တယ်လို့ အဝေးပြေး ခရီးသည်တင် ကုန်တင်ကား လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဒီလကုန်ပိုင်းလောက် အရောက်မှာ စက်သုံးဆီ ပြတ်လပ်သွားနိုင်တဲ့ အရေးကိုလည်း ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးပိုင်း လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG